News

“အသက် (၁၂၈) နှစ်အရွယ် မြန်မာနိုင်ငံမှာ အသက်အကြီးဆုံး အဖွား ဒေါ်ထွေးကွယ်လွန်”

မြန်မာနိုင်ငံမှာအသက်အကြီးဆုံး အဖွားဒေါ်ထွေးကွယ်လွန်

အုတ်ဖို၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၁။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး အဖွားတဦးဖြစ်ည့် အဖွားဒေါ်ထွေးမှာ ယနေ့ညနေပိုင်းက လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

အဖွားဒေါ်ထွေးမှာ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ရှမ်းရွာအုပ်စု၊ သရက်ပင်ကန်ကျေးရွာမှာ နေထိုင်ကာ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ မြန်မာနိုင်ငံတွင်အသက်အကြီးဆုံး အဘွားအဖြစ်၊ ဂုဏ်ပြုခံခဲ့ရပြီး၊ ကွယ်လွန်ချိန်မှာ အသက်(၁၂၈)နှစ်ရှိပြီဖြစ်သည်။

ဓာတ်ပုံ – Ko Tin Ko Oo

#မြေလတ်အသံ





ဓာတ်ပုံ – Ko Tin Ko Oo

#မြေလတ်အသံ