Local News

ကုလ လုံၿခဳံေရးေကာင္စီရဲ႕ ထုတ္ျပန္ခ်က္က တစ္ဖက္သတ္ဆန္တယ္ဆိုၿပီး စစ္ေကာင္စီႏိုင္ငံျခားေရး ဝန္ႀကီးဌာနဦးဝဏၰေမာင္လြင္ ကန႔္ကြက္ျပန္

ကုလ လုံၿခဳံေရးေကာင္စီရဲ႕ ထုတ္ျပန္ခ်က္က တစ္ဖက္သတ္ဆန္တယ္ဆိုၿပီး စစ္ေကာင္စီႏိုင္ငံျခားေရး ဝန္ႀကီးဌာနဦးဝဏၰေမာင္လြင္ ကန႔္ကြက္ျပန္

ကုလ လုံၿခဳံေရးေကာင္စီရဲ႕ ထုတ္ျပန္ခ်က္က တစ္ဖက္သတ္ဆန္တယ္ဆိုၿပီး

ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ကန႔္ကြက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဇမၺဴသီရိၿမိဳ႕နယ္ (သီးသန႔္) တရား႐ုံးက အမိန႔္ခ်တာနဲ႔ ပတ္သတ္ၿပီး

ကုလသမဂၢလုံၿခဳံေရးေကာင္စီဥကၠ႒ ႏိုင္ဂ်ာ အၿမဲတမ္းကိုယ္စားလွယ္ Mr. Abdou Abarry က ျမန္မာႏိုင္ငံဆိုင္ရာ

လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ခ်က္ တစ္ရပ္ ကို လည္းေကာင္း၊ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ

မဟာမင္းႀကီး Ms. Michelle Bachelet ၊ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးအေျခအေနဆိုင္ရာ အထူးအစီရင္ခံစာ

တင္သြင္းသူ Mr. Thomas Andrews ႏွင့္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ေျပာေရးဆိုခြင့္ရွိသူ

Mr. Stephane Dujarric တို႔က ကန႔္ကြက္ေၾကာင္းသတင္းထုတ္ျပန္ထားတာ ျဖစ္ပါတယ္၊။

အလားတူ ရန္ကုန္ ၾကည့္ျမင္တိုင္က ဆႏၵျပလူငယ္ေတြကို ကားနဲ႔တိုက္ၿပီး ၿဖိဳခြဲခဲ့တဲ့ ျဖစ္စဥ္ကိုလည္း

ျမန္မာႏိုင္ငံအေျခစိုက္ ႏိုင္ငံျခား သံ႐ုံးမ်ားကလည္း ကန႔္ကြက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္တာမ်ိဳးေတြက

တစ္ဖက္သတ္ဆန္ၿပီး တရား႐ုံးေရွ႕ေမွာက္တြင္ မည္သူမဆို တန္းတူျဖစ္ၿပီး တရားဥပေဒအထက္တြင္ မည္သူမွ်

မရွိဘဲ တရား႐ုံး၏ ဆုံးျဖတ္ခ်က္မ်ားအေပၚ တစ္ဖက္သတ္ ေဝဖန္သုံးသပ္ေနျခင္းမွာ သင့္ေလ်ာ္မႈ

မရွိပါဘူးဆိုကာ ကန႔္ကြက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

သတင္းမွားမ်ားကို အေျခခံသည့္ ထုတ္ျပန္ေၾကညာခ်က္မ်ားကို ႏိုင္ငံျခားေရး ဝန္ႀကီး

ဌာနက ျပင္းထန္စြာ ကန႔္ကြက္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ထားပါတယ္။

ကုလသမဂၢအဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံျခားသံ႐ုံးမ်ားမွ တာဝန္ရွိသူမ်ားအေနျဖင့္ အတည္ မျပဳရေသးေသာ

သတင္းမ်ားအေပၚ တစ္ဖက္သတ္ စြပ္စြဲခ်က္မ်ား ဆက္လက္ မျပဳလုပ္ၾကရန္၊ ကုလသမဂၢ၏

စံႏႈန္းမ်ားႏွင့္ ဗီယင္နာကြန္ဗင္းရွင္းပါ ျပဌာန္းခ်က္မ်ားကို ေလးစားလိုက္နာၾကပါလို႔လည္း ေဖာ္ျပထားပါတယ္။

Unicode

ကုလ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်က တစ်ဖက်သတ်ဆန်တယ်ဆိုပြီး စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဌာနဦးဝဏ္ဏမောင်လွင် ကန့်ကွက်ပြန်

ကုလ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်က တစ်ဖက်သတ်ဆန်တယ်ဆိုပြီး

နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် (သီးသန့်) တရားရုံးက အမိန့်ချတာနဲ့ ပတ်သတ်ပြီး

ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ နိုင်ဂျာ အမြဲတမ်းကိုယ်စားလှယ် Mr. Abdou Abarry က မြန်မာနိုင်ငံဆိုင်ရာ

လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ချက် တစ်ရပ် ကို လည်းကောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ

မဟာမင်းကြီး Ms. Michelle Bachelet ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ

တင်သွင်းသူ Mr. Thomas Andrews နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ

Mr. Stephane Dujarric တို့က ကန့်ကွက်ကြောင်းသတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်၊။

အလားတူ ရန်ကုန် ကြည့်မြင်တိုင်က ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်ပြီး ဖြိုခွဲခဲ့တဲ့ ဖြစ်စဉ်ကိုလည်း

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများကလည်း ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်တာမျိုးတွေက

တစ်ဖက်သတ်ဆန်ပြီး တရားရုံးရှေ့မှောက်တွင် မည်သူမဆို တန်းတူဖြစ်ပြီး တရားဥပဒေအထက်တွင် မည်သူမျှ

မရှိဘဲ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် တစ်ဖက်သတ် ဝေဖန်သုံးသပ်နေခြင်းမှာ သင့်လျော်မှု

မရှိပါဘူးဆိုကာ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

သတင်းမှားများကို အခြေခံသည့် ထုတ်ပြန်ကြေညာချက်များကို နိုင်ငံခြားရေး ဝန်ကြီး

ဌာနက ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများအနေဖြင့် အတည် မပြုရသေးသော

သတင်းများအပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ ဆက်လက် မပြုလုပ်ကြရန်၊ ကုလသမဂ္ဂ၏

စံနှုန်းများနှင့် ဗီယင်နာကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို လေးစားလိုက်နာကြပါလို့လည်း ဖော်ပြထားပါတယ်။