ဗဟုသုတ

အလုပ္ျပဳတ္လို႔ စိတ္ဓာတ္က်ေနရင္ အေကာင္းဆုံးျပန္လည္တည့္မတ္နည္း (၃)ခု

အလုပ္ျပဳတ္လို႔ စိတ္ဓာတ္က်ေနရင္ အေကာင္းဆုံးျပန္လည္တည့္မတ္နည္း (၃)ခု

အလုပ္ျပဳတ္လို႔ စိတ္ဓာတ္က်ေနရင္ အေကာင္းဆုံးျပန္လည္တည့္မတ္နည္း (၃)ခု

အလုပ္ဆုံးရႈံးလိုက္ရတဲ့သူေတြအတြက္ ကိုယ့္ဘဝထဲက အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုဆုံးရႈံးလိုက္ရသလိုပါပဲ။ အလုပ္က အစည္းအေဝးက ငါတို႔ကုမၸဏီအတြက္အေျပာင္းအလဲေတြႀကဳံလာရၿပီး အဲဒီအေျပာင္းအလဲကမင္းအေပၚမွာ သက္ေရာက္မႈရွိတယ္ဆိုတဲ့စကားက ဝန္ထမ္းတိုင္းအတြက္ ေခါင္းေပၚမိုးႀကိဳးပစ္ခ်လိုက္သလိုပါပဲ။

အလုပ္ျပဳတ္သြားတယ္ဆိုတဲ့စကားတစ္ခြန္းက ကိုယ့္ဘဝႀကီးအတြက္အရာရာဆုံးရႈံးလိုက္သလိုခံစားရေစပါတယ္။ ဒီအခ်ိန္မွာ ခံႏိုင္ရည္ရွိ၊ မရွိစမ္းသပ္တဲ့အခ်ိန္ကာလတစ္ခုလည္းျဖစ္ပါတယ္။ အလုပ္ျပဳတ္သြားရင္ ျပန္ထဖို႔နည္းလမ္းက ဘာေတြမ်ားလဲ။

ခုခံမႈ

အဘိဓာန္ထဲမွာေတာ့ ခုခံမႈဆိုတာက တစ္စုံတစ္ရာကို လက္ခံရန္ သို႔မဟုတ္ လိုက္နာဖို႔ျငင္းဆိုျခင္းလို႔ အဓိပၸာယ္ဖြင့္ပါတယ္။ တစ္စုံတစ္ခုကို တားဆီရန္ႀကိဳးပမ္းမႈကိုဆိုလိုတာပါ။ အထူးသျဖင့္ တစ္စုံတစ္ခုေၾကာင့္ ဆိုး႐ြားစြာ မထိုက္ခိုက္ေစဖို႔ စြမ္းရည္ကိုခုခံမႈကိုေခၚပါတယ္။ တကယ္လို႔သင္မထိုက္ခိုက္ဖူးဆိုရင္ သင္မေလ့လာဘဲေနမိမွာပါ။ ဒီလိုအေတြ႕အႀကဳံကို ေျပာင္းလဲဖို႔အခြင့္အေရးအျဖစ္ သင္အသုံးခ်လိုက္ပါ။

ဒါကအၿမဲတမ္းကိစၥမဟုတ္ဘူး

အရာရာက ကိုယ့္ထိန္းခ်ဳပ္မႈေအာက္မွာမရွိႏိုင္ဘူးဆိုတာသတိရပါ။ ၿပီးေတာ့ အလုပ္ျပဳတ္တဲ့ကိစၥကလည္း ခဏတာယာယီအျဖစ္သာရွိေနမွာပါ။ ဘယ္အရာမွ အၿမဲမျဖစ္ႏိုင္ပါဘူး။ အခ်ိန္ယူၿပီးစဥ္းစားပါ။ သင့္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာရွိတဲ့အရာနဲ႔ထိန္းခ်ဳပ္မႈေအာက္မွာမရွိတဲ့အရာ။ သင့္ကိုယ္သင္ေမးတဲ့အခါ အျဖစ္အပ်က္ေတြ၊ အေတြ႕အႀကဳံေတြက လက္ေတြ႕ဆန္တဲ့ ရႈေထာင့္တစ္ခုျဖစ္လာေစမွာပါ။ ကိုယ့္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာမရွိတဲ့အရာေတြက ႐ုန္းကန္မႈေတြ၊ ခုခံမႈေတြအပါအဝင္ တျခားသူေတြရဲ႕ဆုံးျဖတ္ခ်က္ေတြ၊ လုပ္ေဆာင္မႈေတြပါပဲ။

ခံႏိုင္ရည္ရွိျခင္း

ဒီအခ်က္က ေျပာတာလြယ္သေလာက္ တကယ္တမ္းခက္ခဲပါတယ္။ တစ္ခုခုႀကဳံလာတဲ့အခါ ခံႏိုင္ရည္ရွိတဲ့သူနဲ႔၊ ခံႏိုင္ရည္မရွိတဲ့သူ ဘယ္သူက အခက္အခဲေတြကိုပိုခံစားရမယ္ထင္ပါသလဲ။ ဟုတ္ပါတယ္။ ခံႏိုင္ရည္မရွိတဲ့သူက ႏွစ္ဆပိုၿပီးခံစားရပါတယ္။ ခံႏိုင္ရည္ရွိတာက က်န္းမာတဲ့ဘဝကိုပိုင္ဆိုင္ႏိုင္ပါတယ္။ သင့္အေနနဲ႔ ျပႆနာႀကဳံလာတဲ့အခါ ခံႏိုင္ရည္စြမ္းရည္ရွိတာက တစ္ျခားသူေတြထက္သာတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ လူတိုင္းမွာမရွိႏိုင္တဲ့ စြမ္းရည္တစ္ခုလည္းျဖစ္ပါတယ္။

အခြင့္အလမ္းးဂ်ာနယ္

Unicode

အလုပ်ပြုတ်လို့ စိတ်ဓာတ်ကျနေရင် အကောင်းဆုံးပြန်လည်တည့်မတ်နည်း (၃)ခု

အလုပ်ဆုံးရှုံးလိုက်ရတဲ့သူတွေအတွက် ကိုယ့်ဘဝထဲက အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဆုံးရှုံးလိုက်ရသလိုပါပဲ။ အလုပ်က အစည်းအဝေးက ငါတို့ကုမ္ပဏီအတွက်အပြောင်းအလဲတွေကြုံလာရပြီး အဲဒီအပြောင်းအလဲကမင်းအပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတဲ့စကားက ဝန်ထမ်းတိုင်းအတွက် ခေါင်းပေါ်မိုးကြိုးပစ်ချလိုက်သလိုပါပဲ။

အလုပ်ပြုတ်သွားတယ်ဆိုတဲ့စကားတစ်ခွန်းက ကိုယ့်ဘဝကြီးအတွက်အရာရာဆုံးရှုံးလိုက်သလိုခံစားရစေပါတယ်။ ဒီအချိန်မှာ ခံနိုင်ရည်ရှိ၊ မရှိစမ်းသပ်တဲ့အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်။ အလုပ်ပြုတ်သွားရင် ပြန်ထဖို့နည်းလမ်းက ဘာတွေများလဲ။

ခုခံမှု

အဘိဓာန်ထဲမှာတော့ ခုခံမှုဆိုတာက တစ်စုံတစ်ရာကို လက်ခံရန် သို့မဟုတ် လိုက်နာဖို့ငြင်းဆိုခြင်းလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ တစ်စုံတစ်ခုကို တားဆီရန်ကြိုးပမ်းမှုကိုဆိုလိုတာပါ။ အထူးသဖြင့် တစ်စုံတစ်ခုကြောင့် ဆိုးရွားစွာ မထိုက်ခိုက်စေဖို့ စွမ်းရည်ကိုခုခံမှုကိုခေါ်ပါတယ်။ တကယ်လို့သင်မထိုက်ခိုက်ဖူးဆိုရင် သင်မလေ့လာဘဲနေမိမှာပါ။ ဒီလိုအတွေ့အကြုံကို ပြောင်းလဲဖို့အခွင့်အရေးအဖြစ် သင်အသုံးချလိုက်ပါ။

ဒါကအမြဲတမ်းကိစ္စမဟုတ်ဘူး

အရာရာက ကိုယ့်ထိန်းချုပ်မှုအောက်မှာမရှိနိုင်ဘူးဆိုတာသတိရပါ။ ပြီးတော့ အလုပ်ပြုတ်တဲ့ကိစ္စကလည်း ခဏတာယာယီအဖြစ်သာရှိနေမှာပါ။ ဘယ်အရာမှ အမြဲမဖြစ်နိုင်ပါဘူး။ အချိန်ယူပြီးစဉ်းစားပါ။ သင့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့အရာနဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့အရာ။ သင့်ကိုယ်သင်မေးတဲ့အခါ အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေက လက်တွေ့ဆန်တဲ့ ရှုထောင့်တစ်ခုဖြစ်လာစေမှာပါ။ ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့အရာတွေက ရုန်းကန်မှုတွေ၊ ခုခံမှုတွေအပါအဝင် တခြားသူတွေရဲ့ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်မှုတွေပါပဲ။

ခံနိုင်ရည်ရှိခြင်း

ဒီအချက်က ပြောတာလွယ်သလောက် တကယ်တမ်းခက်ခဲပါတယ်။ တစ်ခုခုကြုံလာတဲ့အခါ ခံနိုင်ရည်ရှိတဲ့သူနဲ့၊ ခံနိုင်ရည်မရှိတဲ့သူ ဘယ်သူက အခက်အခဲတွေကိုပိုခံစားရမယ်ထင်ပါသလဲ။ ဟုတ်ပါတယ်။ ခံနိုင်ရည်မရှိတဲ့သူက နှစ်ဆပိုပြီးခံစားရပါတယ်။ ခံနိုင်ရည်ရှိတာက ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါတယ်။ သင့်အနေနဲ့ ပြဿနာကြုံလာတဲ့အခါ ခံနိုင်ရည်စွမ်းရည်ရှိတာက တစ်ခြားသူတွေထက်သာတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ လူတိုင်းမှာမရှိနိုင်တဲ့ စွမ်းရည်တစ်ခုလည်းဖြစ်ပါတယ်။

အခွင့်အလမ်းးဂျာနယ်