Local News
ကတိအတိုင်း အသုဘသို့ အစိမ်းရောင်ဂါဝန် ပန်းရောင်ခြေအိတ်နှင့်ဖိနပ်ဖြင့်ရောက်လာကာ ကွယ်လွန်သူအချစ်ဆုံးသူငယ်ချင်းအား နှုတ်ဆက်ခဲ့တဲ့ အမျိုးသား
လွန်ခဲ့သည့်နှစ်များက၎င်းတို့ရဲ့ဘဝတစ်လျှောက်လုံးမှာအကောင်းဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့Kevin Elliot နဲ့Barry Delaneyဆိုတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ဦးတို့ဟာ အချင်းချင်း သဘောတူညီမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။
Elliot ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစစ်တပ်ထဲသို့ဝင်သွားတဲ့အခါသူကြုံတွေ့နေရတဲ့အကြောက်တရားများကို ဖြေလျှော့ရန်အတွက်သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Delaney က သူနှင့်အတူ စာချုပ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ပါတယ်။
Delaneyက Elliotသာ တိုက်ပွဲအတွင်း သေဆုံးသွားပါက တောက်ပတဲ့ ခြေအိတ်များပါတဲ့ ဝတ်စုံကိုဝတ်ဆင်မယ်လို့၎င်း၏အချစ်ဆုံးသူငယ်ချင်းကို ပြောကြားခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဟာ တကယ်ဖြစ်လာလိမ့်မယ်လို့ မထင်ဘဲ ၎င်းကတိကို ဟာသသဘောဖြင့်သာ စ‌ေနာက်ခဲ့ကြပါတယ်။
သို့ပေမဲ့ ကံမကောင်းစွာနဲ့ဘဲ Elliot ဟာ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြီး သူ့သူငယ်ချင်းကလည်း၎င်းသဘောတူညီချက်ရဲ့အဆုံးသတ်ကို ဖြည့်ဆည်းပေးရမှာကို သိခဲ့ရပါတယ်။
ထို့နောက် သူငယ်ချင်းဖြစ်သူရဲ့ ဈာပနာပွဲအခမ်းအနားနေ့မှာ Delaney ဟာ အဆင်မပြေသော အကြည့်များစွာကို လက်ခံရရှိခဲ့ပေမဲ့လည်း
ဒါကို သူလုပ်ရမယ့်အကြောင်းတစ်ခုခုရှိနေမယ်လို့သိထားကြတာကြောင့် ဘယ်သူကမှ သူ့ကို မေးခွန်းမထုတ်ခဲ့ကြပါဘူအဲဒီတုန်းက Delaneyက25 နှစ်ဖြစ်ပြီး Elliot က24 နှစ်ဖြစ်ပါတယ်။
Delaneyဟာ Elliot အသက်မထွက်ခင်လေးမှာသူ့သူငယ်ချင်းကြီး ဘယ်လောက်တောင်ကြောက်နေခဲ့မလဲဆိုတာကို တွေးရင်း ဝမ်းနည်းပူဆွေးစွာဖြင့် ငိုကြွေးခဲ့ရပါတယ်။
တကယ်တော့ Black Watch ခြေလျင်တပ်သားတစ်ဦးဖြစ်တဲ့ Elliott ဟာ သူမကွယ်လွန်ခင်က သူဟာအာဖဂန်နစ္စတန်ကနေ ဘယ်တော့မှ ပြန်လာနိုင်မှာမဟုတ်ဘူးလို့ဟု ယုံကြည်နေခဲ့ပါတယ်။
Delaney ဝတ်ခဲ့တဲ့၎င်းဝတ်စုံဟာ အာဖဂန်နစ္စတန်သို့သွားမည်ဖြစ်ကြောင်း ကြေညာပြီးနောက်မှာ အဆိုပါဝတ်စုံဟာ Elloit ရဲ့စိတ်ကူးပဲ ဖြစ်ပါတယ်။
သူငယ်ချင်းများကသူ့ဈာပနအကြောင်းကိုအရွှန်းဖောက်ပြီးအဝတ်အစားကိုတတ်နိုင်သမျှတောက်ပြောင်သင့်သည်ဟုဆိုခဲ့ကြတာကြောင့် Elliotက အစိမ်းရောင်ကိုယ်ကပ်ဂါဝန်နဲ့ ပန်းရောင်ဖိနပ်ကို ရွေးချယ်တာပဲဖြစ်ပါတယ်။
ထိုနေ့မှာ Delaney ဟာ ၎င်းဝတ်စုံကိုဝတ်ပြီး သူ့ကိုယ်သူထိန်းဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သူ့အခင်ဆုံးသူငယ်ချင်းကို သူ့အဝတ်အစား ကြိုက်လားလို့မေးဖို့လုပ်တော့
သူ့အချစ်ဆုံးသူငယ်ချင်းက သူ့အားဘယ်တော့မှ ပြန်မဖြေပေးနိုင်တော့ဘူးဆိုတာကို တွေးရင်း သူငယ်ချင်းရဲ့အုတ်ဂူရှေ့မှာ ဝမ်းနည်းပက်လက်ဖြင့် ဖြေမဆည်နိုင်အောင် ငိုကြွေးနေခဲ့ရပါတယ်။
ဒါဟာ ဝမ်းနည်းစရာကောင်းလှတဲ့ စစ်မှန်တဲ့ချစ်ကြည်ရင်းနှီးမှုရဲ့ကြည်နူးစရာအဖြစ်အပျက်တစ်ခုပါဘဲ။ကြေကွဲစရာကောင်းပေမယ့်ဒီအချစ်ဆုံးသူငယ်ချင်းကောင်းနှစ်ဦးတို့အချင်းချင်းမျှဝေခဲ့ကြတဲ့အမှတ်တရတွေက ထာဝရတည်မြဲနေမှာ အသေအချာပါပဲဗျာ။
Crd
Zawgyi
Delaney ဝတ်ခဲ့တဲ့၎င်းဝတ်စုံဟာ အာဖဂန်နစ္စတန်သို့သွားမည်ဖြစ်ကြောင်း ကြေညာပြီးနောက်မှာ အဆိုပါဝတ်စုံဟာ Elloit ရဲ့စိတ်ကူးဘဲဖြစ်ပါတယ်။ သူငယ်ချင်းများက သူ့ဈာပနအကြောင်းကို အရွှန်းဖောက်ပြီး အဝတ်အစားကို တတ်နိုင်သမျှ တောက်ပြောင်သင့်သည်ဟု ဆိုခဲ့ကြတာကြောင့် Elliot က အစိမ်းရောင်ကိုယ်ကပ်ဂါဝန်နဲ့ ပန်းရောင်ဖိနပ်ကို ရွေးချယ်တာဘဲဖြစ်ပါတယ်။
ထိုနေ့မှာ Delaney ဟာ ၎င်းဝတ်စုံကိုဝတ်ပြီး သူ့ကိုယ်သူ ထိန်းဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သူ့အခင်ဆုံးသူငယ်ချင်းကို သူ့အဝတ်အစား ကြိုက်လားလို့မေးဖို့လုပ်တော့ သူ့အချစ်ဆုံးသူငယ်ချင်းက သူ့အား ဘယ်တော့မှ ပြန်မဖြေပေးနိုင်တော့ဘူးဆိုတာကိုတွေးရင်း သူငယ်ချင်းရဲ့အုတ်ဂူရှေ့မှာ ဝမ်းနည်းပက်လက်ဖြင့် ဖြေမဆယ်နိုင်အောင် ငိုကြွေးနေခဲ့ရပါတယ်။
CRd