ဗဟုသုတ

“ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မသေဆုံးနိုင်တဲ့ဒေသ (သို့) ဒဏ္ဍာရီထဲက ရှန်ဂရီလာ”

ရှန်ဂရီလာ (သို့) ရှန်ဘဲလားဒေသဟာ စိတ်ကူးနယ်မြေတစ်ခုဖြစ်ပြီး ဒီနာမည်ကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဂျိန်းဟီလ်တန် (James Hilton) စာအုပ်မှာ စတင်ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ် ။ စာရေးသူဟာ ဒီနေရာဒေသကို အမှန်တကယ်ရောက်ရှိခဲ့ပြီး ရှန်ဂရီလာဆိုတဲ့ ဒီနာမည်ကို ပေးဖို့ စိတ်ကူးခဲ့ကြောင်း ပြောထားပါတယ် ။ ထိုစာအုပ်ကို ဆရာမောင်ထွန်းသူက ရှန်ဂရီလာအမည်နဲ့ပဲ ဘာသာပြန်ထားတာ ရှိပါတယ် ။

ရှန်ဂရီလာလို့ ဆိုလိုက်တာနဲ့ မြန်မာပြည်မြောက်ပိုင်းက ထူးဆန်းမှုတွေနဲ့ ပြည်နှက်နေတဲ့ မသေဆုံးနိုင်သော ဒဏ္ဍာရီနေရာ တစ်ခုဆိုတာကို ကျွန်တော်တို့ တော်တော်များများ ကြားဖူးနားဝရှိကြမှာပါ ။ မြန်မာစာရေးဆရာတွေရဲ့ စာအုပ်တွေထဲမှာလည်း မကြာခဏထည့်ရေးလေ့ရှိပါတယ် ။ ရှန်ဂရီလာနဲ့ ပါတ်သက်လို့ သံတူကြောင်းပွဲအကြောင်းအရာများစွာရှိပေမယ့် တူညီတဲ့အချက်တွေကတော့ ဟိမဝန္တာတောင်တန်းတစ်နေရာတွင်ရှိခြင်း ၊ အေးချမ်းပျော်ရွှင်ဖွယ်ဒေသဖြစ်ခြင်း ၊ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မရှိခြင်း စသည်တို့ ဖြစ်ပါတယ် ။

တကယ်တော့ ရှန်ဂရီလာ (ShangriLa) သည် တိဗက်စကားလုံး Shang (တိဗက်ဒေသတစ်ခု) Gri (တောင်) La (pass) တို့ ပေါင်းလိုက်သောအခါ Shang Mountain Pass ဟု အင်္ဂလိပ်ဘာသာဖြင့် အဓိပါ္ပယ်ဖွင့်နိုင်ပါတယ်။ ရှန်ဂရီလာရဲ့ ပုံပြင်ဟာ တိဗက်ဗုဒ္ဓဘာသာ ရှေးဟောင်းမြို့တော် ရှန်ဘဲလာမှ ဆင်းသက်လာတဲ့ အယူအဆလည်းဖြစ်ပါတယ်။

ဒဏ္ဍရီဇာတ်လမ်းတွေထဲမှာတော့ ရှန်ဂရီလာဆိုတာ မသေဆုံးနိုင်တဲ့ ပြင်ပကမ္ဘာနဲ့ အဆက်အစပ်မရှိတဲ့ ထူးဆန်းတဲ့လူမျိုးများနေထိုင်ရာဒေသဖြစ်ပါတယ်။ ဒီလိျှု့ဝှက်နယ်မြေကို အမှတ်မထင်ရောက်ဖူးသူအချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် အပြင်ပြန်ရောက်ပြီး ဒီနေရာကို ပြန်လည်ရှာဖွေရာမှာတော့ ဘယ်လိုမှရှာဖွေမတွေ့နိုင်တော့ပဲ ဒီနေရာဟာ ပျောက်ခြင်းမလှပျောက်သွားတယ်လို့သိရပါတယ်။

ရှန်ဂရီလာဒေသမှာ လားမားဘုန်းတော်ကြီးတွေ လူတွေရဲ့အတိတ်နဲ့အနာဂတ်ကို ပြောပြနိုင်တဲ့ တိဗတ်ဘုန်းတော်ကြီးတွေ တရားကျင့်ကြံကြပါတယ်။ဒီဒေသကို ကမ္ဘာ့အစိမ်းရောင်နယ်မြေအဖြစ်သတ်မှတ်ထားပြီး တရားဓမ္မတွေထွန်းကားတဲ့ နယ်မြေလည်းဖြစ်ပါတယ်။

ယန်းဇီးမြစ်ကြီး စီးဝင်ရာ ရှန်ဂရီလာဒေသသည် တကယ့်ကို ဒဏ္ဍရီဆန်လောက်အောင်လှပလွန်းတဲ့ ဒေသဖြစ်ပြီး တရုတ်ပြည် ယူနန်စီရင်စုရဲ့ တောင်ဖက်စူးစူးတွက်တည်ရှိသော အံ့သြဖွယ်ရာနယ်မြေတစ်ခုလည်းဖြစ်ပါတယ်။အိန္ဒယ မြောက်ပိုင်းနှင့်တိဗက်ဒေသကြားရှိ ဗုဒ္ဓဘာသာထွန်းကားသော ဟိမဝန္တာတောင်တန်းဒေသများသည် ကမ္ဘာလှည့်ခရီးသည်များအား အလွန်ဆွဲဆောင်နိုင်သော ဒေသလည်းဖြစ်ပါတယ်။

၂၀၀၁ခုနှစ်တွင်တရုတ်နိုင်ငံမှ Zhongdia ဒေသအား ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရန် ရှန်ဂရီလာ ဟုအမည်ပေးခဲ့ပါတယ်။ တိဗက် ဒေသရှိ ဒဏ္ဍာရီဆန်သော ခွန်းလွန်တောင် အချို့ဒေသများဟာလည်း ရှန်ဂရီလာ တည်ရှိတဲ့ ဒေသဟုဆိုကြပါတယ်။ရှန်ဂရီလာတည်ရှိသည်ဟု နာမည်ကြီးထင်ရှားသည့် ဒေသတစ်ခုမှာ ပါကစ္စတ်နိုင်ငံမြောက်ပိုင်းရှိ Hunza တောင်ကြားဒေသဖြစ်တယ်ဟု ဆိုပြန်ပါတယ်။

တိဗက်နယ်စပ်နှင့်နီးသော ထိုနေရာဒေသအား The Lost Horizon မထုတ်ဝေမီ နှစ်အနည်းငယ်ပ Hilton ဟာ သွားရောက်လည်ပတ်ခဲ့ ပါတယ်။ဟိမဝန္တာအနောက်ပိုင်းရှိ တောင်များဝန်းရံထားတဲ့ စိမ်းစိုလန်းဆန်းသော ထိုနယ်မြေဒေသဟာ ဝထ္ထုပါ ရှန်ဂရီလာဒေသနှင့် လည်း ပထဝီအနေအထားအရ နီးနီးစပ်စပ်တူညီမှု့ရှိပါတယ်။ ထိုဒေသမှ ရှန်ဂရီလာ အပန်းဖြေစခန်းသည်လည်း ကမ္ဘာလှည့် ခရီးသည်များအားဆွဲဆောင်နိုင်တဲ့ နေရာဖြစ်ပါတယ်။ရှန်ဂရီလာ၏ အထူးခြားဆုံး အစားအသာက်မှာ ဆတ်သားဟင်းဖြစ်ပါတယ်။ အလွန်ကို ကောင်းမွန်လတ်ဆတ်ပြီး မည်သည့်တေရာတွင်မှ မရနိုင်ဟုလည်း သိရပါတယ်။

#CRDThutazone

#နော်ဂဲလယ်ထူး (စာပေပရဟိတ)