Local News

” ျပည္သူ ၁၁ ေယာက္ မီးရႈိ႕ အသတ္ခံရမႈ႕အေပၚ ေဒါသထြက္ေနတယ္လို႔ ထုတ္ေျပာလိုက္တဲ့ အေမရိကန္နဲ႔ ကုလသမဂၢ ”

” ျပည္သူ ၁၁ ေယာက္ မီးရႈိ႕ အသတ္ခံရမႈ႕အေပၚ ေဒါသထြက္ေနတယ္လို႔ ထုတ္ေျပာလိုက္တဲ့ အေမရိကန္နဲ႔ ကုလသမဂၢ ”

” ျပည္သူ ၁၁ ေယာက္ မီးရႈိ႕ အသတ္ခံရမႈ႕အေပၚ ေဒါသထြက္ေနတယ္လို႔ ထုတ္ေျပာလိုက္တဲ့ အေမရိကန္နဲ႔ ကုလသမဂၢ ”

ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္းေဒသမွာ ျမန္မာစစ္တပ္က လူ ၁၁ သီးကို အရွင္လတ္လတ္

မီးရႈိ႕သတ္ျဖတ္တယ္ ဆိုတဲ့သတင္းကို အေမရိကန္ျပည္ေထာင္စုက ေဒါသထြက္ေနတယ္လို႔

ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာေရးဆိုခြင့္ရွိသူ Ned Price က ဒီဇင္ဘာ ၉ ရက္ေန႔မွာ ေျပာလိုက္ပါတယ္ ။

” ဒါဟာ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ရက္စက္မႈ႕အျပင္းထန္ဆုံး ခါးသီးတဲ့ လုပ္ရပ္တစ္ခုပါ ” လို႔ ေျပာၾကားထားပါတယ္ ။

စစ္ကိုင္းတိုင္းအတြင္းက လုံးေတာ္ေက်း႐ြာမွာ မီးကြၽမ္းေနတဲ့ အေလာင္းပုံေတြဟာ အဂၤါေန႔က

ျပန႔္ႏွံ႔ခဲ့ပါတယ္ ။ အခင္းျဖစ္ပြားရာကို ကိုယ္တိုင္ေရာက္သြားသူေတြဆီကေန AP သတင္းဌာနကို

ေရာက္လာတဲ့ အေထာက္အထားေတြဟာ အျခားသတင္းဌာနေတြမွာ ရရွိထားတဲ့ အေထာက္အထားေတြနဲ႔ တူညီေနပါတယ္ ။

အဂၤါေန႔ နံနက္ပိုင္းမွာ လုံးေတာ္ေက်း႐ြာကို စစ္လက္နက္ကိုင္ ၅၀ ခန႔္ ဝင္ေရာက္လာပါတယ္ ။

ထြက္ေျပးဖို႔ မစြမ္းႏိုင္သူေတြ ဖမ္းဆီးခဲ့ပါတယ္ ။ ဖမ္းမိသူေတြဟာ တစ္ခါတစ္ရံမွာ ေဒသအလိုက္

ဖြဲ႕စည္းထားတဲ့ ခုခံကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြမဟုတ္ပါဘူး ။

သူတို႔ကို လက္ျပန္ႀကိဳးတုပ္ၿပီး မီးရႈိ႕သတ္ခဲ့တယ္လို႔ မ်က္ျမင္တစ္ဦးက အေထာက္အထားခိုင္လုံစြာနဲ႔

AP သတင္းဌာနကို အသိေပးခဲ့ပါတယ္ ။ စစ္လက္နက္ကိုင္ေတြရဲ႕ လုပ္ရပ္ဟာ အဲ့ဒီေန႔နံနက္ပိုင္းက

စစ္တပ္ယာဥ္တန္းကို မိုင္းဆြဲတိုက္ခိုက္ခဲ့တဲ့အတြက္ ေတြ႕ကရာ ႐ြာသားေတြကို လက္တုံ႔ျပန္တာပါ လို႔ ဆိုပါတယ္ ။

ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူ Stephane Dujarric က လူ ၁၁ ဦး အရွင္လတ္လတ္

မီးရႈိ႕အသတ္ခံရမႈ႕ကို ေျပာၾကားခဲ့ၿပီး အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ ၅ ဦး ပါဝင္ေနတယ္လို႔ အတည္ျပဳပါတယ္ ။

” ဒီလို ရက္စက္ယုတ္မာတဲ့ လုပ္ရပ္အတြက္ ျမန္မာစစ္အာဏာပိုင္ေတြကို တာဝန္ခံဖို႔ ေတာင္းဆိုပါတယ္ ”

” ျမန္မာစစ္တပ္ရဲ႕ အၾကမ္းဖက္မႈ႕ေတြကို ကုလသမဂၢဦးေဆာင္တဲ့ ႏိုင္ငံတကာရဲ႕ တုံ႔ျပန္မႈ႕ကို

ေတာင္းဆိုပါတယ္ “လို႔ ကုလေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားထားတာပါ ။

လုံၿခဳံေရးေကာင္စီဝင္ အဖြဲ႕ဝင္ႏိုင္ငံမ်ားက ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ ေျပာင္းလဲေရး လႈပ္ရွားမႈ႕ကို

က္ေလက္ေထာက္ခံေနေၾကာင္း နဲ႔ ျမန္မာစစ္တပ္ကို လူ႔အခြင့္အေရး

အေျခခံလြတ္လပ္မႈ႕ေတြ ေလးစားလိုက္နာဖို႔ သတိေပးလိုက္ပါတယ္ ။

သုံးသပ္ရရင္ ……၊

အျပစ္မဲ့႐ြာသားေတြကို အရွင္လတ္လတ္ မီးရႈိ႕သတ္လိုက္တာဟာ ေဖေဖာ္ဝါရီ အာဏာသိမ္းမႈ႕ကေန

လက္ရွိအခ်ိန္အထိ အဆိုးဆုံးလုပ္ရပ္လို႔ အေမရိကန္က ေျပာၾကားလိုက္ၿပီး ဒီသတင္းကို ေဒါသထြက္ေနတယ္လို႔

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တရားဝင္ ေျပာၾကားလိုက္တာပါ ။

ေတာ္လွန္ေရးရဲ႕ အေျခအေနဟာ တစ္ဘက္သတ္ ယိမ္းသြားၿပီဆိုတာ စစ္ေကာင္စီဘက္က သိလာပါၿပီ ။ ဘာ့ေၾကာင့္လဲဆိုရင္ ….၊

ကုလသမဂၢရဲ႕ ႏိုင္ငံတကာအသိအမွတ္ျပဳမႈ႕ကို ရယူႏိုင္ဖို႔ စစ္ကိုယ္စားလွယ္ ေအာင္သူရိန္နဲ႔ အစားထိုးဖို႔

ႀကိဳးစားခဲ့ေပမယ့္ ကုလက သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကိုသာ ဆက္လက္ အသိအမွတ္ျပဳထားပါတယ္ ။

ဒါဟာ စစ္အာဏာသိမ္းမႈ႕ နဲ႔ စစ္အစိုးရ ဆိုတဲ့ ကိုယ္စားျပဳမႈ႕ကို ႏိုင္ငံတကာကေန အသိအမွတ္မျပဳဘူးဆိုတဲ့

သေဘာပါ ။ ဒီသေဘာအရ ျမန္မာစစ္တပ္ အဖြဲ႕ဝင္ေတြဟာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕

အစိုးရအေနနဲ႔ ကိုယ္စားျပဳၿပီး အျခားႏိုင္ငံကို သြားလို႔မရပါဘူး ။

ဥပမာအေနနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဝဏၰေမာင္လြင္ သြားခဲ့တဲ့ ကေမာၻဒီးယားမွာ ဝန္ႀကီးခ်ဳပ္က

လက္ခံေတြ႕ဆုံေပမယ့္ အလြတ္တန္း ေတြ႕ဆုံမႈ႕သာ ျဖစ္တဲ့အတြက္ ႏိုင္ငံကိုယ္စားျပဳ အလံေတာ္ မပါဝင္ပါဘူး ။

အျခားထင္ရွားတဲ့ ႏိုင္ငံတကာ အစည္းအေဝးေတြနဲ႔ ကိုယ္စားျပဳသူအျဖစ္ ဘယ္အဖြဲ႕အစည္းကမွ

မဖိတ္ရဲတာဟာ ကုလကိုယ္စားလွယ္ အသိအမွတ္ျပဳမႈ႕ စည္းကမ္းကို မေက်ာ္ရဲလို႔ပါ ။

ဒီလို ႏိုင္ငံတကာရဲ႕ အသိအမွတ္ျပဳမႈ႕ မခံရေလေလ အၾကမ္းဖက္မႈ႕ေတြ တိုးလုပ္ေလေလပါပဲ ။

ဘာ့ေၾကာင့္လဲဆိုေတာ့ ႏိုင္ငံတကာရဲ႕ အသိအမွတ္ျပဳ မခံရျခင္းဟာ သူတို႔ရဲ႕ အာဏာသိမ္းမႈ႕ မေအာင္ျမင္ျခင္းပါ

။ ဒီေတာ့ ” ျပည္သူေတြရဲ႕ ေတာ္လွန္မႈ႕ေတြကို ထိမ္းႏိုင္ေနပါၿပီ ” ”

ျပည္သူေတြဟာ တပ္မေတာ္ရဲ႕ သေဘာထားအမွန္ကို သိျမင္လာပါၿပီ ” ”

တိုင္းျပည္ဟာ ေအးခ်မ္းသာယာေနၿပီး စစ္အစိုးရက လမ္းျပေျမပုံကို အေကာင္အထည္ေဖာ္ေနပါတယ္ ” ”

မၾကာမီကာလမွာ ဒီမိုကေရစီေ႐ြးေကာက္ပြဲ က်င္းပၿပီး စည္းကမ္းရွိတဲ့ ဒီမိုကေရစီႏိုင္ငံျဖစ္ေအာင္

အေကာင္အထည္ေဖာ္ပါေတာ့မယ္ ” ဆိုသလို လုပ္ခဲ့ဘူးတဲ့ လမ္းစဥ္အတိုင္း အေမစုကို တစ္မႈ႕ၿပီးတစ္မႈ႕နဲ႔

သက္တမ္းတိုးၿပီး အခ်ိန္ဆြဲေခၚပါလိမ့္မယ္ ။ ဒီလိုအေျခအေနေတြျဖစ္ဖို႔

ေတာ္လွန္မႈ႕ျပင္းထန္တဲ့ ေဒသေတြကို မလႈပ္ရဲတဲ့အထိ ရက္စက္ျပပါလိမ့္မယ္ ။

သို႔ေပမယ့္ လမ္းေဟာင္းျဖစ္ေနတဲ့ ဒီလမ္းစဥ္ကို ျပည္သူေတြက သိသလို ႏိုင္ငံတကာကလည္း

သိေနတဲ့အတြက္ ျပည္သူကို ရက္စက္ေလေလ ၊ ႀကိဳးစင္နီးေလေလပါပဲ ။ ဒီေန႔ အံ့ၾသစရာေကာင္းတဲ့

စကားတစ္ခြန္းကေတာ့ အေမရိကန္ျပည္ေထာင္စုက ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ကို

ေဒါသထြက္ေနတယ္လို႔ တရားဝင္ ထုတ္ေျပာလိုက္တာပါ ။

ျပည္တြင္းက ေဒါသျဖစ္ေနသလို ျပည္ပက မခံခ်င္တဲ့ႏိုင္ငံေတြ ပါဝင္လာမယ္ဆိုရင္ ပြဲျပတ္ပါၿပီ ။

နယူးေယာက္တိုင္းမ္ သတင္းဌာနကေတာ့ ” ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးၿပီး အၿပီးသတ္ႏိုင္ၿပီလို႔

ထင္ေပမယ့္ ျမန္မာ့ဒီမိုကေရစီ ႀကိဳးပမ္းမႈ႕ကေတာ့ လႈပ္ရွားမႈ႕ ျပင္းထန္လာၿပီး ေအာင္ျမင္ဖို႔

ေမွ်ာ္လင့္ႏိုင္ပါၿပီ ” ဆိုတဲ့ သတင္းေဆာင္းပါးရွည္ႀကီးနဲ႔ တင္ျပထားပါတယ္ ။

ဘႀကီးေအာင္ LA

၁၀ ဒီဇင္ဘာ ၊ ၂၀၂၁

Unicode

” ပြည်သူ ၁၁ ယောက် မီးရှို့ အသတ်ခံရမှု့အပေါ် ဒေါသထွက်နေတယ်လို့ ထုတ်ပြောလိုက်တဲ့ အမေရိကန်နဲ့ ကုလသမဂ္ဂ ”

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်က လူ ၁၁ သီးကို အရှင်လတ်လတ်

မီးရှို့သတ်ဖြတ်တယ် ဆိုတဲ့သတင်းကို အမေရိကန်ပြည်ထောင်စုက ဒေါသထွက်နေတယ်လို့

နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Ned Price က ဒီဇင်ဘာ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ် ။

” ဒါဟာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ရက်စက်မှု့အပြင်းထန်ဆုံး ခါးသီးတဲ့ လုပ်ရပ်တစ်ခုပါ ” လို့ ပြောကြားထားပါတယ် ။

စစ်ကိုင်းတိုင်းအတွင်းက လုံးတော်ကျေးရွာမှာ မီးကျွမ်းနေတဲ့ အလောင်းပုံတွေဟာ အင်္ဂါနေ့က

ပြန့်နှံ့ခဲ့ပါတယ် ။ အခင်းဖြစ်ပွားရာကို ကိုယ်တိုင်ရောက်သွားသူတွေဆီကနေ AP သတင်းဌာနကို

ရောက်လာတဲ့ အထောက်အထားတွေဟာ အခြားသတင်းဌာနတွေမှာ ရရှိထားတဲ့ အထောက်အထားတွေနဲ့ တူညီနေပါတယ် ။

အင်္ဂါနေ့ နံနက်ပိုင်းမှာ လုံးတော်ကျေးရွာကို စစ်လက်နက်ကိုင် ၅၀ ခန့် ဝင်ရောက်လာပါတယ် ။

ထွက်ပြေးဖို့ မစွမ်းနိုင်သူတွေ ဖမ်းဆီးခဲ့ပါတယ် ။ ဖမ်းမိသူတွေဟာ တစ်ခါတစ်ရံမှာ ဒေသအလိုက်

ဖွဲ့စည်းထားတဲ့ ခုခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမဟုတ်ပါဘူး ။

သူတို့ကို လက်ပြန်ကြိုးတုပ်ပြီး မီးရှို့သတ်ခဲ့တယ်လို့ မျက်မြင်တစ်ဦးက အထောက်အထားခိုင်လုံစွာနဲ့

AP သတင်းဌာနကို အသိပေးခဲ့ပါတယ် ။ စစ်လက်နက်ကိုင်တွေရဲ့ လုပ်ရပ်ဟာ အဲ့ဒီနေ့နံနက်ပိုင်းက

စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် တွေ့ကရာ ရွာသားတွေကို လက်တုံ့ပြန်တာပါ လို့ ဆိုပါတယ် ။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က လူ ၁၁ ဦး အရှင်လတ်လတ်

မီးရှို့အသတ်ခံရမှု့ကို ပြောကြားခဲ့ပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ် ၅ ဦး ပါဝင်နေတယ်လို့ အတည်ပြုပါတယ် ။

” ဒီလို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်အတွက် မြန်မာစစ်အာဏာပိုင်တွေကို တာဝန်ခံဖို့ တောင်းဆိုပါတယ် ”

” မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု့တွေကို ကုလသမဂ္ဂဦးဆောင်တဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှု့ကို

တောင်းဆိုပါတယ် “လို့ ကုလပြောရေးဆိုခွင့်ရှိသူက ပြောကြားထားတာပါ ။

လုံခြုံရေးကောင်စီဝင် အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှားမှု့ကို

က်လေက်ထောက်ခံနေကြောင်း နဲ့ မြန်မာစစ်တပ်ကို လူ့အခွင့်အရေး

အခြေခံလွတ်လပ်မှု့တွေ လေးစားလိုက်နာဖို့ သတိပေးလိုက်ပါတယ် ။

သုံးသပ်ရရင် ……၊

အပြစ်မဲ့ရွာသားတွေကို အရှင်လတ်လတ် မီးရှို့သတ်လိုက်တာဟာ ဖေဖော်ဝါရီ အာဏာသိမ်းမှု့ကနေ

လက်ရှိအချိန်အထိ အဆိုးဆုံးလုပ်ရပ်လို့ အမေရိကန်က ပြောကြားလိုက်ပြီး ဒီသတင်းကို ဒေါသထွက်နေတယ်လို့

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ပြောကြားလိုက်တာပါ ။

တော်လှန်ရေးရဲ့ အခြေအနေဟာ တစ်ဘက်သတ် ယိမ်းသွားပြီဆိုတာ စစ်ကောင်စီဘက်က သိလာပါပြီ ။ ဘာ့ကြောင့်လဲဆိုရင် ….၊

ကုလသမဂ္ဂရဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု့ကို ရယူနိုင်ဖို့ စစ်ကိုယ်စားလှယ် အောင်သူရိန်နဲ့ အစားထိုးဖို့

ကြိုးစားခဲ့ပေမယ့် ကုလက သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက် အသိအမှတ်ပြုထားပါတယ် ။

ဒါဟာ စစ်အာဏာသိမ်းမှု့ နဲ့ စစ်အစိုးရ ဆိုတဲ့ ကိုယ်စားပြုမှု့ကို နိုင်ငံတကာကနေ အသိအမှတ်မပြုဘူးဆိုတဲ့

သဘောပါ ။ ဒီသဘောအရ မြန်မာစစ်တပ် အဖွဲ့ဝင်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့

အစိုးရအနေနဲ့ ကိုယ်စားပြုပြီး အခြားနိုင်ငံကို သွားလို့မရပါဘူး ။

ဥပမာအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝဏ္ဏမောင်လွင် သွားခဲ့တဲ့ ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ်က

လက်ခံတွေ့ဆုံပေမယ့် အလွတ်တန်း တွေ့ဆုံမှု့သာ ဖြစ်တဲ့အတွက် နိုင်ငံကိုယ်စားပြု အလံတော် မပါဝင်ပါဘူး ။

အခြားထင်ရှားတဲ့ နိုင်ငံတကာ အစည်းအဝေးတွေနဲ့ ကိုယ်စားပြုသူအဖြစ် ဘယ်အဖွဲ့အစည်းကမှ

မဖိတ်ရဲတာဟာ ကုလကိုယ်စားလှယ် အသိအမှတ်ပြုမှု့ စည်းကမ်းကို မကျော်ရဲလို့ပါ ။

ဒီလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု့ မခံရလေလေ အကြမ်းဖက်မှု့တွေ တိုးလုပ်လေလေပါပဲ ။

ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံတကာရဲ့ အသိအမှတ်ပြု မခံရခြင်းဟာ သူတို့ရဲ့ အာဏာသိမ်းမှု့ မအောင်မြင်ခြင်းပါ

။ ဒီတော့ ” ပြည်သူတွေရဲ့ တော်လှန်မှု့တွေကို ထိမ်းနိုင်နေပါပြီ ” ”

ပြည်သူတွေဟာ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိမြင်လာပါပြီ ” ”

တိုင်းပြည်ဟာ အေးချမ်းသာယာနေပြီး စစ်အစိုးရက လမ်းပြမြေပုံကို အကောင်အထည်ဖော်နေပါတယ် ” ”

မကြာမီကာလမှာ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင်

အကောင်အထည်ဖော်ပါတော့မယ် ” ဆိုသလို လုပ်ခဲ့ဘူးတဲ့ လမ်းစဉ်အတိုင်း အမေစုကို တစ်မှု့ပြီးတစ်မှု့နဲ့

သက်တမ်းတိုးပြီး အချိန်ဆွဲခေါ်ပါလိမ့်မယ် ။ ဒီလိုအခြေအနေတွေဖြစ်ဖို့

တော်လှန်မှု့ပြင်းထန်တဲ့ ဒေသတွေကို မလှုပ်ရဲတဲ့အထိ ရက်စက်ပြပါလိမ့်မယ် ။

သို့ပေမယ့် လမ်းဟောင်းဖြစ်နေတဲ့ ဒီလမ်းစဉ်ကို ပြည်သူတွေက သိသလို နိုင်ငံတကာကလည်း

သိနေတဲ့အတွက် ပြည်သူကို ရက်စက်လေလေ ၊ ကြိုးစင်နီးလေလေပါပဲ ။ ဒီနေ့ အံ့သြစရာကောင်းတဲ့

စကားတစ်ခွန်းကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို

ဒေါသထွက်နေတယ်လို့ တရားဝင် ထုတ်ပြောလိုက်တာပါ ။

ပြည်တွင်းက ဒေါသဖြစ်နေသလို ပြည်ပက မခံချင်တဲ့နိုင်ငံတွေ ပါဝင်လာမယ်ဆိုရင် ပွဲပြတ်ပါပြီ ။

နယူးယောက်တိုင်းမ် သတင်းဌာနကတော့ ” ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အပြီးသတ်နိုင်ပြီလို့

ထင်ပေမယ့် မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းမှု့ကတော့ လှုပ်ရှားမှု့ ပြင်းထန်လာပြီး အောင်မြင်ဖို့

မျှော်လင့်နိုင်ပါပြီ ” ဆိုတဲ့ သတင်းဆောင်းပါးရှည်ကြီးနဲ့ တင်ပြထားပါတယ် ။

ဘကြီးအောင် LA

၁၀ ဒီဇင်ဘာ ၊ ၂၀၂၁