Local News






ရန်ကုန်၊ ဒီဇင်ဘာ ၁၀











Unicode

စစ်တပ်၏ ကျူးလွန်မှုများ အရေးယူခံရမှုမှ ကင်းလွတ်နေမှု အဆုံးသတ်ရေး အရေးကြီးဟုဆို

ဆားလင်းကြီးတွင် ကလေးများအပါအဝင် ပြည်သူ၁၁ ဦးကို အရှင်လတ်လတ် မီးရှို..့သ…တ်..မှု

အမေရိကန်ဒေါသထွက်၊ စစ်တပ်၏ ကျူးလွန်မှုများ အရေးယူခံရမှုမှ ကင်းလွတ်နေမှု အဆုံးသတ်ရေး အရေးကြီးဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးတွင် ကလေးငယ်များအပါအဝင် ပြည်သူ ၁၁ ဦးကို အရှင်လတ်လတ် မီးရှို့..သ…တ်မှု

အပေါ် အမေရိကန်အနေဖြ. ဒေါသထွက်ရပြီး မြန်မာစစ်တပ်ကို အရေးယူခံရမှုမှ ကင်းလွတ်နေခြင်းကို

အဆုံးသတ်ရန် အရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ပြောဆိုလိုက်သည်။

ဒီဇင်ဘာလ ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ၎င်း ကအထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

“မြန်မာစစ်တပ်က ကလေးတွေအပါအဝင် ရွာသား ၁၁ ဦးကို အရှင်….လတ်..လတ် မီး…ရှို့..ခဲ့..တဲ့ သတင်းတွေကြောင့်

ကျနော်တို့ ဒေါသထွက်မိပါတယ်။ စစ်တပ်က ကြောက်မက်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို

ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်ခြင်းအားဖြင့်

စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်ထားမှုအတွက် အရေးယူမခံရဘဲ ကင်းလွတ်နေတာကို အဆုံးသတ်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ကလေးများအပါအဝင်

ပြည်သူ ၁၁ ဦးကို အကြမ်းဖက် စစ်တပ်က မီ…းရှို…့သ..တ်…ဖြတ်ခဲ့ကြောင်း သိရှိရသည်။