Local News

လေးလံလွန်းတဲ့ ရေတိုင်ကီတွေကိုထမ်းပိုပြီး မက်စောက်တဲ့တောင်ကုန်းများပေါ် ဖြတ်ကျော်ကာ ဝမ်းစာရှာနေကြရတဲ့ အဘွားအိုများ

လေးလံလွန်းတဲ့ ရေတိုင်ကီတွေကိုထမ်းပိုပြီး မက်စောက်တဲ့တောင်ကုန်းများပေါ် ဖြတ်ကျော်ကာ ဝမ်းစာရှာနေကြရတဲ့ အဘွားအိုများ

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၊ Hà Giang ပြည်နယ်ရှိ တောင်တန်းဒေသတစ်ခုမှာ ၎င်းရဲ့ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သဘာဝရှုခင်းကြောင့် ကျော်ကြားနေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဟနွိုင်းမြို့ နဲ့ အခြားမြောက်ပိုင်းမြို့များမှ မော်တော်ဆိုင်ကယ်ဝါသနာအိုးတွေက မြင်ကွင်းကိုပျော်မွေ့ရန် ၎င်းနေရာကို ရောက်ရှိဖို့အတွက် ကီလိုမီတာရာ နဲ့ ချီ ဖြတ်ကျော်ရပြီး ကြမ်းတမ်းတဲ့ တောင်တန်းလမ်းများကိုပါ ဖြတ်ကျော်ခဲ့ကြရပါတယ်။

မြင်ရသလောက်တော့ လန်းဆန်းနေတဲ့ တောင်တန်းများကို ကြည့်ပြီး လန်းဆန်းဖွယ်‌ကောင်းတဲ့ လေထုကို ရှူသွင်းလိုက်ရတဲ့အခါမှာ ကျွန်ုပ်တို့ဟာ“ ဒီနေရာမှာအမြဲနေခွင့်ရချင်တယ်” ဆိုပြီး ကိုယ့်ကိုယ်ကို စဉ်းစားမိမှာ အမှန်ပါဘဲ။

ဒါပေမယ့်၎င်းဒေသမှာတကယ်နေတဲ့သူတွေအတွက်တော့သူတို့ဘဝအတွက်အမြဲတမ်းရုန်းကန်နေရတာပါဘဲ။ကျွန်ုပ်တို့အတွက်တော့ရေဟာအခြေခံလိုအပ်ချက်များထဲမှ ဇိမ်ခံပစ္စည်းတစ်ခုလို အသုံးပြုနေကြပါတယ်။

၎င်းဒေသကလူတွေအတွက်တော့မရှိရှားပါးတဲ့အရာဖြစ်ပြီးရေတွေကိုလုံလုံလောက်လောက်သုံးနိုင်ရန်လေးလံတဲ့ရေတိုင်ကီများကို မတ်စောက်တဲ့ တောင်ကုန်းများပေါ်သို့ သယ်ဆောင်သွားနေကြတဲ့ သက်ကြီးအမျိုးသမီးများရဲ့ ဓါတ်ပုံကို အင်တာနက်ပေါ်မှာပျံ့နှံ့ခဲ့ပြီး အင်တာနက်အသုံးပြုသူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။

Hang Giang ပြည်နယ်ရှိ ဗန်ချိကျေးရွာက ပြည်သူ့ကော်မတီဥက္ကဌ Mr. TrầnNgọcGiác ဟာ ဒန်ဗစ် နဲ့စကားပြောစဉ် ဤဒေသများရှိလူတွေဟာ ရေတွေကို ‌အလွယ်တကူမရရှိနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။ ဒေသခံများဟာ နေ့စဉ်ရေလုံလောက်စွာနိုင်ရန်အတွက် ၄ င်းတို့ရဲ့နေအိမ်များမှ နာရီများစွာကုန်တဲ့ အကွာအဝေးမှာရှိတဲ့ ရေအရင်းအမြစ် များဆီကို ‌ ရေတိုင်ကီးများနဲ့ သယ်ဆောင်ရပါတယ်။

ဒေသခံများရဲ့ အခြေအနေကို သိသောကြောင့် များစွာသောလှူဒါန်းသူတွေက ၎င်းတို့ကိုကူညီရန် ရေလှောင်ကန် လှူဒါန်းကြပါတယ်။ ဤအရာကိုလှူဒါန်းခြင်းအားဖြင့် ဒေသခံများကို နောက်ပိုင်းမှာ အသုံးပြုရန် မိုးရေသိုလှောင်နိုင်ပြီး ရေအရင်းအမြစ်တစ်ခုကနေ ရှည်လျားတဲ့ လမ်းခရီး ပြဿနာကို သက်သာစေနိုင်ပါတယ်။

သို့သော် ၎င်းဒေသဟာ ဝေးလံခေါင်းဖြားပြီး မောက်စောက်နေတာကြောင့် ကားများမတက်နိုင်ဘဲစုဆောင်းသိုလှောင်ရုံကရေတွေကိုကိုယ်ပိုင်အားနဲ့သယ်ယူနေရပါတယ်။ သူတို့စုဆောင်းထားတဲ့ ရေလှောင်ကန်ထဲမှာ၂၅-၃၀ကီလိုဂရမ်ခန့်သာရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

သက်ကြီးရွယ်အိုအမျိုးသမီးများ အနေဖြင့် မတ်စောက်တဲ့ တောင်ကုန်းများကို တက်ရန်မလွယ်ကူသော်လည်း ဝန်ထုပ်များကိုသူတို့ရဲ့ခွန်အား နဲ့ ခံနိုင်ရည်ရှိနေခဲ့တာကိုက အလွန်ပင် လေးစားမိပါတယ်။

ရလဒ်အနေ နဲ့သင်တတ်နိုင်ရင်လိုအပ်သူများကိုကူညီရန်လက်တွန့်မနေပါနဲ့။ ကြင်နာမှုဟာရိုးရှင်းတဲ့လုပ်ရပ်တစ်ခုဖြစ်တာကြောင့်တစ်စုံတစ်ဦးရဲ့ဘဝကိုပြောင်းလဲပစ်ရန် ကူညီနိုင်ပါတယ်။