Local News

အသက်(80)အရွယ်သားဖြစ်သူကိုပြုစုစောင့်ရှောက်လျက်ရှိတဲ့အသက်(98)နှစ်အရွယ်မိခင်တို့ရဲ့ကြည်နူးဖွယ်ပုံရိပ်

Zawgyi အောက်တွင် Unicode ဖြင့်ဖတ်ပါ။




Tom ဟာယခင်တုန်းကဆေးသုတ်သမားအဖြစ်လုပ်တဲ့အပြင်၊အဆောက်ဦးအတွင်းပိုင်းတွေကိုပြုပြင်မွမ်းမံသူတစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်ယခုအသက်ကြီးလာတဲ့အခါမှာ​တော့မိခင်ဖြစ်သူကလဲ Tom နဲ့အတူနေချင်တာကြောင့်ဆိုပီး၊ယခုအခါမိခင် Ada ကလဲသားဖြစ်သူကိုအနီးကပ်ပြုစုစောင့်ရှောက်နေထိုင်လျက်ရှိပါတယ်။



Crd

Unicode

အသက်(80)အရွယ်သားဖြစ်သူကိုပြုစုစောင့်ရှောက်လျက်ရှိတဲ့အသက်(98)နှစ်အရွယ်မိခင်တို့ရဲ့ကြည်နူးဖွယ်ပုံရိပ်

မိဘများရဲ့မေတ္တာဟာတန်ခိုးကြီးမားသလိုဘယ်အရာနဲ့မှတိုင်းတာလို့မရပါဘူး။ထိုနည်းတူယခုတစ်ခေါက်မှာ​တော့မိခင်ရဲ့ ကြီးမားတဲ့မေတ္တာတရားကိုအရွယ်အိုသည်အထိ၊အထူးခံစားခွင့်ရလျက်ရှိသေးတယ်လို့ပြောရမဲ့အသက်(80)အရွယ် Tom ဆိုတဲ့အမျိုးသားဟာ၊အသက်(98)နှစ်အရွယ်မိခင်ရဲ့ကြင်နာမှုဂရုစိုက်မှုတွေကိုရရှိနေဆဲဖြစ်ပါတယ်။

Tom ရဲ့မိခင်ဖြစ်သူ Ada ဟာအသက်(98)နှစ်ရှိပီဖြစ်ပေမဲ့လို့၊ Liverpool မှာနေထိုင်နေတဲ့အသက်(80)အရွယ်သားဖြစ်သူကိုအနီးကပ်စောင့်ရှောက်ဖို့၊သားဖြစ်သူရှိရာဆီကိုသွားပီးပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

Tom ဟာ ယခင်တုန်းက ဆေးသုတ်သမားအဖြစ်လုပ်တဲ့အပြင်၊ အဆောက်ဦးအတွင်းပိုင်းတွေကိုပြုပြင်မွမ်းမံသူတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ယခုအသက်ကြီးလာတဲ့အခါမှာ​တော့မိခင်ဖြစ်သူကလဲ Tom နဲ့အတူနေချင်တာကြောင့်ဆိုပီး၊ယခုအခါမိခင် Ada ကလဲသားဖြစ်သူကိုအနီးကပ်ပြုစုစောင့်ရှောက်နေထိုင်လျက်ရှိပါတယ်။

အိမ်တော်ထိန်းမန်နေဂျာတစ်ယောက်ဖြစ်တဲ့ Daniel ကတော့ ၊Tom နဲ့ Adaတို့သားအမိနှစ်ယောက်ရဲ့ကြင်နာရင်းနှီးစွာနေထိုင်ကြတဲ့မြင်ကွင်းလေးဟာတကယ်ကိုရင်ထဲထိစေခဲ့တာကြောင့်၊၎င်းတို့နှစ်ယောက်ရဲ့ပျော်ရွှင်မှုကိုဘေးကနေအတတ်နိုင်ဆုံးထောက်ပံ့ပေးဖြစ်တယ်လို့ဆိုပါတယ်။

Tom.မှာလဲမွေးချင်းအမနှစ်ယောက်ရှိသလို၊မကြာခဏလာလည်လေ့ရှိတယ်လို့လဲသိရပါတယ်။အိုမင်းတဲ့အရွယ်ထိမိခင်အိုကြီးနဲ့အတူတကွနေထိုင်ရပီး၊အမေလို့ခေါ်ခွင့်ရသေးတဲ့ Tom ရဲ့ဘဝကတကယ်ကိုကံကောင်းပီးကြည်နူးပီတိဖြစ်ဖွယ်ကောင်းလှပါတယ်လေ။

Crd