ဗဟုသုတ

မြစ်ကြီးလည်း မခမ်းစေနဲ့၊ သစ်ပင်ကြီးလည်း မလဲစေနဲ့၊ ထုံးအိုးကြီးလည်းမကွဲစေနဲ့

မြစ်ကြီးလည်း မခမ်းစေနဲ့၊ သစ်ပင်ကြီးလည်း မလဲစေနဲ့၊ ထုံးအိုးကြီးလည်း မကွဲစေနဲ့ ဆိုတဲ့ ရွှေစကားကြီး သုံးခွန်းရဲ့အဓိပ္ပါယ်

(၁) မြစ်ကြီးလည်းမခမ်းစေနဲ့၊ (၂) သစ်ပင်ကြီးလည်းမလဲစေနဲ့၊ (၃) ထုံးအိုးကြီးလည်းမကွဲစေနဲ့ဆိုတဲ့ ရွှေစကားကြီးသုံးခွန်းကို ကြားတော့ကြားဖူး၏။ သို့သော် စကားသုံးခွန်း၏ အဓိပ္ပါယ်ကို တွင်တွင်ကျယ်ကျယ်သိသူတော့ရှား၏။

ပထမဆုံး “မြစ်ကြီးလည်းမခမ်းစေနဲ့” ဆိုသည့်စကားရဲ့အဓိပ္ပါယ်မှာ ကြည်လင်အေးမြတဲ့တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့တူတဲ့ မေတ္တာတရားများ လူသားတွေမှာမခမ်းခြောက်ပါစေနဲ့လို့ဆိုလိုခြင်းဖြစ်၏။

လူသားအချင်းချင်း ဆွေမျိုးမိတ်သင်္ဂဟအချင်းချင်း မေတ္တာထားပြီးနေထိုင်ကြမယ်။ အားလုံးသော သတ္တဝါအနန္တအပေါ်မှာလည်း မေတ္တာစမ်းရေများမခမ်းခြောက်အောင် အမြဲပွားများပြီးနေထိုင်ကြရပါမယ်။

မြစ်အတွင်းမှာစီးဆင်းနေတဲ့စမ်းရေသည် ကြည်လင်အေးမြတဲ့သဘောရှိသလို သတ္တဝါအားလုံးအပေါ်မှာပွားများနေတဲ့ မေတ္တာဆိုတာလည်းကြည်လင်အေးမြလှ၏။ မေတ္တာပွားများသူရဲ့သန္တာန်မှာ မေတ္တာဓာတ်တွေဝင်ရောက်လာပြီဆိုရင် အဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးသားဟာလဲ တခြားအချိန်မှာဖြစ်နေတဲ့နှလုံးသားနဲ့မတူတော့ဘဲ ကြည်လင်လာ၏။ ဘုရားရှင်က “စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ” လို့မိန့်၏။

စိတ်ကြည်လင်လာပြီဆိုရင်ရုပ်လဲကြည်လင်လာ၏။ အထူးသဖြင့်မေတ္တာအမြဲပွားများနေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဟာသာမန်ပုဂ္ဂိုလ်တွေနဲ့မတူတော့ပါဘူး၊ သတိထားကြည့်ရင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာဆိုတဲ့အကြည်ဓာတ်လေးက သူ့သန္တာန်မှာကိန်းဝပ်နေလို့ပါဘဲ။

ဒုတိယ “သစ်ပင်ကြီးလည်း မလဲစေနဲ့” ဆိုသည့်အထဲက သစ်ပင်ကြီးဆိုတာ ဘုရား၊ တရား၊ သံဃာလို့ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါးကို ဆိုလိုခြင်းဖြစ်၏ ။

ပကတိသစ်ပင်ကြီးသည် အကိုင်းအခက်ဝေဝေဆာဆာလည်းရှိတယ်၊ ပင်စည်ကလဲပြန့်ပွား၊ အရိပ်အာဝါသလည်းကောင်းနေမယ်ဆိုရင် အဲ့ဒီသစ်ပင်ကြီးရဲ့အရိပ်မှာ သတ္တဝါခိုနားနေနိုင်၏။ ထိုသစ်ပင်ရဲ့ အရိပ်အောက်ဝင်လိုက်တာနဲ့တပြိုင်နက်ထဲ ကိုယ်စိတ်နှစ်ပါးအေးချမ်းမှုကိုခံစားရသလိုပါဘဲ။

ရတနာသုံးပါးဆိုတဲ့အရိပ်ဟာလည်းဝင်ရောက်ခိုနားတဲ့သတ္တဝါတိုင်းကိုကိုယ်စိတ်နှစ်ပါးအေးမြမှုကိုအပြည့်အဝပေးနိုင်၏။ဝင်ရောက်ခိုနားတဲ့သူတိုင်းဟာရတနာ သုံးပါးရဲ့အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းသွားတာချည်းပါဘဲ။

ဒါကြောင့် ရှေးလူကြီးသူမများက မိမိကိုအရိပ်အာဝါသပေးနေတဲ့သစ်ပင်ကြီးကို ခုတ်လှဲမမိပါစေနဲ့လို့ပြောဆိုကြခြင်းဖြစ်၏။ ထို့အတူပါဘဲ မိမိတို့နားခိုရာအားထားရာကိုးကွယ်ရာဖြစ်တဲ့ ရတနာသုံးပါးအရိပ်ကိုလည်း မပစ်ပယ်ရဘူးမေမ့ရဘူး။

ဘာကြောင့်လဲ ရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူးဟာ သိပ်ပြီးတော့ကြီးမားလို့ပါဘဲ။ သစ်ပင်ကြီးရဲ့အရိပ်ဟာအေးမြသလို ရတနာသုံးပါး၏အရိပ်ဟာလည်း ပစ္စုပ္ပန်ဘဝသာမကတမလွန်ဘဝအတွက်ပါ ငြိမ်းအေးမှုကိုပေး၏။ ဒါကြောင့်ရတနာသုံးပါးလို့ခေါ်ဆိုရတဲ့သစ်ပင်ကြီးကိုမမေ့ပါနဲ့ အမြဲသတိရပြီး ကိုးကွယ်ဆည်းကပ်ရမည်ဟုဆိုလို၏ ။

နောက်ဆုံးတစ်ခု “ထုံးအိုးကြီးလည်း မကွဲပါစေနဲ့” ဆိုသည်မှာ ထုံးအိုးကြီးဆိုတာ ရှေးကမိဘဘိုးဘွားတွေရဲ့အစဉ်အလာ လုပ်ထုံးလုပ်နည်းကိုပြောတာပါဘဲ။

မိဘဘိုးဘွားတွေရဲ့ယဉ်ကျေးမှုအစဉ်အလာကောင်းများ၊ မိဘဘိုးဘွားတွေပြုခဲ့တဲ့ ဘာသာရေး၊ သာသနာရေးအစဉ်အလာ၊ ကောင်းမြတ်တဲ့ ထုံးတမ်းစဥ်လာတွေ အဆုံးအမတွေ အကျင့်စာရိတ္တတွေအားလုံးကို မဖျက်စီးရဘူး၊ မမေ့ပျောက်ရဘူး၊ အစဉ်လာကိုထိန်းသိမ်းပြီး ဆက်လက်ဆေင်ရွက်ရမယ်။ ဒါကိုဘဲ ထုံးအိုးကြီးမကွဲစေနဲ့ဟု ပြောဆိုခြင်းဖြစ်၏ ။

ဒါကြောင့်… ဗုဒ္ဓဘာသာသူတော်စဉ်ပုဂ္ဂိုလ်များ ရှေးကဆုံးမခဲ့တဲ့ စကားကြီးသုံးခွန်း၏အဓိပ္ပါယ်ကိုနားလည်နိုင်ပါစေ။ နားလည်သည်အားလျော်စွာကျင့်သုံးနိုင်ပါစေ။ ကျင့်သုံးနိုင်သည်အလျောက် ဘာသာ၊ သာသနာကို ထိမ်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။ မိမိကိုယ်ကိုချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေ။

Credit. အရှင်နန္ဒောဘာသ ဓမ္မရောင်စဉ်

(Zawgyi)

မြစ်ကြီးလည်း မခမ်းစေနဲ့၊ သစ်ပင်ကြီးလည်း မလဲစေနဲ့၊ ထုံးအိုးကြီးလည်း မကွဲစေနဲ့ ဆိုတဲ့ ရွှေစကားကြီး သုံးခွန်းရဲ့အဓိပ္ပါယ်

(၁) မြစ်ကြီးလည်းမခမ်းစေနဲ့၊ (၂) သစ်ပင်ကြီးလည်းမလဲစေနဲ့၊ (၃) ထုံးအိုးကြီးလည်းမကွဲစေနဲ့ဆိုတဲ့ ရွှေစကားကြီးသုံးခွန်းကို ကြားတော့ကြားဖူး၏။ သို့သော် စကားသုံးခွန်း၏ အဓိပ္ပါယ်ကို တွင်တွင်ကျယ်ကျယ်သိသူတော့ရှား၏။

ပထမဆုံး “မြစ်ကြီးလည်းမခမ်းစေနဲ့” ဆိုသည့်စကားရဲ့အဓိပ္ပါယ်မှာ ကြည်လင်အေးမြတဲ့တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့တူတဲ့ မေတ္တာတရားများ လူသားတွေမှာမခမ်းခြောက်ပါစေနဲ့လို့ဆိုလိုခြင်းဖြစ်၏။

လူသားအချင်းချင်း ဆွေမျိုးမိတ်သင်္ဂဟအချင်းချင်း မေတ္တာထားပြီးနေထိုင်ကြမယ်။ အားလုံးသော သတ္တဝါအနန္တအပေါ်မှာလည်း မေတ္တာစမ်းရေများမခမ်းခြောက်အောင် အမြဲပွားများပြီးနေထိုင်ကြရပါမယ်။

မြစ်အတွင်းမှာစီးဆင်းနေတဲ့စမ်းရေသည် ကြည်လင်အေးမြတဲ့သဘောရှိသလို သတ္တဝါအားလုံးအပေါ်မှာပွားများနေတဲ့ မေတ္တာဆိုတာလည်းကြည်လင်အေးမြလှ၏။ မေတ္တာပွားများသူရဲ့သန္တာန်မှာ မေတ္တာဓာတ်တွေဝင်ရောက်လာပြီဆိုရင် အဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးသားဟာလဲ တခြားအချိန်မှာဖြစ်နေတဲ့နှလုံးသားနဲ့မတူတော့ဘဲ ကြည်လင်လာ၏။ ဘုရားရှင်က “စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ” လို့မိန့်၏။

စိတ်ကြည်လင်လာပြီဆိုရင်ရုပ်လဲကြည်လင်လာ၏။ အထူးသဖြင့်မေတ္တာအမြဲပွားများနေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဟာသာမန်ပုဂ္ဂိုလ်တွေနဲ့မတူတော့ပါဘူး၊ သတိထားကြည့်ရင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာဆိုတဲ့အကြည်ဓာတ်လေးက သူ့သန္တာန်မှာကိန်းဝပ်နေလို့ပါဘဲ။

ဒုတိယ “သစ်ပင်ကြီးလည်း မလဲစေနဲ့” ဆိုသည့်အထဲက သစ်ပင်ကြီးဆိုတာ ဘုရား၊ တရား၊ သံဃာလို့ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါးကို ဆိုလိုခြင်းဖြစ်၏ ။

ပကတိသစ်ပင်ကြီးသည် အကိုင်းအခက်ဝေဝေဆာဆာလည်းရှိတယ်၊ ပင်စည်ကလဲပြန့်ပွား၊ အရိပ်အာဝါသလည်းကောင်းနေမယ်ဆိုရင် အဲ့ဒီသစ်ပင်ကြီးရဲ့အရိပ်မှာ သတ္တဝါခိုနားနေနိုင်၏။ ထိုသစ်ပင်ရဲ့ အရိပ်အောက်ဝင်လိုက်တာနဲ့တပြိုင်နက်ထဲ ကိုယ်စိတ်နှစ်ပါးအေးချမ်းမှုကိုခံစားရသလိုပါဘဲ။

ရတနာသုံးပါးဆိုတဲ့အရိပ်ဟာလည်းဝင်ရောက်ခိုနားတဲ့သတ္တဝါတိုင်းကိုကိုယ်စိတ်နှစ်ပါးအေးမြမှုကိုအပြည့်အဝပေးနိုင်၏။ဝင်ရောက်ခိုနားတဲ့သူတိုင်းဟာ ရတနာ သုံးပါးရဲ့အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းသွားတာချည်းပါဘဲ။

ဒါကြောင့်ရှေးလူကြီးသူမများက မိမိကိုအရိပ်အာဝါသပေးနေတဲ့သစ်ပင်ကြီးကို ခုတ်လှဲမမိပါစေနဲ့လို့ပြောဆိုကြခြင်းဖြစ်၏။ ထို့အတူပါဘဲ မိမိတို့နားခိုရာအားထားရာကိုးကွယ်ရာဖြစ်တဲ့ ရတနာသုံးပါးအရိပ်ကိုလည်း မပစ်ပယ်ရဘူးမေမ့ရဘူး။

ဘာကြောင့်လဲ ရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူးဟာ သိပ်ပြီးတော့ကြီးမားလို့ပါဘဲ။ သစ်ပင်ကြီးရဲ့အရိပ်ဟာအေးမြသလို ရတနာသုံးပါး၏အရိပ်ဟာလည်း ပစ္စုပ္ပန်ဘဝသာမကတမလွန်ဘဝအတွက်ပါ ငြိမ်းအေးမှုကိုပေး၏။ ဒါကြောင့်ရတနာသုံးပါးလို့ခေါ်ဆိုရတဲ့သစ်ပင်ကြီးကိုမမေ့ပါနဲ့ အမြဲသတိရပြီး ကိုးကွယ်ဆည်းကပ်ရမည်ဟုဆိုလို၏ ။

နောက်ဆုံးတစ်ခု “ထုံးအိုးကြီးလည်း မကွဲပါစေနဲ့” ဆိုသည်မှာ ထုံးအိုးကြီးဆိုတာ ရှေးကမိဘဘိုးဘွားတွေရဲ့အစဉ်အလာ လုပ်ထုံးလုပ်နည်းကိုပြောတာပါဘဲ။

မိဘဘိုးဘွားတွေရဲ့ယဉ်ကျေးမှုအစဉ်အလာကောင်းများ၊ မိဘဘိုးဘွားတွေပြုခဲ့တဲ့ ဘာသာရေး၊ သာသနာရေးအစဉ်အလာ၊ ကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာတွေ အဆုံးအမတွေ အကျင့်စာရိတ္တတွေအားလုံးကို မဖျက်စီးရဘူး၊ မမေ့ပျောက်ရဘူး၊ အစဉ်လာကိုထိန်းသိမ်းပြီး ဆက်လက်ဆေင်ရွက်ရမယ်။ ဒါကိုဘဲ ထုံးအိုးကြီးမကွဲစေနဲ့ဟု ပြောဆိုခြင်းဖြစ်၏ ။