Local News
















ရော့….100,000 Ks အဖိုး








☎ 09-5408437

unicode

ဟူး…မောလိုက်တာ…ဒီဖျာတွေ ကုန်ပြီဆို ရွာပြန်တော့မယ်

နေ့လည်ခင်း ခေါင်းနေတည့်တည့်…ကားနဲ့ ဖြတ်သွားရင်း

အသက်(၈၀)နီးပါး အဖိုးအို တဦး… ဖျာတွေ ထမ်းပြီ သောက်ရေအိုးစင်မှာ ရေသောက်ပြီ မောနေတယ်

အဖိုးရေ…ဖျာတွေ ဘယ်လိုရောင်းတာလဲ ??

(စကားမပြောနိုင် အရမ်းမောနေရှာတယ်) ပြီတော့မှ…

သားရေ…ဖျာက အရွယ်စားအစုံပါတယ်

ဟုတ် အဖိုး…အကြီးဆုံးကနေ အသေးဆုံးထိ ပြပါအုံး ?

အကြီးဆုံးက ၂၈၀၀၀ ကျပ် (1 ခုပါ)

အလတ်လေးက ၁၅၀၀၀ ကျပ် (2 ခုပါ)

အသေးဆုံးက ၅၀၀၀ကျပ် (4 ခုပါ)

ဟုတ်ပြီ အဖိုး…မောနေတယ်နော်…ဘယ်ကလာရောင်းတာလဲ ??

ပန်းတနော်ကပါ…အရမ်းမောနေပြီ ကမ္ဘာအေးဘုရားနားကနေ လျှောက်လာတာ သား (မြောက်ဥက္ကလာထိ 😥)

မောတယ် သားရယ်…ဒီဖျာတွေကုန်ရင် ရွာပြန်တော့မယ်…ခရီးစရိတ်လဲ မရှိဘူး…ဒါတွေကုန်မှ ပြန်လို့ရမှာ 😥😥

ဟာ…အဖိုး ဒါဆို ရွာပြန်တော့ဗျာ…သား အကုန်ယူမယ် ☺️

ရော့….100,000 Ks အဖိုး

(၇၈၀၀၀ ကျပ်က ဖျာဖိုး…ကျန်တာ ပိုတာ အဖိုး ခရီးစရိတ်ဗျာ)

ကျေးဇူးတင်လိုက်တာ…မောနေတာကနေ အမောပြေသွားပြီ…အရမ်းပျော်တာပဲ ရွာပြန်ရတော့မယ် 😥😥

ရပါတယ် အဖိုးရယ်…ကျနော်က အဖိုးစား ဖျာသည်ကြီးလူပ်လိုက်တော့မယ် နော် 😂😂

(အဖိုး အားရပါးရ ရယ်ပါလေရော 😍)

ဖျာသည်ကြီး ဦးပူတူးပါ…ဖျာတွေ ယူလို့ရတယ်နော် 😂😍

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437