Local News

နှစ်ဆောင်မြိုင်အိမ်ကြီးကို ရွာဦးကျောင်းသို့ လှူလိုက်ပြီး နွားတင်းကုတ်မှာ ပြောင်းရွှေ့နေထိုင်ကြမယ့် ဒိုးပင်သောင်ရွာက အံ့ဖွယ်မိသားစုအလှု

နှစ်ဆောင်မြိုင်အိမ်ကြီးကို ရွာဦးကျောင်းသို့ လှူလိုက်ပြီး နွားတင်းကုတ်မှာ ပြောင်းရွှေ့နေထိုင်ကြမယ့် ဒိုးပင်သောင်ရွာက အံ့ဖွယ်မိသားစုအလှု

ဒိုးပင်သောင်ကျေးရွာက အသက် ၉၉ နှစ်ရှိပြီဖြစ်တဲ့ အဖွား ဒေါ်ယုမှ ရွာဦးကျောင်းအတွက် အလိုရှိသလို အသုံးပြုဖို့ လှုုဒါန်းလိုက်တာပဲဖြစ်ပါတယ်။ကာယ ကံရှင်တွေရဲ့ ပြောပြချက်အရ ”မိမိရဲ့ ရဟန်းမယ်တော်ကြီး ဒေါ်ယု အသက်က(၉၉)နှစ်၊ ကုသိုလ်ကတော့အမြဲပြုနေတာပါပဲ။အမျိုးမျိုးပြုနေတာပါ။…

(ယူနီကုဒ္ ျဖင့္ ဖတ္မရသူမ်ား ေအာက္တြင္ ေဇာ္ဂ်ီေဖာင့္ျဖင့္ဖတ္ရန္)

အခုလဲ မယ်တော်ကြီးတို့ နေထိုင်ခဲ့တဲ့ ဒိုးပင်သောင်ကျေးရွာက နှစ်ဆောင်မြိုင်အိမ်ကြီးကို ရွာဦးကျောင်းမှာ ဆွမ်းစားကျောင်းဆောက်ဖို့(ဘာအတွက်သုံးသုံးပါတဲ့)။ တစ်အိမ်လုံးလှူမယ့်အပြင် ပြင်ဆင်ဆောက်လုပ်ရာမှာ ထပ်မံကုန်ကျမှာကိုပါလှူဦးမယ်တဲ့။(နှစ်ခန်းတွဲကုဋီလဲ လှူထားသေးတယ်)…

လက်ရှိနေထိုင်နေတဲ့ သားဖြစ်သူ ကိုမောင်နဲ့ ဇနီး မဥမ္မာခင် တို့ကလဲ “အမေ့ ဆန္ဒ အတိုင်းအကုန်ကျေနပ်တယ်၊ သူတို့က နွားတင်းကုတ်အဖြစ်ဆောက်ထားတဲ့နေရာလေးမှာပြောင်းနေမယ်”တဲ့။….

ရင်ထဲ နင့်နေအောင် အံ့ဩမိရတဲ့အလှူ! “မြတ်စွာဘုရားက လှူတိုင်းလဲမယူသင့်ပဲ သင့်တင်သလောက်သာအလှူခံသင့်ကြောင်း ဩဝါဒတော်ရှိတာကြောင့်) ကိုယ်ကပဲကြားကစီမံ။ မယ်တော်ကြီးလှူချင်တာလဲလှူ။…

နေနေတဲ့သားသမီးတွေလဲသင့်တော်အောင်တော့တင်းကုတ်လေးကိုအိမ်အဖြစ်ပြောင်းပြီးသင့်တင့်အောင်ဆောက်မယ်ဆိုပြီး၎င်းတို့ အလှူငွေနဲ့ပဲကိုယ်ကကြားကစီမံဆောင်ရွက်ပေး။ခုတော့အိမ် အဖြစ်တင်းကုတ်လေးကို ပြုပြင်တည်ဆောက်နေပါပြီ”လို့ဆိုပါတယ်။…

သဒ္ဓါအားကောင်းလှတဲ့ မယ်တော်ကြီးနဲ့ မိဘဆန္ဒဆို တသွေမတိမ်း ပါရမီဖြည့်ပေးကြတဲ့ သမီး- မကြည်နူသား၊ ကိုမောင်+မဥမ္မာခင် တို့ရဲ့ ကုသိုလ်ကိုရင်ထဲကလှိူက်လှိူက်လှဲလှဲသာဓုခေါ်ပါတယ်။….

ဒါနရဲ့အကျိုးတရားမှန်သမျှ အပြည့်အဝရကြပါစေ။နိဗ္ဗါန်၏အထောက်အပံ့ကောင်းတွေဖြစ်ကြပါစေ။ကပ်ဆိုး ဘေးဆိုး အန္တရာယ်ဆိုးရောဂါဆိုးကံကြမ္မာဆိုးတွေမှအမြဲထာဝရကင်းဝေးလွတ်မြောက်ကြပါစေ။…

စိုင်းစိုင်းတေဇ

ဇော်ဂျီဖောင့်ဖြင့် ဖတ်ရန်

ဒိုးပင္ေသာင္ေက်း႐ြာက အသက္ ၉၉ ႏွစ္ရွိၿပီျဖစ္တဲ့ အဖြား ေဒၚယုမွ ႐ြာဦးေက်ာင္းအတြက္ အလိုရွိသလို အသုံးျပဳဖို႔ လႈုဒါန္းလိုက္တာပဲျဖစ္ပါတယ္။ကာယ ကံရွင္ေတြရဲ႕ ေျပာျပခ်က္အရ ”မိမိရဲ႕ ရဟန္းမယ္ေတာ္ႀကီး ေဒၚယု အသက္က(၉၉)ႏွစ္၊ ကုသိုလ္ကေတာ့အၿမဲျပဳေနတာပါပဲ။အမ်ိဳးမ်ိဳးျပဳေနတာပါ။…

အခုလဲ မယ္ေတာ္ႀကီးတို႔ ေနထိုင္ခဲ့တဲ့ ဒိုးပင္ေသာင္ေက်း႐ြာက ႏွစ္ေဆာင္ၿမိဳင္အိမ္ႀကီးကို ႐ြာဦးေက်ာင္းမွာ ဆြမ္းစားေက်ာင္းေဆာက္ဖို ႔(ဘာအတြက္သုံးသုံးပါတဲ့)။ တစ္အိမ္လုံးလႉမယ့္အျပင္ ျပင္ဆင္ေဆာက္လုပ္ရာမွာ ထပ္မံကုန္က်မွာကိုပါလႉဦးမယ္တဲ့။(ႏွစ္ခန္းတြဲကုဋီလဲ လႉထားေသးတယ္)…

လက္ရွိေနထိုင္ေနတဲ့ သားျဖစ္သူ ကိုေမာင္နဲ႕ဇနီး မဥမၼာခင္ တို႔ကလဲ “အေမ့ ဆႏၵ အတိုင္းအကုန္ေက်နပ္တယ္၊ သူတို႔က ႏြားတင္းကုတ္အျဖစ္ေဆာက္ထားတဲ့ေနရာေလးမွာေျပာင္းေနမယ္”တဲ့။….

ရင္ထဲ နင့္ေနေအာင္ အံ့ဩမိရတဲ့အလႉ! “ျမတ္စြာဘုရားက လႉတိုင္းလဲမယူသင့္ပဲ သင့္တင္သေလာက္သာအလႉခံသင့္ေၾကာင္း ဩဝါဒေတာ္ရွိတာေၾကာင့္) ကိုယ္ကပဲၾကားကစီမံ။ မယ္ေတာ္ႀကီးလႉခ်င္တာလဲလႉ။…

ေနေနတဲ့သားသမီးေတြလဲသင့္ေတာ္ေအာင္ေတာ့တင္းကုတ္ေလးကိုအိမ္အျဖစ္ေျပာင္းၿပီးသင့္တင့္ေအာင္ေဆာက္မယ္ဆိုၿပီး၎တို႔ အလႉေငြနဲ႕ပဲကိုယ္ကၾကားကစီမံေဆာင္႐ြက္ေပး။ခုေတာ့အိမ္ အျဖစ္တင္းကုတ္ေလးကို ျပဳျပင္တည္ေဆာက္ေနပါၿပီ”လို႔ဆိုပါတယ္။…

သဒၶါအားေကာင္းလွတဲ့ မယ္ေတာ္ႀကီးနဲ႕ မိဘဆႏၵဆို တေသြမတိမ္း ပါရမီျဖည့္ေပးၾကတဲ့ သမီး- မၾကည္ႏူသား၊ ကိုေမာင္+မဥမၼာခင္တို႔ရဲ႕ ကုသိုလ္ကိုရင္ထဲကလွိူက္လွိူက္လွဲလွဲသာဓုေခၚပါတယ္။….

ဒါနရဲ႕အက်ိဳးတရားမွန္သမွ် အျပည့္အဝရၾကပါေစ။နိဗၺါန္၏အေထာက္အပံ့ေကာင္းေတြျဖစ္ၾကပါေစ။ကပ္ဆိုး ေဘးဆိုး အႏၲရာယ္ဆိုးေရာဂါဆိုးကံၾကမၼာဆိုးေတြမွအၿမဲထာဝရကင္းေဝးလြတ္ေျမာက္ၾကပါေစ။…

စိုင္းစိုင္းေတဇ