Local News

အေမရိကန္ႏိုင္ငံသားေတြ မနက္ျဖန္ အျပင္မထြက္ဖို႔ သံ႐ုံးသတိေပး

အေမရိကန္ႏိုင္ငံသားေတြ မနက္ျဖန္ အျပင္မထြက္ဖို႔ သံ႐ုံးသတိေပး

အေမရိကန္ႏိုင္ငံသားေတြ မနက္ျဖန္ အျပင္မထြက္ဖို႔ သံ႐ုံးသတိေပး

ဒီဇင္ဘာလ ၁၀ ရက္ေန႔ မနက္ျဖန္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ျပဳလုပ္မယ့္ အသံတိတ္သပိတ္ေန႔မွာ

ျမန္မာႏိုင္ငံမွာရွိေနတဲ့ အေမရိကန္ႏိုင္ငံသားေတြအားလုံး အျပင္မထြက္ၾကဖို႔နဲ႔ ခရီးသြားလာတာ မလုပ္ဖို႔

အဆင့္ ၄ ရွိတဲ့ သတိေပးခ်က္ကို ဒီေန႔မွာပဲ အေမရိကန္သံ႐ုံးက ထုတ္ျပန္ထားပါတယ္။

သံ႐ုံးအေနနဲ႔ တိက်ေသခ်ာတဲ့ သတင္းအခ်က္အလက္ေတြ မရထားေပမယ့္ ျဖစ္ႏိုင္ေျခရွိတဲ့ စစ္ေကာင္စီအေပၚ

လက္တုံ႔ျပန္မႈေတြနဲ႔ ဆႏၵျပမယ့္ ျပည္သူေတြအေပၚ စစ္ေကာင္စီဘက္က ျပန္လည္ၿဖိဳခြဲႏိုင္တာေတြ ျဖစ္လာ

ႏိုင္တာေၾကာင့္ ေနအိမ္မွာပဲေနၾကဖို႔ အႀကံျပဳတယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

မၾကာေသးခင္ကျဖစ္ေပၚခဲ့တဲ့ ရန္ကုန္ၿမိဳ႕က ေပါက္ကြဲမႈေတြနဲ႔ တိုက္ခိုက္မႈေတြဟာ အေမရိကန္ႏိုင္ငံသားေတြ

အတြက္ ဆိုး႐ြားတဲ့ၿခိမ္းေျခာက္မႈျဖစ္ေနၿပီး အခုထက္လည္း ပိုမ်ားလာႏိုင္တာေၾကာင့္

အမ်ားျပည္သူနဲ႔ဆိုင္တဲ့ ေနရာေတြကို သြားလာတာ ဆင္ျခင္ၾကဖို႔လည္း သတိေပးထားပါတယ္။

ဒါ့အျပင္ ကိုယ္ေရးကိုယ္တာ လုံၿခဳံေရးနဲ႔ဆိုင္တဲ့ အစီအစဥ္ေတြကို ျပန္လည္သုံးသပ္ၿပီး အခ်င္းခ်င္း

အဆက္ အသြယ္မပ်က္ၾကဖို႔နဲ႔ ေဒသတြင္းအေျခအေနေတြကို ေစာင့္ၾကည့္ၾကဖို႔၊ အမိုးအကာ၊

အစားအစာနဲ႔ ေရေတြ လည္း လုံလုံေလာက္ေလာက္ ထားရွိၾကဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

အေရးေပၚ အက်ပ္အတည္းတစ္ခုျဖစ္လာရင္ သံ႐ုံးနဲ႔ အခ်ိန္နဲ႔တေျပးညီ အဆက္သြယ္မရဘဲ ျပတ္ေတာက္ႏိုင္

တာေၾကာင့္ ဆက္သြယ္ေရးအစီအစဥ္ေတြကို ႀကိဳတင္စီစဥ္ထားဖို႔နဲ႔ မိသားစုနဲ႔

အေပါင္းအသင္းေတြကိုလည္း ႀကိဳတင္အႀကံေပးထားဖို႔ စတာေတြလည္း ပါဝင္ပါတယ္။

လက္ရွိထုတ္ျပန္လိုက္တဲ့ အဆင့္ ၄ သတိေပးခ်က္ဟာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ အျမင့္ဆုံး

ထုတ္ျပန္ခ်က္ျဖစ္ၿပီး အေမရိကန္ႏိုင္ငံသားေတြ ျမန္မာႏိုင္ငံကို မသြားၾကဖို႔နဲ႔ အႏၲရာယ္ကင္းတာနဲ႔တၿပိဳင္နက္

ျမန္မာႏိုင္ငံကေန ထြက္ခြာဖို႔ စတဲ့အခ်က္ေတြလည္း ပါဝင္ပါတယ္။

အေရးေပၚအေျခအေနေတြႀကဳံလာရရင္ အေမရိကန္သံ႐ုံးအေနနဲ႔ အကူအညီေပးဖို႔ ကန႔္သတ္ခ်က္ေတြ

ရွိႏိုင္တယ္လို႔လည္း သံ႐ုံးရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္မွာ ထည့္သြင္းသတိေပးထားပါတယ္။

Unicode

အမေရိကန်နိုင်ငံသားတွေ မနက်ဖြန် အပြင်မထွက်ဖို့ သံရုံးသတိပေး

ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ဖြန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် အသံတိတ်သပိတ်နေ့မှာ

မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံး အပြင်မထွက်ကြဖို့နဲ့ ခရီးသွားလာတာ မလုပ်ဖို့

အဆင့် ၄ ရှိတဲ့ သတိပေးချက်ကို ဒီနေ့မှာပဲ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

သံရုံးအနေနဲ့ တိကျသေချာတဲ့ သတင်းအချက်အလက်တွေ မရထားပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ စစ်ကောင်စီအပေါ်

လက်တုံ့ပြန်မှုတွေနဲ့ ဆန္ဒပြမယ့် ပြည်သူတွေအပေါ် စစ်ကောင်စီဘက်က ပြန်လည်ဖြိုခွဲနိုင်တာတွေ ဖြစ်လာ

နိုင်တာကြောင့် နေအိမ်မှာပဲနေကြဖို့ အကြံပြုတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မကြာသေးခင်ကဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်မြို့က ပေါက်ကွဲမှုတွေနဲ့ တိုက်ခိုက်မှုတွေဟာ အမေရိကန်နိုင်ငံသားတွေ

အတွက် ဆိုးရွားတဲ့ခြိမ်းခြောက်မှုဖြစ်နေပြီး အခုထက်လည်း ပိုများလာနိုင်တာကြောင့်

အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို သွားလာတာ ဆင်ခြင်ကြဖို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် ကိုယ်ရေးကိုယ်တာ လုံခြုံရေးနဲ့ဆိုင်တဲ့ အစီအစဉ်တွေကို ပြန်လည်သုံးသပ်ပြီး အချင်းချင်း

အဆက် အသွယ်မပျက်ကြဖို့နဲ့ ဒေသတွင်းအခြေအနေတွေကို စောင့်ကြည့်ကြဖို့၊ အမိုးအကာ၊

အစားအစာနဲ့ ရေတွေ လည်း လုံလုံလောက်လောက် ထားရှိကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အရေးပေါ် အကျပ်အတည်းတစ်ခုဖြစ်လာရင် သံရုံးနဲ့ အချိန်နဲ့တပြေးညီ အဆက်သွယ်မရဘဲ ပြတ်တောက်နိုင်

တာကြောင့် ဆက်သွယ်ရေးအစီအစဉ်တွေကို ကြိုတင်စီစဉ်ထားဖို့နဲ့ မိသားစုနဲ့

အပေါင်းအသင်းတွေကိုလည်း ကြိုတင်အကြံပေးထားဖို့ စတာတွေလည်း ပါဝင်ပါတယ်။

လက်ရှိထုတ်ပြန်လိုက်တဲ့ အဆင့် ၄ သတိပေးချက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြင့်ဆုံး

ထုတ်ပြန်ချက်ဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို မသွားကြဖို့နဲ့ အန္တရာယ်ကင်းတာနဲ့တပြိုင်နက်

မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

အရေးပေါ်အခြေအနေတွေကြုံလာရရင် အမေရိကန်သံရုံးအနေနဲ့ အကူအညီပေးဖို့ ကန့်သတ်ချက်တွေ

ရှိနိုင်တယ်လို့လည်း သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းသတိပေးထားပါတယ်။