Cele News










Credit

Unicode

ဥပဒေကိုကစားနေကြတဲ့သူတွေကိုဒဲ့ပြောလိုက်တဲ့ဥက္ကာမင်းမောင်

သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ တစ်ချိန်က ဗီဒီယိုခေတ်မှာ ကျော်ကြားခဲ့သူ တစ်ဦးဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေ အသည်းစွဲကြိုက်နှစ်သက် အားပေးရသူတစ်ယောက်ပါပဲ။

ဥက္ကာမင်းမောင်က လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နေလျက်ရှိပြီး အနုပညာအလုပ်တွေနဲ့ အနည်းငယ် အဆက်အသွယ် ပြတ်တောက်နေ လျက်ရှိတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဝေးကွာနေပေမယ့် မြန်မာ့နိုင်ငံရေး အကြောင်းကို အမြဲတမ်း နားစွင့်နေတဲ့ ဥက္ကာမင်းမောင်ဟာ ဒီတစ်ခါမှာလည်း မြန်မာနိုင်ငံက အာဏာရူးတွေအကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

ဥက္ကာမင်းမောင်က”ဥက္ကာမင်းမောင်က၄နှစ်တဲ့ နောက်တော့၂နှစ်တဲ့ ဥပဒေကိုသူတို့လက်ခုပ်ထဲကရေလိုလုပ်ချင်သလိုလုပ်နေကြတဲ့တိုင်းပြည် မိုက်ရိုင်းလိုက်တာ။

အမေစုရောသမ္မတကြီးရောကျန်းမာပါစေ အချုပ်အနှောင်များမှအမြန်ဆုံးလွတ်မြောက်ကြပါစေ စစ်အာဏာရူးများနှင့်အပေါင်းအပါတသိုက်ဝဋ်ပြီး ဝဋ်ငယ်ပြန်လည်ပါစေ

အပြစ်မဲ့ပြည်သူတွေ စစ်တပ်နဲ့ရဲတွေယုတ်မာလူမဆန်မှုကြောင့်အသက်ဆုံးရှုံးရသလိုသူတို့လဲတူသောအကျိုးပြန်ခံစားရပါစေ ရင်ထဲမကောင်းဘူး”ဆိုပြီးရင်နင့်စွာရေးသားလာခဲ့ပါတယ်။

Credit