ဗဟုသုတ

ယာဉ်မတော်တဆမှု ၇ ကြိမ်မှ သေရာမရောက်ဘဲ လွတ်မြောက်ခဲ့ပြီး ထီဆုကြီးတစ်ခုပါပေါက်ခဲ့တဲ့ ကမ္ဘာ့ကံအကောင်းဆုံးအမျိုးသား

Frane Selakအမည်ရှိအမျိုးသားတစ်ဦးဟာ၁၉၂၉ခုနှစ်၌ ခရိုအေးရှားနိုင်ငံမှာမွေးဖွားခဲ့ပြီး ရထား၊ လေယာဉ်နှင့်ကားအပါအဝင် အမျိုးမျိုးသောယာဉ်မတော်တဆမှု (၇)ကြိမ်မှလွတ်မြောက်ခဲ့သည့်ကမ္ဘာ့ကံအကောင်းဆုံးအမျိုးသားအဖြစ်လူသိများတဲ့ဂီတဆရာတစ်ဦးဖြစ်ပါတယ်။ဇာတ်လမ်းက Sarajevo မြို့မှ Dubrovnik မြို့သို့ ခရီးထွက်နေစဉ် ၁၉၆၂ ခုနှစ်မှာ စတင်ခဲ့ပြီး သူစီးလာတဲ့ ရထားဟာ ပင်လယ်ထဲသို့ ရုတ်တရက် ပျက်ကျသွားခဲ့ပါတယ်။

၎င်းမတော်တဆမှုမှာ လူ ၁၇ ဦး အသက်ဆုံးရှုံးခဲ့ရပေမဲ့လည်း Frane Selak ဟာလက်ကျိုးရုံမျှဖြင့် ကမ်းစပ်သို့ကူးခတ်နိုင်ခဲ့ပြီး အလွန်ပင်ကံကောင်းသွားခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ Zagreb မြို့မှ Rijeka မြို့သို့ ပျံသန်းတဲ့လေယာဉ်တစ်စီးပျက်ကျသွားခဲ့ပြီး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ မစ္စတာ Selak ဟာ ၎င်းလေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့ပေမယ့် ကံကောင်းစွာပဲ လေယာဉ်ပေါ်ကနေ ကောက်ရိုးပုံထဲသို့ပြုတ်ကျသွားခဲ့ပါတယ်။

ထို့နောက် မစ္စတာ Selak ဟာ ဆေးရုံမှာ သတိပြန်ရလာတဲ့အခါ ခန္ဓာကိုယ် အနည်းငယ်မအီမသာဖြစ်သလိုသာခံစားခဲ့ရပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ သူစီးတဲ့ဘတ်စ်ကားက မြစ်ထဲသို့ပျက်ကျခဲ့ရာ လူ ၄ ဦးသေဆုံးပြီး အံ့ဖွယ်နည်းဖြင့် Selak ဟာ ထိခိုက်ဒဏ်ရာမရှိခဲ့ပြန်ပါဘူး။ ထိုနေရာမှာတင် မရပ်ဘဲ ၁၉၇၀ ခုနှစ်မှာ ကားမောင်းနေစဉ်မစ္စတာSelak ရဲ့ကားဟာပေါက်ကွဲသွားခဲ့ပေမဲ့လည်း သူဟာ၎င်းအဖြစ်အပျက်မဖြစ်ခင်မှာ အမြန်ဆုံးတိမ်းရှောင်သွားနိုင်ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာ သူ့ကားမီးလောင်ပြန်ပေမဲ့လည်း အဆိုပါ မတော်တဆမှု နှစ်ခုစလုံးဟာ မစ္စတာ Selak ရဲ့အသက်ကို မနုတ်ယူနိုင်ခဲ့ပါဘူး။ ၁၉၉၅ ခုနှစ်တုန် းကလည်း မစ္စတာ Selak အား ဘတ်စ်ကားဖြင့် တိုက်မိခဲ့ပေမယ့် အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

ထို့နောက် မစ္စတာSelak ဟာနောက် ၁နှစ်အကြာအထိ ကပ်ဘေးကြီးများကြားမှ လွတ်မြောက်ခဲ့တဲ့ ကမ္ဘာပေါ်မှာကံအကောင်းဆုံးလူသားအဖြစ် ကျော်ကြားလာခဲ့ပါတယ်။ ထို့​ပြင် နောက်နှစ်မှာ တောင်ပေါ်လမ်းပေါ်မှာကားမောင်းနေရင်း ထရပ်ကားဖြင့် ဝင်တိုက်မိတာကြောင့် မပေါက်ကွဲခင်မှာ သူ့ကားပေါ်မှ အမြန်ဆုံး ခုန်ဆင်းခဲ့ရပါတယ်။

သေချာတာကတော့ ဘုရားသခင်က သူ့ကို ထပ်မံကာကွယ်ပေးခဲ့ပြီး သေခြင်းတရားကတော့ ဒေါသတကြီးနဲ့ သူ့အနားကနေ ထွက်ခွါသွားခဲ့ရပါတယ်။ ၁၉၆၃ ခုနှစ် လေယာဉ်ပျက်ကျမှုနှင့် ရထားမတော်တဆမှုကဲ့သို့သော မစ္စတာ Selak ရဲ့ ဇာတ်လမ်းတစ်ခုလုံးမှာ ကွဲလွဲမှုများနှင့် အတည်မပြုနိုင်တဲ့အစိတ်အပိုင်းအချို့ရှိနေပေမဲ့လည်း၊

သူကြုံတွေ့ခဲ့ရသည့်အဖြစ်မှန်ကတော့ အသိအမှတ်ပြုစရာပါဘဲ။ မစ္စတာ Selak ဟာ တကယ့်ကို ကံကောင်းတဲ့လူသားပါဘဲဗျာ။ ထို့နောက် မစ္စတာ Selak ဟာ သူ့ရဲ့ရုန်းရင်းဆန်ခတ်ဘဝအတွင်း ကြုံတွေ့ခဲ့ရတဲ့ မတော်တဆမှုတွေအတွက် လျော်ကြေးပေးခံလိုက်ရသလိုပဲ ၂၀၀၀ ခုနှစ်မှာတော့ ကံကောင်းခြင်းနတ်ဘုရားက သူ့ကို ယူရို 600,000 တန်(လက်ရှိငွေလဲနှုန်း) ထီလက်မှတ်ကို ပေးအပ်ခဲ့ပါတယ်။

၎င်းဟာ မစ္စတာ Selak အား ၂၀၁၀ ခုနှစ်မှာ ပြန်လည်မရောင်းချမီ ဇိမ်ခံအိမ်တစ်လုံးကို ဝယ်ယူနိုင်စေခဲ့ပြီး မစ္စတာ Selak ဟာ အသက် ၇၉ နှစ်မှာ ၎င်းရဲ့ ၅ ယောက်မြောက် ဇနီးနှင့်အတူ ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Reference : everytruenews24