Local News

အပြင်အမြဲထွက်လည်လွန်းတဲ့သားကို ထူးဆန်းတဲ့ဆံပင်ပုံစံအသစ် ညှပ်ပေးခဲ့တဲ့မိခင်

အပြင်အမြဲထွက်လည်လွန်းတဲ့သားကို ထူးဆန်းတဲ့ဆံပင်ပုံစံအသစ် ညှပ်ပေးခဲ့တဲ့မိခင်။

မကြာသေးမီက ဗီယက်နမ်နိုင်ငံ လူမှုကွန်ယက်မှာ “ထူးဆန်းတဲ့ဆံပင်” နဲ့ ကောင်လေးတစ်ယောက်ရဲ့ပုံကြောင့် လူအများကို ရယ်မောစေခဲ့ပါတယ် ။ ဒါဟာသားဖြစ်သူကို ကပ်ရောဂါအတွင်း အပြင်မထွက်အောင်ကာကွယ်ဖို့ အမေရဲ့စိတ်ကူးပါဘဲ ။

အကြောင်းမှာ အသက် ၁၅နှစ်အရွယ်ကောင်လေးက အပြင်ထွက်ခြင်းကို ကန့်သတ်ရန်အမိန့်ရှိသော်လည်း နေ့တိုင်းသူငယ်ချင်းများနဲ့ စုဝေးနေဆဲဖြစ်ပါတယ် ။အိမ်မှာနေတဲ့မိခင်ကသူ့ကလေးနေမကောင်းဖြစ်မှာကိုစိုးရိမ်တာကြောင့်သူ့ကိုရိုက်ပုတ်တာ၊ ဆူပူတာ၊ ခြိမ်းခြောက်တာထက် သူ့သားကိုနီးစပ်ရာ ဆံပင်ညှပ်ဆိုင်ကိုခေါ်သွားပြီး ဆံပင်ညှပ်ဆရာက သူ့ကိုထူးခြားတဲ့ဆံပင်ပုံစံညှပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

ကောင်လေးက ဦးခေါင်းထိပ်ရှိ ဆံပင်အားလုံးကိုရိတ်ခဲ့ပြီး လည်ပင်းနားကဘဲ ချန်ထားပြီး အမွှေးအမျှင်ပါးပါးလေးများသာ ကျန်ခဲ့ပါတယ်။ ထိုဆံပင်ပုံစံကြောင့် ကောင်လေးက အပြင်ထွက်ရန် မရဲဝံ့တော့ဘဲ ကောင်လေးကို ရှက်စေခဲ့ပါတယ် ။

၎င်းဆံပင်ပုံစံအသစ်နဲ့ ကောင်ေလးတစ်ယောက်ရဲ့အကြောင်းဟာ တစ်မိသားစုလုံးအတွက် မမေ့နိုင်တဲ့အမှတ်တရတစ်ခု ဖြစ်လာမှာ သေချာပါတယ် ။

Zawgyi





၎င်းဆံပင်ပုံစံအသစ်နဲ့ ကောင်လေးတစ်ယောက်ရဲ့အကြောင်းဟာ တစ်မိသားစုလုံးအတွက် မမေ့နိုင်တဲ့အမှတ်တရတစ်ခု ဖြစ်လာမှာ သေချာပါတယ် ။