ဗဟုသုတ

အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် ခပ်ဝေးဝေးမှာ ထားသင့်တဲ့ အစားအစာ (၁၀) မျိုး

အိမ်မှာ ခွေးလေးတွေ ကြောင်လေးတွေ ရှိရင် အစားမှားသွားမှာ အရမ်းစိုးရိမ်ရပါတယ်။ အဲဒါကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေ အနားမှာ မထားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးပါမယ်နော်။

၁။ ပီဇာ

တချို့ပီဇာတွေမှာ ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ မတည့်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချိစ်တွေပါပါတယ်။ ပီဇာမှာအသုံးများတဲ့ ချိစ်တွေကတိရစ္ဆာန်လေးတွေအတွက် အန္တရာယ်ရှိတာကြောင့် သူတို့ကို မကျွေးသင့်ပါဘူး။

၂။ ဆေးဝါးများ

အိမ်သုံးဆေးဝါးတွေကို ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ ဝေးရာမှာ ထားသင့်ပါတယ်။ ဘယ်ဆေးမှာမဆို Tylenolလိုမျိုး acetaminophenတွေပါတာကြောင့် အန္တရာယ်ရှိပါတယ်။ ဆေးတွေက သူတို့ရဲ့အသည်းကိုလည်း ထိခိုက်စေနိုင်တာကြောင့် ခပ်ဝေးဝေးမှာပဲ ထားပါ။

၃။ ချောကလက်၊ ကော်ဖီ

လူသားတွေအတွက် ချောကလက်နဲ့ ကော်ဖီက အရသာရှိပါတယ်။ ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်လေးတွေအတွက်တော့ အရမ်းကို အန္တရာယ်များပါတယ်။ချောကလက်တွေ၊ ကော်ဖီတွေကို စားမိသောက်မိရင် မောတာ၊ အန်တာ၊ အကြောဆွဲတာနဲ့ သေတာအထိ ဖြစ်စေနိုင်ပါတယ်။

၄။ စပျစ်သီးနဲ့ စပျစ်သီးခြောက်

စပျစ်သီး နှစ်လုံးလောက်ကိုတောင် သူတို့ကို ကျွေးလိုက်ရင် ကတုန်ကယင်ဖြစ်တာ၊ အန်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ ထိုင်းမှိုင်းတာတွေ ဖြစ်စေပါတယ်။ လူသားတွေအတွက် စပျစ်သီးနဲ့ စပျစ်သီးခြောက်က စားကောင်းပေမယ့် သူတို့အတွက်တော့ အန္တရာယ် ရှိပါတယ်။

၅။ Alcohol

သင့်ခွေးလေးကိုချစ်ရင် alcoholကို ဝေးဝေးမှာထားဖို့ အရေးကြီးပါတယ်နော်။ Alcohol ကို သူတို့သောက်မိတဲ့အခါလူသားတွေလိုပဲအဆုတ်နဲ့ ကျောက်ကပ်နဲ့ နှလုံးကို ထိခိုက်စေပါတယ်။

၆။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်

ဒီအရာတွေကိုတော့ ခွေးလေးတွေ၊ ကြောင်လေးတွေ မမီနိုင်တဲ့နေရာမှာ ထားပါ။ သူတို့စားမိတဲ့အခါ အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်နိုင်တဲ့အပြင် သွေးနီဥဆဲလ်တွေကိုပါ ထိခိုက်စေပါတယ်။

၇။ ပိုးသတ်ဆေး

ပိုးသတ်ဆေးတွေမှာပါတဲ့ ဓါတုဆေးတွေက ခွေးလေးတွေ၊ ကြောင်လေးတွေအတွက် လေသင်တုန်းဖြတ်တာ၊ ကြာရှည်စွာခံတွင်းပျက်တာ၊ ကြွက်သားအားနည်းတာတွေ ကြုံတွေ့ရစေပါတယ်။

၈။ အကြွေစေ့များ

တစ်ခါတလေမှာ ဇင့်နဲ့လုပ်ထားတဲ့ အကြွေစေ့လေးတွေကို ကြောင်လေးတွေ မျိူချမိတတ်ပါတယ်။ အကြွေစေ့က အစာအိမ်ထဲရောက်သွားရင်ဇင့်ကပျော်ဝင်သွားပြီး သွေးကြောတွေက စုပ်ယူလိုက်ပါတယ်။

အဲဒီကနေ အသည်းမကောင်းတာ၊ ကျောက်ကပ်ပျက်တာနဲ့ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်စေပါတယ်။သင့်ကြောင်လေးကအကြွေစေ့ကို မျိုချမိရင် အန်ခိုင်းတာ၊ ရေသောက်ခိုင်းတာတွေ မလုပ်ဘဲ တိရစ္ဆာန်ဆရာဝန် ဆီကိုသာ ခေါ်သွားပါ။

၉။ အဝတ်လျှော်ဆပ်ပြာ

အဝတ်လျှော်ဆပ်ပြာတွေမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေကို သူတို့လေးတွေ စားမိရင် သွားရည်အရမ်းကျတာ၊ အသက်ရှူကျပ်တာနဲ့အန်တာကို ဖြစ်စေပါတယ်။ အဝတ်လျှော်ဆပ်ပြာတွေမှာပါတဲ့ အနံ့က သူတို့ကြိုက်တဲ့အနံ့ ဖြစ်နေတာကြောင့် အလွယ်တကူ မျိုချတတ်ကြပါတယ်။

၁၀။ အိမ်သန့်ရှင်းရေးသုံး ပစ္စည်းများ

အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေနဲ့ သူတို့ရဲ့ အမွှေးတွေ ထိမိတဲ့အခါ အရေပြားလောင်တာတွေ ဖြစ်နိုင်တဲ့အပြင် မျက်လုံးထဲဝင်ရင်လည်း အန္တရာယ်ရှိစေနိုင်ပါတယ်။ အဲဒါကြောင့် ခပ်ဝေးဝေးမှာပဲ ထားသင့်ပါတယ်။

Zombie (lovemedia)

for zawgyi

အိမ္ေမြးတိရစာၦန္ေလးေတြအတြက္ ခပ္ေဝးေဝးမွာ ထားသင့္တဲ့ အစားအစာ (၁၀) မ်ိဳး

အိမ္မွာ ေခြးေလးေတြ ေၾကာင္ေလးေတြ ရွိရင္ အစားမွားသြားမွာ အရမ္းစိုးရိမ္ရပါတယ္။ အဲဒါေၾကာင့္ အိမ္ေမြးတိရစာၦန္ေလးေတြ အနားမွာ မထားသင့္တဲ့ အစားအစာေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ပီဇာ

တခ်ိဳ႕ပီဇာေတြမွာ ေခြးေလးေတြ၊ ေၾကာင္ေလးေတြနဲ႔ မတည့္တဲ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီနဲ႔ ခ်ိစ္ေတြပါပါတယ္။ ပီဇာမွာ အသုံးမ်ားတဲ့ ခ်ိစ္ေတြကတိရစာၦန္ေလးေတြအတြက္ အႏၲရာယ္ရွိတာေၾကာင့္ သူတို႔ကို မေကြၽးသင့္ပါဘူး။

၂။ ေဆးဝါးမ်ား

အိမ္သုံးေဆးဝါးေတြကို ေခြးေလးေတြ၊ ေၾကာင္ေလးေတြနဲ႔ ေဝးရာမွာ ထားသင့္ပါတယ္။ ဘယ္ေဆးမွာမဆို Tylenol လိုမ်ိဳး acetaminophen ေတြပါတာေၾကာင့္ အႏၲရာယ္ရွိပါတယ္။ ေဆးေတြက သူတို႔ရဲ႕အသည္းကိုလည္း ထိခိုက္ေစႏိုင္တာေၾကာင့္ ခပ္ေဝးေဝးမွာပဲ ထားပါ။

၃။ ေခ်ာကလက္၊ ေကာ္ဖီ

လူသားေတြအတြက္ ေခ်ာကလက္နဲ႔ ေကာ္ဖီက အရသာရွိပါတယ္။ ဒါေပမယ့္ အိမ္ေမြးတိရစာၦန္ေလးေတြအတြက္ေတာ့ အရမ္းကို အႏၲရာယ္မ်ားပါတယ္။ေခ်ာကလက္ေတြ၊ ေကာ္ဖီေတြကို စားမိေသာက္မိရင္ ေမာတာ၊ အန္တာ၊ အေၾကာဆြဲတာနဲ႔ ေသတာအထိ ျဖစ္ေစႏိုင္ပါတယ္။

၄။ စပ်စ္သီးနဲ႔ စပ်စ္သီးေျခာက္

စပ်စ္သီး ႏွစ္လုံးေလာက္ကိုေတာင္ သူတို႔ကို ေကြၽးလိုက္ရင္ ကတုန္ကယင္ျဖစ္တာ၊ အန္တာ၊ ေက်ာက္ကပ္ထိခိုက္တာ၊ထိုင္းမႈိင္းတာေတြ ျဖစ္ေစပါတယ္။ လူသားေတြအတြက္ စပ်စ္သီးနဲ႔ စပ်စ္သီးေျခာက္က စားေကာင္းေပမယ့္ သူတို႔အတြက္ေတာ့ အႏၲရာယ္ ရွိပါတယ္။

၅။ Alcohol

သင့္ေခြးေလးကိုခ်စ္ရင္ alcoholကို ေဝးေဝးမွာထားဖို႔ အေရးႀကီးပါတယ္ေနာ္။ Alcohol ကို သူတို႔ေသာက္မိတဲ့အခါ လူသားေတြလိုပဲ အဆုတ္နဲ႔ ေက်ာက္ကပ္နဲ႔ ႏွလုံးကို ထိခိုက္ေစပါတယ္။

၆။ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္ၿမိတ္

ဒီအရာေတြကိုေတာ့ ေခြးေလးေတြ၊ ေၾကာင္ေလးေတြ မမီႏိုင္တဲ့ေနရာမွာ ထားပါ။ သူတို႔စားမိတဲ့အခါ အစာအိမ္အူလမ္းေၾကာင္းနဲ႔ပတ္သက္ၿပီး ျပႆနာျဖစ္ႏိုင္တဲ့အျပင္ ေသြးနီဥဆဲလ္ေတြကိုပါ ထိခိုက္ေစပါတယ္။

၇။ ပိုးသတ္ေဆး

ပိုးသတ္ေဆးေတြမွာပါတဲ့ ဓါတုေဆးေတြက ေခြးေလးေတြ၊ ေၾကာင္ေလးေတြအတြက္ ေလသင္တုန္းျဖတ္တာ၊ ၾကာရွည္စြာခံတြင္းပ်က္တာ၊ ႂကြက္သားအားနည္းတာေတြ ႀကဳံေတြ႕ရေစပါတယ္။

၈။ အေႂကြေစ့မ်ား

တစ္ခါတေလမွာ ဇင့္နဲ႔လုပ္ထားတဲ့ အေႂကြေစ့ေလးေတြကို ေၾကာင္ေလးေတြ မ်ိဴခ်မိတတ္ပါတယ္။ အေႂကြေစ့က အစာအိမ္ထဲ ေရာက္သြားရင္ ဇင့္က ေပ်ာ္ဝင္သြားၿပီး ေသြးေၾကာေတြက စုပ္ယူလိုက္ပါတယ္။ အဲဒီကေန အသည္းမေကာင္းတာ၊ ေက်ာက္ကပ္ပ်က္တာနဲ႔ ႏွလုံးနဲ႔ပတ္သက္တဲ့ ျပႆနာေတြ ျဖစ္ေစပါတယ္။

သင့္ေၾကာင္ေလးက အေႂကြေစ့ကို မ်ိဳခ်မိရင္ အန္ခိုင္းတာ၊ ေရေသာက္ခိုင္းတာေတြ မလုပ္ဘဲ တိရစာၦန္ဆရာဝန္ ဆီကိုသာ ေခၚသြားပါ။

၉။ အဝတ္ေလွ်ာ္ဆပ္ျပာ

အဝတ္ေလွ်ာ္ဆပ္ျပာေတြမွာ ပါဝင္တဲ့ ဓါတုပစၥည္းေတြကို သူတို႔ေလးေတြ စားမိရင္ သြားရည္အရမ္းက်တာ၊အသက္ရႉက်ပ္တာနဲ႔အန္တာကို ျဖစ္ေစပါတယ္။အဝတ္ေလွ်ာ္ဆပ္ျပာေတြမွာပါတဲ့ အနံ႔က သူတို႔ႀကိဳက္တဲ့အနံ႔ ျဖစ္ေနတာေၾကာင့္ အလြယ္တကူ မ်ိဳခ်တတ္ၾကပါတယ္။

၁၀။ အိမ္သန႔္ရွင္းေရးသုံး ပစၥည္းမ်ား

အိမ္သန႔္ရွင္းေရးသုံး ပစၥည္းေတြနဲ႔ သူတို႔ရဲ႕ အေမႊးေတြ ထိမိတဲ့အခါ အေရျပားေလာင္တာေတြ ျဖစ္ႏိုင္တဲ့အျပင္ မ်က္လုံးထဲဝင္ရင္လည္းအႏၲရာယ္ရွိေစႏိုင္ပါတယ္။ အဲဒါေၾကာင့္ ခပ္ေဝးေဝးမွာပဲ ထားသင့္ပါတယ္။