Cele News

ခြေထောက်မကောင်းတဲ့ သမီးကို တံမြက်စည်းရောင်းပြီး ရှာကျွေးနေတဲ့ အသက် (၉၀) အဘွားအိုကို ငွေ ၅၀၀၀၀ ကူညီခဲ့တဲ့ လူရွှင်တော် မိုးစက်

ခြေထောက်မကောင်းတဲ့ သမီးကို တံမြက်စည်းရောင်းပြီး ရှာကျွေးနေတဲ့ အသက် (၉၀) အဘွားအိုကို ​ငွေ ကူညီခဲ့တဲ့ လူရွှင်တော် မိုးစက်

လူရွှင်တော် မိုးစက် ကတော့ ခုလိုကိုဗစ်ကာလ တွေအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကာလဒါနအဖြစ် တဖက်တလမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်ရဲ့ အား ပေးချစ်ခင်မှုကို ရရှိနေတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

ယနေ့မှာလည်း ခြေထောက်မကောင်းတဲ့ သမီးကို တံမြက် စည်းရောင်းပြီး ရှာကျွေးနေတဲ့ အသက်(၉၀) အရွယ်အဘွားအိုကို ငွေ ၅၀၀၀၀ကူညီခဲ့ပါသေးတယ်။ “အဘွား အသက်ဘယ်လောက်ရှိပြီလဲ”၊ “၉၀ ပါ သား”(အသံတွေတုန် ခေါင်းတွေပါတုန်နေတာပါ)။

“ဗျာ။ (၉၀) သားသမီး တွေရောမရှိဘူးလား” “ရှိတယ်။ တစ်ယောက်ထဲရှိတာ ခြေထောက် မကောင်းဘူး” “အဘွား တံမြက်စည်းကရော ဘယ်လိုရောင်းတာလဲ” “တစ်ချောင်း ၁၇၀၀” “ဟုတ်ကဲ့ပါ သားလိုတော့မလိုအပ်ဘူး။တံမြက်စည်း မယူပေမယ့် အဘွားကို ၅သောင်းကန်တော့ခဲ့မယ်နော်”

” ကျေးဇူးတင်ပါတယ် သားရယ်” သမီးဖြစ်သူကိုရှာဖွေကျွေးမွေးရင်း တံမြက်စည်းရောင်းကာ ဝမ်းစာရှာဖွေနေတဲ့ အဘွားအိုကို သနားလဲ သနားသလို လေးလဲ လေးစားပါတယ်…။

အဘွားရဲ့တံမြက်စည်းလေးတွေ အားပေးချင်တယ်ဆိုရင် စံပြဈေးအနီး ၊ လေးထောင့်ကန် (၇)လမ်းထဲမှာတော့ အဘွားဆီက အားပေးနိုင်ပါတယ်ခင်ဗျာ။ အဘွားက စံပြ (၅)လမ်းမှာ နေတာလို့လဲသိရပါတယ်။

ကျွန်တော်နဲ့အတူ ပါဝင်လှူဒါန်းကြသူများ ကျေးဇူးအထူးပါခင်ဗျာလို့ မိုးစက်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေထားပါတယ်။ လူရွှင်တော်မိုးစက်လည်း ယခုကဲ့သို့ ကာလဒါန အလှူတွေ ဆထက်ထမ်းပိုး လှူဒါန်းနိုင်ပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ပါစေလို့လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Credit – Moe Sat

(Zawgyi)

ခြေထောက်မကောင်းတဲ့ သမီးကို တံမြက်စည်းရောင်းပြီး ရှာကျွေးနေတဲ့ အသက် (၉၀) အဘွားအိုကို ငွေ ၅၀၀၀၀ ကူညီခဲ့တဲ့ လူရွှင်တော် မိုးစက်

လူရွှင်တော် မိုးစက် ကတော့ ခုလိုကိုဗစ်ကာလ တွေအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကာလဒါနအဖြစ် တဖက်တလမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်ရဲ့ အား ပေးချစ်ခင်မှုကို ရရှိနေတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

ယနေ့မှာလည်း ခြေထောက်မကောင်းတဲ့ သမီးကို တံမြက် စည်းရောင်းပြီးရှာကျွေးနေတဲ့ အသက်(၉၀) အရွယ်အဘွားအိုကို ငွေ ၅၀၀၀၀ ကူညီခဲ့ပါသေးတယ်။ “အဘွား အသက်ဘယ်လောက်ရှိပြီလဲ”၊ “၉၀ ပါ သား”(အသံတွေတုန် ခေါင်းတွေပါတုန်နေတာပါ)။

“ဗျာ။ (၉၀) သားသမီး တွေရောမရှိဘူးလား” “ရှိတယ်။ တစ်ယောက်ထဲရှိတာ ခြေထောက် မကောင်းဘူး” “အဘွား တံမြက်စည်းကရောဘယ်လိုရောင်းတာလဲ” “တစ်ချောင်း ၁၇၀၀” “ဟုတ်ကဲ့ပါ သားလိုတော့မလိုအပ်ဘူး။တံမြက်စည်း မယူပေမယ့် အဘွားကို ၅သောင်းကန်တော့ခဲ့မယ်နော်”

” ကျေးဇူးတင်ပါတယ် သားရယ်” သမီးဖြစ်သူကိုရှာဖွေကျွေးမွေးရင်း တံမြက်စည်းရောင်းကာ ဝမ်းစာရှာဖွေနေတဲ့ အဘွားအိုကို သနားလဲ သနားသလို လေးလဲ လေးစားပါတယ်…။

အဘွားရဲ့တံမြက်စည်းလေးတွေ အားပေးချင်တယ်ဆိုရင် စံပြဈေးအနီး ၊ လေးထောင့်ကန် (၇)လမ်းထဲမှာတော့အဘွားဆီကအားပေးနိုင်ပါတယ်ခင်ဗျာ။ အဘွားက စံပြ (၅)လမ်းမှာ နေတာလို့လဲသိရပါတယ်။