ပရိသတ်ကြီးကို အခုတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်း အဖြစ်အပျက်လေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။
အဖြစ်ကတော့ အမျိူးသားတစ်ယောက်ဟာ လမ်းမပေါ်မှာတွေ့ခဲ့တဲ့ အကောင်လေးကို ခွေးလေးထင်ပြီး အိမ်ခေါ်မွေးခဲ့တဲ့ အမျိုးသားကနေ စတယ်လို့ပဲပြောရမှာပါ။
ဘယ်လိုမျိုးတွေဖြစ်ပျက်သွားလဲဆိုတာကတော့ အောက်မှာဆက်ပြီး ဖတ်ပေးပါဦးနော်။ဂျပန်နိုင်ငံသား တစ်ဦးဖြစ်တဲ့ Marcy pm အဝေးပြေးလမ်းမှာ ကားမောင်းနေရင်း ရုတ်တရက် အဖော်မဲ့နေတဲ့ အကောင်လေးတစ်ကောင်ကို တွေ့လိုက်ပါတယ်။
ဒါနဲ့ Marcy ကားကိုရပ်လိုက်ပြီး အကောင်လေးကို ကြည့်လိုက်တော့ ခွေးလေးတစ်ကောင်လို့ထင်ထားသွားပြီး အိမ်ခေါ်မွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလိုနဲ့သူ့အိမ်မှာခေါ်ပြီး မွေးလိုက်တဲ့ ခွေးလေးအကြောင်းကို Twitter မှာတင်လိုက်ရာက အဖြစ်မှန်ကို သိသွားပါတော့တယ်။
ဒါပေမယ့် Marcy တင်ထားတဲ့ Post အောက်မှာ မန့်ထားတဲ့ Comment ပေါင်းများစွာထဲမှာမှ တစ်ယောက်ကတော့“ ဒါမြေခွေးမဟုတ်ဘူးလားလို့ ”ပြောတော့မှ သူလည်းသတိထားမိသွားပါတော့တယ်။
ဒီလိုနဲ့တိရစ္ဆာန်အကြောင်း နားလည်တတ်ကျွမ်းတဲ့သူဆီ အကောင်လေးကိုပြတော့မှ မြေခွေးအမ ပေါက်စလေးဖြစ်နေမှန်း အတည်ပြုခဲ့လိုက်ရပါတယ်။
Marcy လည်း ဒီမြေခွေးအမလေးကို အိမ်မှာမွေးထားချင်ပေမယ့် ဂျပန်နိုင်ငံရဲ့ဥပဒေအရတောရိုင်းတိရစ္ဆာန်တွေကို အိမ်တွင်းနွေးမြူခွင့်မရှိတာကြောင့် နောက်တစ်နေ့မှာတော့ တောထဲကို ပြန်လွှတ်ရပါတယ်။
လူတော်တော်များများကMarcy ရဲ့စိတ်ဓာတ်ကိုချီးကျူးဂုဏ်ပြုပေးခဲ့ကြပြီးတိရစ္ဆာန်လေးတွေကိုနောက်ပိုင်းမှာလည်းများများကယ်တင်ပေးနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါသေးတယ်။
Credit : Shwe Khit Online TV
Zawgyi
အဖြစ်ကတော့ အမျိုးသားတစ်ယောက်ဟာ လမ်းမပေါ်မှာတွေ့ခဲ့တဲ့ အကောင်လေးကို ခွေးလေးထင်ပြီး အိမ်ခေါ်မွေးခဲ့တဲ့ အမျိုးသားကနေ စတယ်လို့ပဲပြောရမှာပါ။