Local News

ကမာၻေပၚတြင္ ပထမဦးဆုံးေသာ လူသားတို႔၏ႏႈတ္ခမ္းေမြးျဖင့္ ျပဳလုပ္ဖန္တီးထားေသာ အေနာက္တိုင္းပြဲတက္ဝတ္စုံ

လူသားတို႔အတြက္ အဝတ္အထည္ဟာ မရွိမျဖစ္လိုအပ္ေသာ အသုံးအေဆာင္ပစၥည္းတစ္ခုျဖစ္ေပသည္။ သိုးေမြးမ်ားျဖင့္ျပဳလုပ္ထားေသာ အဝတ္အထည္မ်ားကို လူသားတို႔က ႀကိဳက္ႏွစ္သက္မႈအရွိဆုံးဟုလည္း စစ္တမ္းမ်ားမွတစ္ဆင့္သိရွိခဲ့ရပါတယ္။

ယခုတြင္ေတာ့ ၾသစေတးလ်ႏိုင္ငံမွ Politixဆိုသည့္ အမ်ိဳးသားအဝတ္အထည္မ်ားကို ထုတ္လုပ္သည့္ ကုမၸဏီတစ္ခုဟာ မည္သူမွ် တီထြင္ဖန္တီးျခင္းမရွိသည့္ ဝတ္စုံကို ဖန္တီးခဲ့ပါတယ္။ထိုဝတ္စုံကေတာ့ ႏႈတ္ခမ္းေမြးမ်ားျဖင့္ ေသခ်ာစြာ ရက္လုပ္ထားေသာ ပြဲတက္ဝတ္စုံလည္းျဖစ္ပါတယ္။

Politixကုမၸဏီဟာ ဒီဇိုင္းပညာရွင္ Pamela Kleeman Passiဆိုသူႏွင့္ ပူးေပါင္းတိုင္ပင္ကာ ထုတ္လုပ္ခဲ့ၿပီး Mo-Hairဟုအက်ႌကို အမည္ေပးခဲ့ပါတယ္။ ထိုအက်ႌကို ထုတ္လုပ္မည္ဟု ဆိုခဲ့ေသာအခါ ေဒသေပါင္းမ်ားစြာမွ လူတို႔ဟာ သူတို႔၏ႏႈတ္ခမ္းေမြးေတြကို ေပးပို႔ၿပီး ကူညီခဲ့ၾကတာျဖစ္ပါတယ္။

Unicode

ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော လူသားတို့၏နှုတ်ခမ်းမွေးဖြင့် ပြုလုပ်ဖန်တီးထားသော အနောက်တိုင်းပွဲတက်ဝတ်စုံ

လူသားတို့အတွက် အဝတ်အထည်ဟာမရှိမဖြစ်လိုအပ်သော အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပေသည်။သိုးမွေးများဖြင့်ပြုလုပ်ထားသော အဝတ်အထည်များကို လူသားတို့က ကြိုက်နှစ်သက်မှုအရှိဆုံးဟုလည်း စစ်တမ်းများမှတစ်ဆင့်သိရှိခဲ့ရပါတယ်။

ယခုတွင်တော့ သြစတေးလျနိုင်ငံမှ Politixဆိုသည့် အမျိုးသားအဝတ်အထည်များကို ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဟာမည်သူမျှ တီထွင်ဖန်တီးခြင်းမရှိသည့် ဝတ်စုံကို ဖန်တီးခဲ့ပါတယ်။ထိုဝတ်စုံကတော့ နှုတ်ခမ်းမွေးများဖြင့် သေချာစွာ ရက်လုပ်ထားသော ပွဲတက်ဝတ်စုံလည်းဖြစ်ပါတယ်။

Politixကုမ္ပဏီဟာ ဒီဇိုင်းပညာရှင် Pamela Kleeman Passiဆိုသူနှင့်ပူးပေါင်းတိုင်ပင်ကာထုတ်လုပ်ခဲ့ပြီး Mo-Hairဟုအင်္ကျီကို အမည်ပေးခဲ့ပါတယ်။ထိုအင်္ကျီကို ထုတ်လုပ်မည်ဟု ဆိုခဲ့သောအခါ ဒေသပေါင်းများစွာမှ လူတို့ဟာ သူတို့၏နှုတ်ခမ်းမွေးတွေကို ပေးပို့ပြီး ကူညီခဲ့ကြတာဖြစ်ပါတယ်။

Shoon (Cele Daily)