Local News

လူတွေကို ‌သေစေနိုင်လောက်တဲ့အထိ အန္တရာယ်ကြီးတဲ့ ခြင်္သေ့ငါး

လူတွေကို ‌သေစေနိုင်လောက်တဲ့အထိ အန္တရာယ်ကြီးတဲ့ ခြင်္သေ့ငါး

ပင်လယ်တွေ သမုဒ္ဒရာတွေဟာ ထူးဆန်းမူတွေ ထူးခြားတဲ့သတ္တဝါတွေအရာဝတ္ထုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ် အန္တရာယ်တွေရောအလှအပတွေ‌ရောနဲ့ပြည့်စုံနေတဲ့ပင်လယ်ကြီးမှာရေနက်လေပိုအံ့သြဖို့ကောင်းလေဖြစ်တဲ့သတ္တဝါတွေကိုတွေ့ရမှာပါ

အခုတင်ဆက်ပေးမှာကတော့ အဲ့လို သတ္တဝါတွေထဲကမှ လူတွေအတွက်ရော တခြား ငါးတွေ အတွက်ရော တော်တော်လေးကို အန္တရာယ်များတဲ့ ငါးတစ်ကောင် အကြောင်းကို ပြောပြပေးမှာပါ

LionFish လို့ လူသိများကြတဲ့ ဒီငါးရဲ့ ဇစ်မြစ်ကတော့ အင်ဒိုပစိဖိတ်ဖက်ကပါ သူတို့ရဲ့အပြင်ပုံပန်းကလှပတာကြောင့်အလှမွေးငါးတွေအဖြစ် နာမည်ကြီးကြပါတယ် မျိုးစိတ်တူပြီး ပုံစံကွဲတဲ့ ငါး ၈ မျိုးလောက်ရှိပြီး ကမ္ဘာ့နေရာ အနှံ့အပြားမှာ တွေ့ရှိနိုင်ပါတယ်

အနီရောင် အဖြူရောင် ခရင်မ်အရောင်နဲ့ အနက်ရောင်တို့ရှိပါတယ် အရွယ်ရောက်ပြီးသားငါးတစ်ကောင်ဟာဆို၁၈လက်မအထိကြီးထွားနိုင်ပြီးငါးအမတစ်ကောင်ဟာ တစ်နှစ်ကို ဥပေါင်း သန်းနဲ့ချီပြီး ဥနိုင်ပါတယ် ဒါကြောင့် အက်တလန်တစ် သမုဒ္ဒရာထဲမှာ ဒီငါးတွေမျိုးပွားလာနှုန်းဟာ အရမ်းမြင့်နေပြီး တော်တော်လေးကိုထိန်းချုပ်ရခက်ခဲနေပါတယ်

ရေနွေးစီးကြောင်းတွေထဲမှာအဓိကတွေ့နိုင်ပြီးတစ်ကောင်ထဲဖြစ်စေအကောင်ရေနည်းနည်းနဲ့ အုပ်စုလိုက်ဖြစ်စေခရီးသွားကြပါတယ်နေ့ဖက်ဆိုနေရာတစ်ခုတည်းမှာအုပ်စုလိုက်နားနေကြပြီးညဖက်မှ အမဲလိုက်ကြပါတယ် ငါးမျိုးစိတ်ပေါင်း ၅၀ လောက်ကို အမဲလိုက်ကြပါတယ် တခြားငါးပေါင်းများစွာကို အမဲလိုက်တဲ့အပြင် ခြင်္သေ့ငါးအကောင်ကြီးတွေဟာသူတို့မျိုးနွယ်တူ အကောင်သေးတွေကိုပါ စားကြပါတယ်

တော်တော်လေးကိုရန်လိုတဲ့ငါးတွေဖြစ်ပြီးငါးမန်းတွေနဲ့ပါတိုက်ခိုက်တတ်ကြပါသေးတယ်ခြင်္သေ့ငါးတစ်ကောင်ကိုသတ်နိုင်ရင်တခြားငါးသန်းပေါင်းများစွာကို ကယ်တင်နိုင်တာပဲလို့ ပြောစမှတ်ပြုကြပါတယ်

ဒီငါးတွေရဲ့ တခြားဘယ်ငါးနဲ့မှ မတူတဲ့အချက်ကတော့ သူ့ရဲ့များပြားလှတဲ့ ဆူးတောင်တွေဟာအရမ်းအဆိပ်ပြင်းတာပါ အပြင်ပန်းကြည့်ရင်တော်တော်လေးလှတဲ့ဆူးတောင်တွေဖြစ်ပေမဲ့အမဲလိုက်တဲ့နေရာမှာသားကောင်ကိုမစားခင်ထွက်မပြေးနိုင်အောင်ဆူးတောင်ပေါ်ကအဆိပ်တွေနဲ့ထိုးပြီးမှစားကြပါတယ်

တကယ်လို့ လူတစ်ယောက်ကခြင်္သေ့ငါးထိုးတာကိုခံရရင်ပြင်းထန်တဲ့နာကျင်မူခံစားရတာတွေအသက်ရှုလမ်းကြောင်းပြဿနာတွေ သတိလစ်ခြင်းတွေနဲ့ကိုယ်လက်လှုပ်ရှားမရတာတွေထိ ဖြစ်နိုင်တာကြောင့် ကလေးငယ်တွေဆိုရင် သေနိုင်လောက်တဲ့အထိ ဖြစ်နိုင်ပါတယ်

အခုအချိန်မှာတော့ ဒီငါးတွေကို ငါးပြတိုက်တွေကိုပို့ဖို့အတွက်အဓိကထားဖမ်းဆီးနေကြသလိုပဲတချို့ဒေသတွေမှာဆို တွေ့တာနဲ့ သတ်ပစ်တတ်ကြပါတယ် ဒီငါးက အဆိပ်ပြင်းပြီး အန္တရာယ်ကြီးတဲ့ ငါးတစ်ကောင်ဖြစ်ပေမဲ့ စားလို့လည်းရပါတယ် မြန်မာပြည်ကတချို့နေရာတွေမှာလည်း ဒီငါးတွေကို တွေ့ရပါတယ်

အလှမွေးငါးရောင်းဆိုင်တွေမှာလည်း မြင်ရမဲ့ မျိုးစိတ်တစ်ခုပါ ဒါပေမဲ့ပင်လယ်ကမ်းခြေမှာလမ်းလျှောက်နေရင်း ခြင်္သေ့ငါးတစ်ကောင်တွေ့ရင်တော့ သွားမကိုင်လိုက်ပါနဲ့ ရေထဲမှာဆိုရင် သင့်ကို မြန်မြန်ဆန်ဆန် တိုက်ခိုက်နိုင်ပြီး နှစ်ရက် သုံးရက်လောက် အိပ်ယာထဲမှာ လဲနေအောင် လုပ်ပစ်နိုင်တာကြောင့်ပါ။

Zawgyi

ပင္လယ္ေတြသမုဒၵရာေတြဟာထူးဆန္းမူေတြထူးျခားတဲ့သတၱဝါေတြအရာဝတၳဳေတြနဲ႔ျပည့္ႏွက္ေနတတ္ပါတယ္အႏၲရာယ္ေတြေရာ အလွအပေတြ‌ေရာနဲ႔ ျပည့္စုံေနတဲ့ ပင္လယ္ႀကီးမွာ ေရနက္ေလ ပိုအံ့ၾသဖို႔ေကာင္းေလ ျဖစ္တဲ့ သတၱဝါေတြကို ေတြ႕ရမွာပါ

အခုတင္ဆက္ေပးမွာကေတာ့ အဲ့လို သတၱဝါေတြထဲကမွ လူေတြအတြက္ေရာ တျခား ငါးေတြ အတြက္ေရာ ေတာ္ေတာ္ေလးကို အႏၲရာယ္မ်ားတဲ့ ငါးတစ္ေကာင္ အေၾကာင္းကို ေျပာျပေပးမွာပါ

LionFishလို႔လူသိမ်ားၾကတဲ့ဒီငါးရဲ႕ဇစ္ျမစ္ကေတာ့အင္ဒိုပစိဖိတ္ဖက္ကပါသူတို႔ရဲ႕အျပင္ပုံပန္းကလွပတာေၾကာင့္အလွေမြးငါးေတြအျဖစ္ နာမည္ႀကီးၾကပါတယ္ မ်ိဳးစိတ္တူၿပီး ပုံစံကြဲတဲ့ ငါး ၈ မ်ိဳးေလာက္ရွိၿပီး ကမာၻ႔ေနရာ အႏွံ႔အျပားမွာ ေတြ႕ရွိႏိုင္ပါတယ္

အနီေရာင္ အျဖဴေရာင္ ခရင္မ္အေရာင္နဲ႔ အနက္ေရာင္တို႔ ရွိပါတယ္ အ႐ြယ္ေရာက္ၿပီးသား ငါးတစ္ေကာင္ဟာဆို ၁၈ လက္မအထိ ႀကီးထြားႏိုင္ၿပီး ငါးအမ တစ္ေကာင္ဟာ တစ္ႏွစ္ကို ဥေပါင္းသန္းနဲ႔ခ်ီၿပီးဥႏိုင္ပါတယ္ဒါေၾကာင့္အက္တလန္တစ္သမုဒၵရာထဲမွာဒီငါးေတြမ်ိဳးပြားလာႏႈန္းဟာ အရမ္းျမင့္ေနၿပီး ေတာ္ေတာ္ေလးကို ထိန္းခ်ဳပ္ရခက္ခဲေနပါတယ္ ‌

ရေႏြးစီးေၾကာင္းေတြထဲမွာ အဓိကေတြ႕ႏိုင္ၿပီး တစ္ေကာင္ထဲျဖစ္ေစ အေကာင္ေရနည္းနည္းနဲ႔ အုပ္စုလိုက္ျဖစ္ေစ ခရီးသြားၾကပါတယ္ ေန႔ဖက္ဆို ေနရာတစ္ခုတည္းမွာ အုပ္စုလိုက္ နားေနၾကၿပီး ညဖက္မွ အမဲလိုက္ၾကပါတယ္ ငါးမ်ိဳးစိတ္ေပါင္း ၅၀ေလာက္ကိုအမဲလိုက္ၾကပါတယ္တျခားငါးေပါင္းမ်ားစြာကို အမဲလိုက္တဲ့အျပင္ ျခေသၤ့ငါးအေကာင္ႀကီးေတြဟာ သူတို႔မ်ိဳးႏြယ္တူ အေကာင္ေသးေတြကိုပါ စားၾကပါတယ္

ေတာ္ေတာ္ေလးကို ရန္လိုတဲ့ ငါးေတြျဖစ္ၿပီး ငါးမန္းေတြနဲ႔ပါ တိုက္ခိုက္တတ္ၾကပါေသးတယ္ ျခေသၤ့ငါးတစ္ေကာင္ကို သတ္ႏိုင္ရင္ တျခားငါး သန္းေပါင္းမ်ားစြာကို ကယ္တင္ႏိုင္တာပဲလို႔ ေျပာစမွတ္ျပဳၾကပါတယ္

ဒီငါးေတြရဲ႕ တျခားဘယ္ငါးနဲ႔မွ မတူတဲ့အခ်က္ကေတာ့သူ႔ရဲ႕မ်ားျပားလွတဲ့ဆူးေတာင္ေတြဟာအရမ္းအဆိပ္ျပင္းတာပါအျပင္ပန္းၾကည့္ရင္ေတာ္ေတာ္ေလးလွတဲ့ ဆူးေတာင္ေတြျဖစ္ေပမဲ့ အမဲလိုက္တဲ့ ေနရာမွာသားေကာင္ကို မစားခင္ ထြက္မေျပးႏိုင္ေအာင္ ဆူးေတာင္ေပၚက အဆိပ္ေတြနဲ႔ ထိုးၿပီးမွ စားၾကပါတယ္

တကယ္လို႔ လူတစ္ေယာက္ကျခေသၤ့ငါးထိုးတာကိုခံရရင္ျပင္းထန္တဲ့နာက်င္မူခံစားရတာေတြ အသက္ရႈလမ္းေၾကာင္းျပႆနာေတြ သတိလစ္ျခင္းေတြနဲ႔ ကိုယ္လက္လႈပ္ရွားမရတာေတြထိ ျဖစ္ႏိုင္တာေၾကာင့္ ကေလးငယ္ေတြဆိုရင္ ေသႏိုင္ေလာက္တဲ့အထိ ျဖစ္ႏိုင္ပါတယ္

အခုအခ်ိန္မွာေတာ့ ဒီငါးေတြကို ငါးျပတိုက္ေတြကို ပို႔ဖို႔အတြက္ အဓိကထား ဖမ္းဆီးေနၾကသလိုပဲ တခ်ိဳ႕ေဒသေတြမွာဆို ေတြ႕တာနဲ႔ သတ္ပစ္တတ္ၾကပါတယ္ ဒီငါးက အဆိပ္ျပင္းၿပီး အႏၲရာယ္ႀကီးတဲ့ ငါးတစ္ေကာင္ျဖစ္ေပမဲ့ စားလို႔လည္းရပါတယ္ ျမန္မာျပည္က တခ်ိဳ႕ေနရာေတြမွာလည္း ဒီငါးေတြကို ေတြ႕ရပါတယ္

အလွေမြးငါးေရာင္းဆိုင္ေတြမွာလည္း ျမင္ရမဲ့ မ်ိဳးစိတ္တစ္ခုပါ ဒါေပမဲ့ ပင္လယ္ကမ္းေျခမွာ လမ္းေလွ်ာက္ေနရင္း ျခေသၤ့ငါးတစ္ေကာင္ေတြ႕ရင္ေတာ့ သြားမကိုင္လိုက္ပါနဲ႔ ေရထဲမွာဆိုရင္ သင့္ကို ျမန္ျမန္ဆန္ဆန္ တိုက္ခိုက္ႏိုင္ၿပီး ႏွစ္ရက္ သုံးရက္ေလာက္ အိပ္ယာထဲမွာ လဲေနေအာင္ လုပ္ပစ္ႏိုင္တာေၾကာင့္ပါ

Crd