News

ကိုယ့်ကိုယ်ကိုအဆုံးစီရင်သည့်စက် ဆွစ်ဇာလန်တွင် တရားဝင်ခွင့်ပြုတော့မည်

ကိုယ့်ကိုယ်ကိုအဆုံးစီရင်သည့်စက် ဆွစ်ဇာလန်တွင် တရားဝင်ခွင့်ပြုတော့မည်

ဇူးရစ်၊ ဒီဇင်ဘာ ၆

မိမိကိုယ်မိမိ အဆုံးစီရင်လိုသူများအတွက် 3D ပရင့်တာနည်းပညာဖြင့်ပြုလုပ်ထားသည့် အထောက်အကူပြုစက်တစ်မျိုးကို ဆွစ်ဇာလန်နိုင်ငံတွင် တရားဝင်အသုံးပြုခွင့်ပေးတော့မည်ဖြစ်သည်။

ယင်းစက်ကို ဆာကို(Sarco)ဟု အမည်ပေးထားပြီး၊ အခေါင်းသဏ္ဍာန် ခေတ်မီဒီဇိုင်းဖြင့် ပုံစံထုတ်ထားသည်။ မိမိကိုယ်မိမိအဆုံးစီရင်လိုသူသည် အဆိုပါ စက်ထဲသို့ဝင်ရောက်လှဲလျောင်းရမည်ဖြစ်ပြီး setting များချိန်ညှိပြီးနောက် activate ခလုပ်ကိုနှိပ်ရမည်ဖြစ်သည်။

၂၀၂ဝပြည့်နှစ်အတွင်းကဆွစ်ဇာလန်နိုင်ငံတွင်လူ၁၃၀၀ခန့် မိမိကိုယ်မိမိအဆုံးစီရင်ခဲ့ကြပြီး၊ဆွစ်ဇာလန်နိုင်ငံရှိအကြီးဆုံးသောအဆုံးစီရင်ရေးဆိုင်ရာ အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးသော အဖွဲ့ ၂ဖွဲ့ဖြစ်ကြသည့် Exit နှင့် Dignitas တို့၏ အကူအညီဖြင့် မိမိကိုယ်မိမိအဆုံးစီရင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ဆွစ်ဇာလန်နိုင်ငံ၏ ဥပဒေအရ ယင်းစက်ကို လာမည့် ၂၀၂၂ တွင် တရားဝင်ခွင့်ပြုနိုင်ချေရှိသည်ဆို၏။

ဆွစ်ဇာလန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံအချို့ဝယ် ကျန်းမာရေးဆိုးရွားကာ မည်သို့မျှနလန်မထူတော့ခြင်းမျိုးဆိုင်ရာ အထူးအခြေအနေတစ်ရပ်တွင် မိမိကိုယ်မိမိ အဆုံးစီရင်ခွင့်ကို တရားဝင်ပြဌာန်းထားကြောင်းသိရသည်။

ကိုးကား

Sarco suicide capsule ‘passes legal review’ in Switzerland