News

“စကစ ဟာ ပျားအုံကို တုတ်နဲ့ထိုးလိုက်တာလို့ ပြောကြပြီ”

မြန်မာစစ်တပ်ကို စစ်ရေးအရ ဖိအားမပေးပါက ကြာရှည်သော ပဋိပက္ခဆီကို ရောက်သွားနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီဝင် Chris Sidoti က ပြောကြားပါတယ် ။ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေဘက်ကတော့ အရှုံးပေးမှာမဟုတ်ပဲ ဖိနှိပ်မှု့နဲ့ နှိမ်နင်းမှု့တွေဟာ နာကြည်းသထက် နာကြာ်းစရာတွေ ဖြစ်နေလို့ပါ တဲ့ ။

” လူအသေအပျောက်များတဲ့ စစ်ကြောရေးစခန်းတွေမှာ အသက်သေစေတဲ့အထိ ခြိမ်းခြောက်ခံနေရပေမယ့် ပြည်သူတွေရဲ့ နာကြည်းမှု့ဟာ ဒီဒုက္ခတွေကို ကျော်လွှားပြီး လူရမ်းကားတွေကို ဆက်လက်ရင်ဆိုင်နေပါတယ် ။ စစ်တပ်ကထုတ်ပြန်တဲ့ အမိန့်တွေကို ဆန့်ကျင်ကြတယ် ။ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အားမပေးကြပါဘူး ။ ခုခံကာကွယ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လျှင်မြန်တဲ့ ဖြန့်ကျက်မှု့တွေနဲ့ တုံ့ပြန်မှု့တွေ ရှိနေတာကို မြန်မာစစ်ဗိုလ်ချုပ်တွေ အံ့အားသင့်ခဲ့ပါတယ် ။ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးဖြစ်နေတဲ့ မြန်မာစစ်တပ်ကို ပြည်သူတွေရဲ့ အလှုငွေတွေနဲ့ အချိန်တိုအတွင်းမှာ တုံ့ပြန်လာပါတယ် ။ ”

” အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ လက်နက်ကောင်းတွေကိုင်နိုင်ဖို့ ပြည်သူတွေရဲ့ ကူညီမှု့နဲ့ ကိုယ်ထုကိုယ်ထ လုပ်ရပါတယ် ။ ကျပ်ငွေတန်ဖိုး ကျဆင်းသွားတဲ့အတွက် လက်နက်ကောင်းတွေကို စျေးကြီးပေးပြီး ဝယ်နေရပါတယ် ။ အမ် ၁၆ ရိုင်ဖယ်တစ်လက်ကို ကျပ်ငွေ ၄ သိန်းခန့်နဲ့ အေကေ 47 တစ်လက်ကို ကျပ်ငွေ ၅ သိန်းခန့်နဲ့ ပေးဝယ်နေရပါတယ် ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ကရင်နဲ့ ကချင်က ပြည်သူ့ကာကွယ်ရေးတပ်တွေအပေါ် အကူအညီပေးနေပေမယ့် အချို့အဖွဲ့များကတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှု့ကနေ ဝယ်နိုင်လာတဲ့ လက်နက်ကောင်းတွေကို အကူအညီမပေးကြပဲ မသိသလိုလုပ်နေကြပါတယ် ။ မြန်မာစစ်တပ်ကိုတော့ ရုရှားနဲ့ တရုပ်ကနေ လက်နက်တွေ ရောင်းပေးပါတယ် ။ ”

” သို့ပေမယ့် နာကြည်းချက်တွေအပြည့်နဲ့ မြန်မာပြည်သူတွေဟာ စည်းလုံးညီညွတ်စွာနဲ့ အာဏာရှင်ကို ပြောက်ကျားနည်းစနစ်နဲ့ တိုက်ခိုက်လာကြတာပါ ။ အရာရှိတွေကို သတ်ဖြတ်နိုင်တယ် ။ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့တွေကို မိုင်းခွဲတိုက်ခိုက်နိုင်တယ် ။ စစ်တပ်ပိုင် ဆက်သွယ်ရေးတာဝါတိုင်တွေကို ဖျက်ဆီးနိုင်ခဲ့တယ် ။ ”

” မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်မှု့အရ လက်နက်ကိုင် စစ်သား သုံးထောင်ကျော် ကျဆုံးခဲ့ပါတယ် ။ ရဲတပ်ဖွဲ့ဝင် ရှစ်ထောင်ကျော် ထွက်ပြေးကြပါတယ် ။ ဒီအခြေအနေမှာ မြန်မာစစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်တာဟာ မြန်မာပြည်သူတွေအတွက် မှတပါး အခြားမရှိ ဆိုသလို တော်လှန်ရေးကို အရှိန်မြှင့်လာတဲ့အခါ ကုလနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အချိန်မီ စစ်ရေးအရ ဝင်ရောက် အရေးယူဖို့သာ ရှိပါတော့တယ် ”
လို့ တင်ပြလိုက်ပါတယ် ။

” လွန်ခဲ့တဲ့ ၆ လလောက်က လက်နက်ကိုင်တော်လှန်ရေးဟာ ရေရှည်မှာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ် ။ သို့ပေမယ့် နိုင်ငံအနှံ့အပြားက ပြည်သူတွေရဲ့ တော်လှန်ရေးဟာ သိပ်ကို စည်းလုံးကြတယ် ။ ပ်ြသူတွေကို နှိမ်နင်း ဖိနှိပ်နေတာဟာ စစ်ကောင်စီအတွက်တော့ ပျားအုံကို တုတ်နဲ့ဆွနေတာ နဲ့ တူပါတယ် ”
လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးပြု လေ့လာသုံးသပ်သူ David Mathieson က ပြောကြားထားပါတယ် ။

နော်ဝေးနိုင်ငံက နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီဥက္ကဌ Berit Reiss-Andersen ကတော့

” နိုဘယ်လ်ငြမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ်က စွပ်စွဲချက်တွေဟာ အာဏာရှင်ရဲ့ ဒီမိုကရေစီ နှိပ်ကွပ်ရေး လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေအတွက် လွတ်လပ်မှု့နဲ့ ဒီမိုကရေစီပန်းတိုင်အတွက် သူ့အသက်ကို စတေးထားပြီး နှစ်ပေါင်း ၃၀ ကျော် ရင်ဆိုင်နေသူပါ ” လို့ ဆိုပါတယ် ။

” ကျွန်မ အတိအကျ အခိုင်အမာ ပြောနိုင်တာက ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိတယ်လို့ စီရင်ချက်ချတာဟာ အတုအယောင် တစ်ခုဆိုတာ ရဲရဲဝံ့ဝံ့ ပြောရဲပါတယ် ။ လက်နက်မဲ့ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေအပေါ် တာဝန်ခံမှု့ ရှိစေရပါမယ် “လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောကြားလိုက်ပါတယ် ။

သုံးသပ်ရရင် ……၊

ပျားအုံကို တုတ်နဲ့ထိုးလိုက်မိတဲ့ မြန်မာစစ်ကောင်စီဟာ အသိုက်ကို ဖျက်စီးလိုက်ရင် ဒီမိုကရေစီ အမြစ်ပြတ်သွားမယ်လို့ ထင်ခဲ့ပုံပါပဲ ။ သို့ပေမယ့် ရက်စက်စွာ ဖိနှိပ် နှိမ်နင်းလေလေ ၊ ပြည်သူတွေရဲ့ တော်လှန်လိုစိတ်က ရဲရင့်လေလေပါပဲ ။ ဒီလိုလုပ်လေလေ ကုလနဲ့ နိုင်ငံတကာရဲ့ အသိအမတ်ပြုမှု့နဲ့ ဝေးဝေးလာပြီး ပြည်သူတွေဘက်ကသာ ရပ်တည်နေပါတယ် ။

ဘကြီးအောင် LA

6 December, 2021