Local News

ကြက် ၆၃ ကောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အပြစ်တင်ခံလိုက်ရတဲ့ အိန္ဒိယရိုးရာမင်္ဂလာဆောင်ပွဲ

ကြက် ၆၃ ကောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အပြစ်တင်ခံလိုက်ရတဲ့ အိန္ဒိယရိုးရာမင်္ဂလာဆောင်ပွဲ

တီးလုံးသံများ၊ မီးရှူးမီးပန်းများ၊ အကများနှင့် ချီတက်ခဲ့ကြတဲ့ အိန္ဒိယရိုးရာမင်္ဂလာပွဲဟာ ကြက်အကောင်ရေ ၆၃ ကောင် သေဆုံးမှုအတွက် အပြစ်တင်ခံခဲ့ရပါတယ်။

သန်းခေါင်ယံမတိုင်မီလေးတွင် အရှေ့ပိုင်း Odisha ပြည်နယ်ရှိ ကြက်မွေးမြူရေးခြံကို ဖြတ်သွားစဉ် ပါတီဟာ နားကွဲမတက် အသံများထွက်ပေါ်နေခဲ့တယ်လို့ RanjitKumarParidaကပြောကြားခဲ့ပါတယ်။ကြက်တွေငှက်တွေမှာလူတွေလိုအသံခံနိုင်ရည်စွမ်းမရှိတော့ ကြက်တွေလည်းကြောက်တာပေါ့။

“သီချင်းက အရမ်းဆူညံပြီး ကြက်တွေကို ကြောက်‌ေစခဲ့တာကြောင့် တီးဝိုင်းအော်ပရေတာတွေကို အသံလျှော့ခိုင်းခဲ့တယ်။ ဒါပေမယ့်သူတို့နားမထောင်တဲ့အပြင်သတို့သားရဲ့သူငယ်ချင်းတွေကကျွန်တော့်ကိုပြန်အော်ပြောတယ်”လို့Paridaကအေအက်ဖ်ပီသို့ပြောကြားခဲ့ပါတယ်။

ကြက်တွေ နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ တိရစ္ဆာန်ဆေးကုဆရာဝန်က ပါရီဒါကို ပြောပြခဲ့ပြီးနောက် မင်္ဂလာပွဲစီစဉ်သူတွေက လျော်ကြေးပေးဖို့ ငြင်းဆိုခဲ့တ‌ာကြောင့် ရဲကို တိုင်ကြားခဲ့ပါတယ်။

တိရစ္ဆာန်အမူအကျင့်ဆိုင်ရာ စာအုပ်ကိုရေးသားခဲ့သူသတ္တဗေဒပါမောက္ခSuryakantaMishraကကျယ်လောင်သောဆူညံသံဟာငှက်များတွင် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့်စေကြောင်း Hindustan Times သို့ ပြောပြခဲ့ပါတယ်။ “ကြက်များကို နေ့ရောညပါ သဘာဝအလင်းရောင်/အမှောင်စက်ဝန်းမှ ထိန်းချုပ်ထားသော circadian စည်းချက်ဖြင့် ထိန်းသိမ်းမွေးမြူရပါတယ်။

ကျယ်လောင်တဲ့ တေးဂီတကြောင့် ရုတ်တရက် စိတ်လှုပ်ရှားမှု ဒါမှမဟုတ် စိတ်ဖိစီးမှုက သူတို့ရဲ့ဇီဝနာရီကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်”လို့ Mishra မှ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ရဲတွေကဒီကိစ္စကို“အပြန်အလှန်ဖြေရှင်း”ဖို့စည်းရုံးပြီးနောက်ဒီဇာတ်လမ်းမှာကြက်တွေကလွဲလို့ပျော်ရွှင်စရာကောင်းတဲ့ဇာတ်သိမ်းဖြစ်ခဲ့ပါတယ်။

“(ကြက်မွေးမြူရေးသမား) က တိုင်ကြားချက်ကို ရုပ်သိမ်းလိုက်တဲ့အတွက် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘူး” လို့ ရဲအရာရှိDroupadi Das က ပြောကြားခဲ့ပါတယ်။ ကြက်တွေငှက်တွေမွေးတဲ့အခါ တီးလုံးသံတွေ မဆူလောင် မကျယ်စေဖို့ အသိပေးလိုက်ရပါတယ်။

Zawgyi

တီးလုံးသံမ်ား၊ မီးရႉးမီးပန္းမ်ား၊ အကမ်ားႏွင့္ ခ်ီတက္ခဲ့ၾကတဲ့ အိႏၵိယ႐ိုးရာမဂၤလာပြဲဟာ ၾကက္အေကာင္ေရ ၆၃ ေကာင္ ေသဆုံးမႈအတြက္ အျပစ္တင္ခံခဲ့ရပါတယ္။ သန္းေခါင္ယံမတိုင္မီေလးတြင္ အေရွ႕ပိုင္း Odisha ျပည္နယ္ရွိ ၾကက္ေမြးျမဴေရးၿခံကို ျဖတ္သြားစဥ္ပါတီဟာနားကြဲမတက္အသံမ်ားထြက္ေပၚေနခဲ့တယ္

လို႔RanjitKumarParidaကေျပာၾကားခဲ့ပါတယ္။ၾကက္ေတြငွက္ေတြမွာ လူေတြလို အသံခံႏိုင္ရည္စြမ္းမရွိေတာ့ ၾကက္ေတြလည္းေၾကာက္တာေပါ့။“သီခ်င္းကအရမ္းဆူညံၿပီးၾကက္ေတြကိုေၾကာက္‌ေစခဲ့တာေၾကာင့္တီးဝိုင္းေအာ္ပေရတာေတြကိုအသံေလွ်ာ့ခိုင္းခဲ့တယ္။ ဒါေပမယ့္ သူတို႔နားမေထာင္တဲ့အျပင္ သတို႔သားရဲ႕သူငယ္ခ်င္းေတြက ကြၽန္ေတာ့္ကို ျပန္ေအာ္ေျပာတယ္ ” လို႔ Parida က ေအအက္ဖ္ပီသို႔ ေျပာၾကားခဲ့ပါတယ္။

ၾကက္ေတြႏွလုံးေဖာက္ၿပီးေသဆုံးသြားတယ္လို႔တိရစာၦန္ေဆးကုဆရာဝန္က ပါရီဒါကို ေျပာျပခဲ့ၿပီးေနာက္မဂၤလာပြဲစီစဥ္သူေတြကေလ်ာ္ေၾကးေပးဖို႔ျငင္းဆိုခဲ့တ‌ာေၾကာင့္ရဲကိုတိုင္ၾကားခဲ့ပါတယ္။တိရစာၦန္အမူအက်င့္ဆိုင္ရာ စာအုပ္ကို ေရးသားခဲ့သူ သတၱေဗဒပါေမာကၡ Suryakanta Mishra က က်ယ္ေလာင္ေသာဆူညံသံဟာ ငွက္မ်ားတြင္ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါျဖစ္ႏိုင္ေျခကိုတိုးျမင့္ေစေၾကာင္းHindustanTimesသို႔ေျပာျပခဲ့ပါတယ္။

“ၾကက္မ်ားကို ေန႔ေရာညပါ သဘာဝအလင္းေရာင္/အေမွာင္စက္ဝန္းမွ ထိန္းခ်ဳပ္ထားေသာ circadian စည္းခ်က္ျဖင့္ ထိန္းသိမ္းေမြးျမဴရပါတယ္။ က်ယ္ေလာင္တဲ့ ေတးဂီတေၾကာင့္ ႐ုတ္တရက္ စိတ္လႈပ္ရွားမႈ ဒါမွမဟုတ္ စိတ္ဖိစီးမႈက သူတို႔ရဲ႕ ဇီဝနာရီကို အေႏွာင့္အယွက္ ျဖစ္ေစႏိုင္ပါတယ္” လို႔ Mishra မွ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

ရဲေတြက ဒီကိစၥကို “အျပန္အလွန္ေျဖရွင္း”ဖို႔စည္း႐ုံးၿပီးေနာက္ဒီဇာတ္လမ္းမွာၾကက္ေတြကလြဲလို႔ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဇာတ္သိမ္းျဖစ္ခဲ့ပါတယ္။ “(ၾကက္ေမြးျမဴေရးသမား) က တိုင္ၾကားခ်က္ကို ႐ုပ္သိမ္းလိုက္တဲ့အတြက္ အေရးယူေဆာင္႐ြက္မႈ တစ္စုံတစ္ရာ မလုပ္ခဲ့ဘူး” လို႔ ရဲအရာရွိ Droupadi Das က ေျပာၾကားခဲ့ပါတယ္။ ၾကက္ေတြငွက္ေတြေမြးတဲ့အခါ တီးလုံးသံေတြ မဆူေလာင္ မက်ယ္ေစဖို႔ အသိေပးလိုက္ရပါတယ္။

Crd