Local News

စစ္တပ္ပိုင္ Mytel ႐ုံးမ်ားတိုက္ခိုက္ခံရၿပီးေနာက္ ႏိုင္ငံတစ္ဝန္း Mytel႐ုံး၊ ရဲစခန္းႏွင့္ ဝန္ႀကီး ဌာန႐ုံးမ်ားတြင္ သဲအိတ္မ်ား ပိုမိုကာရန္ၿပီး အတားအဆီးမ်ားပိုခ်လာ

စစ္တပ္ပိုင္ Mytel ႐ုံးမ်ားတိုက္ခိုက္ခံရၿပီးေနာက္ ႏိုင္ငံတစ္ဝန္း Mytel႐ုံး၊ ရဲစခန္းႏွင့္ ဝန္ႀကီး ဌာန႐ုံးမ်ားတြင္ သဲအိတ္မ်ား ပိုမိုကာရန္ၿပီး အတားအဆီးမ်ားပိုခ်လာ

စစ္တပ္ပိုင္ Mytel ႐ုံးမ်ားတိုက္ခိုက္ခံရၿပီးေနာက္ ႏိုင္ငံတစ္ဝန္း Mytel႐ုံး၊ ရဲစခန္းႏွင့္ ဝန္ႀကီး ဌာန႐ုံးမ်ားတြင္ သဲအိတ္မ်ား ပိုမိုကာရန္ၿပီး အတားအဆီးမ်ားပိုခ်လာ

ရန္ကုန္၊ ဒီဇင္ဘာ ၈

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ အပါအဝင္ ႏိုင္ငံတစ္ဝန္း စစ္တပ္ပိုင္ Mytel ဆက္သြယ္ေရး႐ုံး အပါအဝင္ စစ္တပ္႐ုံးမ်ားတြင္

သဲအိတ္မ်ား ပိုခ်ထား ကာရန္လာၿပီး ရဲ စခန္း၊ Mytel ႐ုံးေရွ႕မ်ားမွ အျမန္ ဆိုင္ကယ္ႏွင့္ကားမ်ား ေမာင္းႏွင္ျခင္းမျပဳႏိုင္ရန္

အတားအဆီးမ်ားစြာ ခ်ထားေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

မုံ႐ြာၿမိဳ႕မွ ေဒသခံတစ္ဦးက “သဲအိတ္ေတြက Mytel ႐ုံးေရွ႕မွာ ခ်ထားတယ္။ သံဆူးႀကိဳးဘယ္ရီရာေတြလည္း ခ်ထားတယ္။

႐ုံးေရွ႕ကေန အျမန္ေမာင္းေျပးလို႔မရေအာင္။ ေကြ႕ေကြ႕ေကာက္ေကာက္နဲ႔ အတားအဆီးေတြ ေရွာင္ေမာင္းရတယ္” ဟု ေျပာဆိုသည္။

အလားတူ ႏိုင္ငံတစ္ဝန္း ရဲစခန္းႏွင့္ စစ္တပ္မ်ား တပ္စြဲထားေသာ ႐ုံးအေဆာ က္ အအုံမ်ားတြင္လည္း

သဲအိတ္မ်ားကို ထပ္မံခ်ထားၿပီး ရဲစခန္းေရွ႕ႏွင့္ စစ္တပ္တပ္စြဲထား ႐ုံအေဆာက္အအုံမ်ားေရွ႕တြင္

ကတၱရာပုံးမ်ား ခ်ထားေၾကာင္း သိရွိရသည္။

“ရဲစခန္းေရွ႕ဆိုရင္ေတာ့ ေကြ႕ေကာက္ၿပီးေမာင္းရတယ္။

ခုံေတြေရာ သံဆူးႀကိဳး ဘယ္ရီရာေတြေရာ။

တေျဖာင့္တည္း ေမာင္းမရဘူး” ဟု ရန္ကုန္ေဒသခံတစ္ဦးက ေျပာသည္။

ဓာတ္ပုံ- မုံ႐ြာၿမိဳ႕ေပၚရွိ Mytel ႐ုံးႏွင့္ရဲစခန္း။

Photo By RNA

Unicode

စစ်တပ်ပိုင် Mytel ရုံးများတိုက်ခိုက်ခံရပြီးနောက် နိုင်ငံတစ်ဝန်း Mytelရုံး၊ ရဲစခန်းနှင့် ဝန်ကြီး ဌာနရုံးများတွင် သဲအိတ်များ ပိုမိုကာရန်ပြီး အတားအဆီးများပိုချလာ

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးရုံး အပါအဝင် စစ်တပ်ရုံးများတွင်

သဲအိတ်များ ပိုချထား ကာရန်လာပြီး ရဲ စခန်း၊ Mytel ရုံးရှေ့များမှ အမြန် ဆိုင်ကယ်နှင့်ကားများ မောင်းနှင်ခြင်းမပြုနိုင်ရန်

အတားအဆီးများစွာ ချထားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မုံရွာမြို့မှ ဒေသခံတစ်ဦးက “သဲအိတ်တွေက Mytel ရုံးရှေ့မှာ ချထားတယ်။ သံဆူးကြိုးဘယ်ရီရာတွေလည်း ချထားတယ်။

ရုံးရှေ့ကနေ အမြန်မောင်းပြေးလို့မရအောင်။ ကွေ့ကွေ့ကောက်ကောက်နဲ့ အတားအဆီးတွေ ရှောင်မောင်းရတယ်” ဟု ပြောဆိုသည်။

အလားတူ နိုင်ငံတစ်ဝန်း ရဲစခန်းနှင့် စစ်တပ်များ တပ်စွဲထားသော ရုံးအဆော က် အအုံများတွင်လည်း

သဲအိတ်များကို ထပ်မံချထားပြီး ရဲစခန်းရှေ့နှင့် စစ်တပ်တပ်စွဲထား ရုံအဆောက်အအုံများရှေ့တွင်

ကတ္တရာပုံးများ ချထားကြောင်း သိရှိရသည်။

“ရဲစခန်းရှေ့ဆိုရင်တော့ ကွေ့ကောက်ပြီးမောင်းရတယ်။

ခုံတွေရော သံဆူးကြိုး ဘယ်ရီရာတွေရော။

တဖြောင့်တည်း မောင်းမရဘူး” ဟု ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ- မုံရွာမြို့ပေါ်ရှိ Mytel ရုံးနှင့်ရဲစခန်း။

Photo By RNA