Local News

အရိုးမဲ့မိန်းကလေး´လို့ ခေါင်းစဉ်တပ်ခံရတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး

အရိုးမဲ့မိန်းကလေး´လို့ ခေါင်းစဉ်တပ်ခံရတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး။

အသက် ၂၄ နှစ်အရွယ် Marina Mazepa အမည်ရှိ အမျိုးသမီးဟာ ယူကရိန်းမှာမွေးဖွားခဲ့ပြီး အသက် ၅ နှစ်အရွယ်ပတည်းက အကပညာကိုသင်ယူခဲ့ပြီး ထိုအချိန်တွင် သူမရဲ့ခန္ဓာကိုယ်က အလွန်ပျော့ပြောင်းတာကို တွေ့ရှိခဲ့သဖြင့် သူမပိုမိုပျော့ပြောင်းစွာ လေ့ကျင့်ခဲ့ပါတယ် ။

ယခုအချိန်ထိသူမက အံ့မခန်းပြောင်းလွယ်ပြင်လွယ်မှုရှိဒါကြောင့် လူအများကသူမကို “အရိုးမဲ့လူသား” လို့ ခေါ်လေ့ရှိပါတယ် ။

သာမာန်လူများအတွက် သူမဖန်တီးနိုင်တဲ့ပုံစံများကို စိတ်ကူးဖို့ခက်စေပါတယ် ။၂၀၁၆ခုနှစ်မှာသူမက French Talent Search ပြိုင်ပွဲမှာပါဝင်ခဲ့ပြီးနောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပါတယ် ။

၂၀၁၉ ခုနှစ်မှာတော့ သူမက American Talent Searchcompetition မှာ ဆက်လက်ပါဝင်ခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ် ။ ထိုပြိုင်ပွဲများမှတဆင့် သူမက ပိုမိုကျော်ကြားလာပြီး ဒါရိုက်တာများက သတိပြုမိခဲ့ပါတယ် ။

သို့သော်လည်းသူမက အခြားသရုပ်ဆောင်များကဲ့သို့ သရုပ်ဆောင်ရန်ဖိတ်ကြားခြင်းမခံရဘဲ ထိတ်လန့်ရုပ်ရှင်များ၊ အထူးအခန်းကဏ္ဏများတွင် ပါဝင်ရန် အမြဲဖိတ်ကြားခြင်းကို ခံခဲ့ရပါတယ် ။

ယခုအချိန်ထိသူမက “Resident Evil: Welcome to Raccoon City”, “Malignant”, စတဲ့ ရုပ်ရှင်များစွာတွင် ပါဝင်ခဲ့ပါတယ် ။

တစ်ချိန်ကဒါရိုက်တာတစ်ဦးက Marina နဲ့ပတ်သက်ပြီး ‌ဝေမျှခဲ့တာက visual effects တွေကိုသုံးစရာမလိုတော့ဘဲ ”ရုပ်ရှင်တွေမှာ လူအများစုက ဘယ်သူမှမလုပ်နိုင်ဘူးလို့ ထင်တဲ့အရာကို သူမလုပ်နိုင်တယ် ” လို့ ဆိုခဲ့ပါတယ် ။

သူမဟာ ရုပ်ရှင်ထဲမှာပါဝင်ခဲ့ပေမဲ့ သူမမျက်နှာကိုမပြခဲ့ပါ။ဒါပေမဲ့သူမဟာအလွန်လှပပြီး Sexyကျတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပါတယ် ။သူမရဲ့ ကိုယ်ပိုင် Page မှာ သူ့ရဲ့ပုံများက အလွန်ထူးခြားသောကြောင့် netizens များရဲ့ အာရုံစိုက်မှုကိုရခဲ့ပါတယ် ။

ကမ္ဘာပေါ်မှာ အထူးစွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့လူတွေအများကြီးပေမဲ့ ဒီပြောင်းလွယ်ပြင်လွယ်ကောင်မလေးဟာ သူမက ပျော့ပြောင်းလွန်းတဲ့ခန္ဓာကိုယ်ရှိပြီး အမြဲမပြတ်အလေ့အကျင့်လုပ်ရင် အရိုးမရှိတဲ့လူတွေလို ပုံစံမျိုးစုံဖန်တီးနိုင်ပါတယ် ။

Credit

Zawgyi











Credit