Local News















Unicode

ဦးသန်းဌေးဦးဆောင်ကာ အာဂျင်တီးနားတရားရုံး၏တရားစွဲဆိုခြင်းကို မြန်မာပြည်သူလူထုနှင့်လက်တွဲပြီး

အာဂျင်တီးနားတရားရုံး၏တရားစွဲဆိုခြင်းသည်နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အမျိုးသားရေးဂုဏ်သိက္ခာကို

ထိခိုက်စေပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကျူးကျော်ထိပါးခြင်းဖြစ်သဖြင့် မြန်မာပြည်သူလူထုနှင့်လက်တွဲပြီး

တွန်းလှန်ကာကွယ် သွားမည်ဟု ဦးသန်းဌေးဦးဆောင်သည့် နိုင်ငံရေးပါတီ ၂၃ ပါတီက ကြေငြာချက်ထုတ်ပြန်ထားသည်

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေဆဲ လူမျိုးတုံးသတ်ဖြတ်မှု(ဂျီနိုဆိုက်)အတွက်မင်းအောင်လှိုင်နဲ့ စစ်တပ်အရာရှိကြီးတွေအပါအဝင်

မြန်မာစစ်တပ်အား အမှုဖွင့်တာကို အာဂျင်တီးနားတရားရုံးက လက်ခံလိုက်ပြီလို့ ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့အစည်း

(BROUK)က ဒီနေ့(နိုဝင်ဘာ ၂၈ ရက်)ထုတ်ဖော်ပြောဆိုပါတယ်။

၂၀၁၇က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့မှုတွေနဲ့ပတ်သက်လို့အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ

ဂမ်ဘီယာက စွဲဆိုထားတဲ့အမှုကို မြန်မာနိုင်ငံက ရင်ဆိုင် နေရဆဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေကို

စွဲဆိုထားတဲ့အမှုကို အာဂျင်တီးနား တရားရုံးက လက်ခံလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း ရခိုင်ပြည်နယ်မှရိုဟင်ဂျာတွေအပေါ် ကျူး လွန်ခဲ့မှုတွေနဲ့

ပတ်သက်လို့တာဝန်ရှိသူတွေ အထူးသဖြင့် မင်းအောင်လှိုင်နဲ့ စစ်တပ်ခေါင်း ဆောင်ပိုင်းကို အမှုဖွင့်အရေးယူဖို့ ကြိုးပမ်းနေရပါတယ်။