Local News
Unicode
အာဆီယံအစည်းအဝေးတွေမှာ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖိတ်ကြားဖို့ စစ်ကောင်စီ ဥက္ကဌနဲ့ ကမ္ဘောဒီးယား ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေး
အာဆီယံအစည်းအဝေးတွေမှာ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖိတ်ကြားနိုင်ရေးအတွက် စစ်ကောင်စီ
ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
General VONG PISEN တို့ Video Conferencing နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ယင်းကဲ့သို့ တွေ့ဆုံစဉ် ၂၀၂၂ ခုနှစ် မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် (၁၉)
ကြိမ်မြောက် အာဆီယံကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေးအပါအဝင် အာဆီယံဆိုင်ရာ
အစည်းအဝေးများနဲ့ နှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များအတွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်
အရာရှိကြီးများအနေနဲ့ ကိုယ်တိုင်တက်ရောက်နိုင်ရေး ဖိတ်ကြားရေး အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ယင်းအပြင် စစ်ကောင်စီဥက္ကဋ္ဌက ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်မှာ
အာဆီယံနိုင်ငံများရဲ့ ဘုံအကျိုးစီးပွားကို အနှောင်အဖွဲ့ကင်းကင်းဖြင့် ဖော်ဆောင်နိုင်ရေးအတွက်
အာဆီယံပဋိညာဉ်နဲ့အညီ ဆောင်ရွက်နိုင်ဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ကဏ္ဍအသီးသီးမှာ ထိခိုက်ခဲ့ရတဲ့ အခြေအနေ၊
နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ခဲ့တဲ့
အခြေအနေနဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာတွေမှာ ပူးပေါင်း ဆောင်ရွက်ရေးအတွက်
ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်ဖို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ PPT