Local News

သခင့်ရဲ့ ပိုက်ဆံ နဲ့ မှတ်ပုံတင် တွေကိုကိုက်ဖြဲပြီး အိပ်ချင်ယောင်ဆောင်နေခဲ့တဲ့ ခွေးလေး

သခင့်ရဲ့ ပိုက်ဆံ နဲ့ မှတ်ပုံတင် တွေကိုကိုက်ဖြဲပြီး အိပ်ချင်ယောင်ဆောင်နေခဲ့တဲ့ ခွေးလေး

ခွေးလေးတွေအတော်များများက ပစ္စည်းတွေကို ကိုက်ဖြဲတတ်တဲ့အကျင့်လေးတွေ ရှိတတ်ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါပစ္စည်းတွေကို ကိုက်ဖြဲပြီးရင် သခင်ဖြစ်သူတွေ စိတ်မဆိုးအောင် ၊ ဆူဆဲတာမခံရအောင် မျိုးစုံအကြံထုတ်တတ်လေ့ရှိကြပါသေးတယ် ။

ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက ခွေးလေးတစ်ကောင်ဟာ သခင့်ဖြစ်သူလွယ်အိတ်ကို ဘယ်သူမှမသိအောင် နေအိမ်အပြင်ဖက်သို့ ဆွဲထုတ်သွားပြီးနောက် ၊ အိတ်တွေမှာထည့်ထားတဲ့ ပစ္စည်းတွေ ၊ ပိုက်ဆံတွေ ၊ မှတ်ပုံတင်တွေကို ကိုက်ဖြဲပစ်လိုက်ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို သခင်ဖြစ်သူတွေ့ရှိသွားပြီးနောက်မှာတော့ အဆူအဆဲမခံရအောင် ခွေးလေးက အိပ်ချင်ယောင်ဆောင်နေခဲ့တာပါ ။

အစပိုင်းမှာတော့ သခင်ဖြစ်သူက စိတ်ဆိုးဒေါသထွက်ခဲ့ပေမဲ့လည်း နောက်ဆုံးတော့ ခွေးလေးရဲ့ချစ်ဖို့ကောင်းလွန်းတဲ့အပြုအမှုကိုတွေ့ပြီး ရယ်ရမလို ၊ ငိုရမလိုဖြစ်ခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ကို သခင်ဖြစ်သူက ဓာတ်ပုံရိုက်ထားပြီး ‘ သူကျွန်တော့်ရဲ့ ပိုက်ဆံ နဲ့ မှတ်ပုံတင်တွေကို ကိုက်ဖြဲပစ်တယ် ‘ ဆိုတဲ့စာသားလေးနဲ့ Facebook စာမျက်နှာပေါ် ဝေမျှထားခဲ့တာပါ ။

အချို့သောသူတွေက ခွေးလေးရဲ့အပြုအမှုကို ‘ သခင်ဖြစ်သူက အစာမဝယ်ကျွေးတော့ လက်စာချေနေတဲ့ရုပ်နဲ့ ‘ ဆိုပြီး comment မှာ ထင်မြင်ချက် ရေးသားခဲ့ကြပါတယ် ။