ျမန္မာႏိုင္ငံမွာ အသက္အႀကီးဆုံးအျဖစ္ ၃ႏွစ္ဆက္တိုက္ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ဘြားသက္ရွည္ ကြယ္လြန္
ျမန္မာႏိုင္ငံမွာ အသက္အႀကီးဆုံးအျဖစ္ ၃ႏွစ္ဆက္တိုက္ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ဘြားသက္ရွည္ေခၚ
အဘြားေဒၚေထြးဟာ ဒီဇင္ဘာ၁၀ရက္ ညေန ၆နာရီမွာ ဘဝတစ္ပါးကို ေျပာင္း
ကြယ္လြန္သြားတယ္လို႔ မိသားစုဝင္ေတြက ေျပာၾကပါတယ္။
“ညေန ၆နာရီေလာက္မွာ ဆုံးပါတယ္။ႏွလုံးေရာဂါ အခံလည္း ရွိတယ္ အဘြားမွာ။ေမာတယ္။
ၾကပ္တယ္။ၿပီးေတာ့ အသက္ဆုံးသြားတယ္။ၾကမ္းၾကမ္းတမ္းတမ္းႀကီးေတာ့
မဟုတ္ေတာ့ ျငင္ျငင္သာသာနဲ႔ ပဲ ဆုံးသြားတာ”လို႔ ေျပာပါတယ္။
အသုဘကို ဒီဇင္ဘာ၁၂ရက္မွာ ျပဳလုပ္မယ္လို႔ မိသားစုဝင္ေတြက ေျပာၾကပါတယ္။
မွတ္ပုံတင္ပါ ေမြးသကၠရာဇ္အရ အဘြားသက္ရွည္ ေဒၚေထြးဟာ ျမန္မာသကၠရာဇ္ ၁၂၅၅ခုႏွစ္
မွာ ေမြးဖြားခဲ့တာေၾကာင့္မွတ္ပုံတင္ပါ အသက္အရ အသက္၁၂၈ႏွစ္ ရွိေနပါတယ္။
ပဲခူးတိုင္းေဒသႀကီး၊ အုတ္ဖိုၿမိဳ႕နယ္၊ ရွမ္း႐ြာအုပ္စု၊ သရက္ပင္ကန္ေက်း႐ြာမွာ ေနထိုင္ခဲ့တဲ့
ဘြားသက္ရွည္ေဒၚေထြးကို ၿပီးခဲ့တဲ့ ၂၀၂၁ ေအာက္တိုဘာလ ၁ရက္ေန႔မွာက်ေရာက္တဲ့
အျပည္ျပည္ဆိုင္ရာသက္ႀကီး႐ြယ္အိုမ်ားေန႔မွာ ႏိုင္ငံေတာ္က ဂုဏ္ျပဳခ်ီးျမႇင့္ေငြ
က်ပ္(၁၀)သိန္း ႏိုင္ငံေတာ္က ခ်ီးျမႇင့္ပူေဇာ္ကန႔္ေတာ့ခဲ့ပါေသးတယ္။
Unicode
မြန်မာနိုင်ငံမှာ အသက်အကြီးဆုံးအဖြစ် ၃နှစ်ဆက်တိုက်ရွေးချယ်ခံခဲ့ရတဲ့ ဘွားသက်ရှည် ကွယ်လွန်
မြန်မာနိုင်ငံမှာ အသက်အကြီးဆုံးအဖြစ် ၃နှစ်ဆက်တိုက်ရွေးချယ်ခံခဲ့ရတဲ့ ဘွားသက်ရှည်ခေါ်
အဘွားဒေါ်ထွေးဟာ ဒီဇင်ဘာ၁၀ရက် ညနေ ၆နာရီမှာ ဘဝတစ်ပါးကို ပြောင်း
ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
“ညနေ ၆နာရီလောက်မှာ ဆုံးပါတယ်။နှလုံးရောဂါ အခံလည်း ရှိတယ် အဘွားမှာ။မောတယ်။
ကြပ်တယ်။ပြီးတော့ အသက်ဆုံးသွားတယ်။ကြမ်းကြမ်းတမ်းတမ်းကြီးတော့
မဟုတ်တော့ ငြင်ငြင်သာသာနဲ့ ပဲ ဆုံးသွားတာ”လို့ ပြောပါတယ်။
အသုဘကို ဒီဇင်ဘာ၁၂ရက်မှာ ပြုလုပ်မယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
မှတ်ပုံတင်ပါ မွေးသက္ကရာဇ်အရ အဘွားသက်ရှည် ဒေါ်ထွေးဟာ မြန်မာသက္ကရာဇ် ၁၂၅၅ခုနှစ်
မှာ မွေးဖွားခဲ့တာကြောင့်မှတ်ပုံတင်ပါ အသက်အရ အသက်၁၂၈နှစ် ရှိနေပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရှမ်းရွာအုပ်စု၊ သရက်ပင်ကန်ကျေးရွာမှာ နေထိုင်ခဲ့တဲ့
ဘွားသက်ရှည်ဒေါ်ထွေးကို ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလ ၁ရက်နေ့မှာကျရောက်တဲ့
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့မှာ နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ငွေ
ကျပ်(၁၀)သိန်း နိုင်ငံတော်က ချီးမြှင့်ပူဇော်ကန့်တော့ခဲ့ပါသေးတယ်။