News

ရွာမှာကျန်ခဲ့တဲ့ အမေနဲ့ညီမ လေးကိုလုပ်ကျွေးနေရရှာသော မသန်စွမ်းလူငယ်လေးရဲ့အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီဗျာ

၊လက်ပြတ်လေးမောင်ပြည့်ဖြိုးအောင်ရဲ့အိမ်မက်၊အမေနှင့်ညီမလေး(၂)ယောက်ကိုကြိုးစားပြီရှာကျွေးချင်တယ်၊ပြိုကျနေတဲ့အိမ်လေးကိုအမေနှင့်ညီလေး(၂)ယောက်တွက်ပြန်ပြင်ဆောက်ချင်တယ်။

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

အများနည်းတူအင်္ကျလက်ရှည်လေးဝတ်ပြီ၊ အများနည်းတူလူကြားထဲဇွန်းခရင်းနှင့်စားချင်တယ်၊ လက်အတုလေးရခဲ့ရင်၊ အလုပ်တွေပိုလုပ်ပြီအမေကိုရှာကျွေးမယ်တဲ့၊ထိုသူ့အိမ်မက်လေးတွေသိပ်မကြာခင်အချိန်ကာလမှာအကောင်ထည်ပေါ်လာတော့မယ်၊မနက်ကမနက်စာစားတော့၊ ဆိုင်ကသူစားတဲ့ပန်းကန်မှာဇွန်းခရင်းပါလာတော့အားငယ်သွားပြီ၊`သားလဲကိုကြီးလိုအဲ့လိုဇွန်းခရင်းနဲ့စားချင်တာဗျာ’၊`အေးဟုတ်ပြီကိုကြီးလို သားလက်ရရင်စားရမယ်၊

ခုကိုကြီးက သားနဲ့တူအောင် ခရင်းဖယ်ပြီဇွန်းနဲ့ပဲ တူတူစားကြမယ်ကွာ’ မောင်ပြည့်ဖြိုးအောင်လေးအတွက်ဆီလီကွန်လက်အတုနှင့်အလုပ်လုပ်ဖို့ (အကြမ်းသုံး ,ပစ္စည်းမ)လက်အတု(၂)မျိုးပြုလုပ်ပေးထားပါတယ်ဗျ(အော်ဒါတင်ထားပါပြီ)

လှူဒါန်းပေးကြသောမတည်အလှူရှင်များနှင့်(၇)ရက်သားသမီးများ အားလုံးကို၊ ကလေးကိုယ်စားကျေးဇူးအထူးတင်ရှိပါတယ်၊ သာဓုသာဓုသာဓုခေါ်ဆိုပါတယ်။ ဆံပင်ကုသိုလ်ပြုလျှော်/ညှ.ပ်လုပ်ပေးသော(50)Beauty Houseမှဆရာနှင့်ဆရာမအားလဲကျေးဇူးအထူးတင်ရှိပါတယ်။

ကျေးဇူးတင်ထိုက်သူအားလုံး(ကလေးကိုယ်စား)ကျနော်ကန်တော့ပါတယ်။ကလေးလဲပျော်နေသလို၊ ကျနော်လဲအတော့်ကိုပျော်တာဗျ (Oceanမှာထတောင်ကမိတယ်ပျော်လို့)ဆင်းရဲနွမ်းပါးအဖိုးအဖွားများအတွက်အတူအကွပူးပေါင်းကူညီလှူဒါန်းလိုပါက(ကိုပူတူးနှင့်ဘော်ဒါများ09-5408437)

Zawgyi code ဖြင့် ဖတ်ရန်

၊လက်ပြတ်လေးမောင်ပြည့်ဖြိုးအောင်ရဲ့အိမ်မက်၊အမေနှင့်ညီမလေး(၂)ယောက်ကိုကြိုးစားပြီရှာကျွေးချင်တယ်၊ပြိုကျနေတဲ့အိမ်လေးကိုအမေနှင့်ညီမလေး(၂)ယောက်တွက်ပြန်ပြင်ဆောက်ချင်တယ်။



