Local News

အဘကို လာကယ်ပါနော်…ညဆို အရမ်းအေးတော့ အိပ်မရဘူး

အဘကို လာကယ်ပါနော်…ညဆို အရမ်းအေးတော့ အိပ်မရဘူး 😢😥 အသိ ညီလေးမှ ဖုန်းဆက်ကူညီတောင်းသဖြင့်…ညနေ အားတဲ့ချိန်လေးသွားရောက်ခဲ့တယ် အဘက အသက်(၅၄)နှစ်… လူပျိုကြီး…

အဘကို လာကယ်ပါနော်…ညဆို အရမ်းအေးတော့ အိပ်မရဘူး 😢😥

အသိ ညီလေးမှ ဖုန်းဆက်ကူညီတောင်းသဖြင့်…ညနေ အားတဲ့ချိန်လေး သွားရောက်ခဲ့တယ်

အဘက အသက်(၅၄)နှစ်…

လူပျိုကြီး…

ဇာတိ – မြိတ်ဘက်ကလို့ သိရပါတယ် 🙏🏻

ဆိုင်ကယ်စီးရင်း…Accident ဖြစ်…ဆီးချိုကြောင့် ခြေထောက်ဖြတ်လိုက်ရတယ် 😥

ရန်ကုန်က မသန်စွမ်း ဆေးရုံမှာ ခြေတုလာလုပ်တယ်လို့ သိရပါတယ် 😢

ဆေးရုံမှ တလ ပြန်ချိန်းသောကြောင့်…မြိတ်ပြန်ဖို့လဲ ငွေကြေးခက်ခဲရှိတာလဲ ပါသလို…

ပြန်သွားပြီရင်လဲ…တူမ အိမ်မှာ ကပ်နေရသောကြောင့် အဆင်မပြေ 😢

(တူမတွေကလဲ အမြင်မကြည်ဘူးလို့ ပြောပါတယ်)

ဆေးရုံက လကုန်လောက်မှ ခြေတုရမယ်လို့ ပြောတယ်တဲ့ 😔

ခြေတု မရခင်အချိန်လေးထိ… ဘုန်းကြီးကျောင်းမှာ ခေတ္တ ခဏ တည်းခိုဖို့

ကူညီတောင်းသောလဲ…ဘယ်ကျောင်းကမှ လက်မခံခဲ့ဘူးတဲ့ 😢

ထိုကြောင့် ပြီခဲ့တဲ့ (၂)လတည်းက ကားမှတ်တိုင်မှာ နေ့ကော ညကော နေတယ်တဲ့…

မနက်ဆို လမ်းသွား လမ်းလာတွေ ပေးတာလေးနဲ့ စားတယ်တဲ့ 😢😢

ညဆို ကျနော့်ကို ဆက်သွယ်တဲ့ ညီလေးတို့ အိမ်က ထမင်းကျွေးတယ်တဲ့ 🙏🏻

ညီလေးမှ ညဆို ကားမှတ်တိုင်မှာ အိပ်အိပ်နေတဲ့ အဘကို

မကြည့်ရက်နိုင်တော့လို့…ကျနော့်ဆီ ဆက်သွယ်လာခဲ့ပါတယ် 🙏🏻🙏🏻🙏🏻

ကျနော် သွားရောက်မေးမြန်းကြည့်တော့…

အဘ…ရိပ်သာမှာ နေချင်လား ??

နေချင်တာပေါ့ တူလေးရယ်…အဘမှာ ခိုကိုးရာမဲ့နေရတယ်…😢

အဘ ဘုရားရိပ်…တရားရိပ်အောက်မှာပဲ နေချင်တော့တယ် 🙏🏻

အဘကို ကယ်ပါနော်…ညဆို အရမ်းအေးတော့ အဘ အိပ်မရဘူး…အဘကို လာကယ်နော်…အဘ မျှော်နေမယ်နော်😢😢

ဟုတ်ကဲ့…စိတ်ချပါ…ကျနော် အဘကို ရအောင်ကယ်မှာပါ 😔😔😔

အဘ တူလေး လာတာ မျှော်နေမယ်နော် 😥

ဒီညတော့…အသိ ညီလေးတွေကပဲ စောင့်ရှောက်ပေးထားပြီ…

မနက်ဖြန်တော့…ကျနော့် ဆရာ ဘဘရဲ့ ရွှေသန်လျင် ခိုနားရာ ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးပါမယ် 🙏🏻🙏🏻🙏🏻

နောက်ရက်တွေတော့…အဘ နွေးနွေးထွေးထွေးလေး အိပ်စက်နိုင်ပါပြီ 😔😔😔

•အော…ညဆို ကျနော်တို့ လုံခြုံတဲ့ အိမ်ထဲမှာတောင် အေးနေရတာ…လမ်းဘေးနေတဲ့

အဖိုးအဖွားများဆို ဘယ်လောင်တောင် ချမ်းနေကြရှာမလဲ 😢😢😢

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437

Zawgyi




အဘက အသက်(၅၄)နှစ်…

လူပျိုကြီး…





























☎ 09-5408437