ဗဟုသုတ

အံ့အားသင့်ဖွယ် ထမင်းရည်ရဲ့အလှအပလျှို့ဝှက်ချက်

ထမင်းရည်ရဲ့အလှအပလျှို့ဝှက်ချက်

ထမင်းပေါင်းအိုးနဲ့သာ ချက်လေ့ရှိလာတဲ့ အခါ ထမင်းရည် ရဖို့ ခက်လာတတ်ပါတယ်။ တကယ်တော့ ထမင်းရည်ဟာ အလှအပ အတွက် အတော်လေး အသုံးဝင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။

၁။ ကြည်လင်သန့်စင်သောမျက်နှာရရှိအောင်

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီးမျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။

Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။

ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။

၂။ ဆံပင်သားအတွက်

ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာအတွက်

ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာအဖုအပိမ့်ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊နာကျင်မှုခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါတယ်။ Brussels University လေ့လာတွေရှိချက်အရအရေပြားရောဂါရှိသူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန်နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။

၄။ ကျန်းမာရေးအတွက်

ထမင်းရည်ကိုသောက်ပေးတဲ့အလေ့အကျင့်ဟာအရင်တုန်းကရှိပေမယ့်အခုတော့မလုပ်ကြတော့ပါဘူး။အမှန်တော့ထမင်းရည်ဟာအာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။

ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။

ကိုယ်အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။

ပြုလုပ်နည်း

ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။

Credit…….

ထမင္းရည္ရဲ႕အလွအပလွ်ိဳ႕ဝွက္ခ်က္

ထမင္းေပါင္းအိုးနဲ႔သာ ခ်က္ေလ့ရွိလာတဲ့ အခါ ထမင္းရည္ ရဖို႔ ခက္လာတတ္ပါတယ္။ တကယ္ေတာ့ ထမင္းရည္ဟာ အလွအပ အတြက္ အေတာ္ေလး အသုံးဝင္တဲ့ အရာတစ္ခု ျဖစ္ပါတယ္။

၁။ ၾကည္လင္သန႔္စင္ေသာမ်က္ႏွာရရွိေအာင္

မိန္းကေလးမ်ား မ်က္ႏွာကို သန႔္စင္ ၿပီးတဲ့အခါ အေအးခံထားတဲ့ ထမင္းရည္ကို ဂြမ္းစအနည္းငယ္နဲ႔တို႔ၿပီး မ်က္ႏွာ ျပင္အႏွံ႔ပြတ္ေပးရင္ ထမင္းရည္က Toner အျဖစ္ေဆာင္႐ြက္ေပးၿပီး မ်က္ႏွာကို တင္းရင္းေနေစမွာပါ။ Inositol လို႔ေခၚတဲ့ ဗီတာမင္ဘီ ဓာတ္တစ္မ်ိဳး ႂကြယ္ဝတာေၾကာင့္ အိုမင္းရင့္ေရာ္မႈ ျဖစ္စဥ္ကို ေႏွးေစကာ ေသြးလည္ပတ္မႈ ကိုလည္း ေကာင္းေစပါတယ္။

မ်က္ႏွာ ေပၚမွာရွိတဲ့ ေခြၽးေပါက္ေတြကို က်ဥ္းေစ ၿပီး မ်က္ႏွာကို ဝင္းပေအာင္ျပဳလုပ္ေပး ႏိုင္ပါတယ္။ ဒါ့အျပင္ ေရဓာတ္ကိုထိန္း သိမ္းေပးႏိုင္တဲ့ဓာတ္၊ အင္တီေအာက္ဆီ ဒင့္ဓာတ္၊ ခရမ္းလြန္ေရာင္ျခည္ကို စုပ္ယူ ႏိုင္တဲ့ဓာတ္ေတြဟာ သဘာဝအရ ေၾကး နီဓာတ္ကိုစုပ္ယူေပးၿပီး မ်က္ႏွာျပင္မွာ မယ္လနင္ေတြ စုပုံေနတာနဲ႔ အသက္ႀကီး လို႔ျဖစ္ေပၚတတ္တဲ့ အနီကြက္ေတြမွ ကာကြယ္ေပးပါတယ္။

၂။ ဆံပင္သားအတြက္

ေခါင္းေလွ်ာ္ၿပီးတဲ့အခါ ေအးေနတဲ့ ထမင္းရည္ အနည္းငယ္ကို ဆံသားမွာ လိမ္းေပးၿပီး မိနစ္အနည္းငယ္ထားပါ။ နည္းနည္းၾကာရင္ ေရေဆးခ်လို႔ ရပါ တယ္။ထမင္းရည္မွာပါဝင္တဲ့ ပ႐ိုတင္း ဓာတ္က ဆံသားကို ေျဖာင့္စင္းေစတဲ့ အျပင္ ဆံလုံးကြဲအက္ေနတာေတြကိုပါ ျပန္ျပည့္ေစပါတယ္။ ရလဒ္ကေတာ့ ဆံသားဟာ ေခ်ာမြတ္ေျပာင္လက္ေနၿပီး အိေထြးေနတာပဲ ျဖစ္ပါတယ္။

၃။ ကိုယ္ခႏၶာအတြက္

ထမင္းရည္မွာ ေခ်ာေမြ႕ေနတဲ့ သဘာဝ ရွိတာေၾကာင့္ ခႏၶာကိုယ္မွာ အဖုအပိမ့္ ထြက္တာနဲ႔ က်ိန္းစပ္စပ္ ျဖစ္ေနတဲ့ ဒဏ္ရာေတြ၊ နာက်င္မႈ ခံစားေနရတဲ့ အ ေရျပားေနရာေတြမွာ သက္သာေစပါ တယ္။ Brussels University ေလ့လာေတြရွိခ်က္အရ အေရျပားေရာဂါရွိ သူေတြနဲ႔ နာတာရွည္အေရျပားေရာင္ ရမ္းသူေတြမွာတစ္ေန႔ကို ပုံမွန္ ႏွစ္ႀကိမ္ တစ္ဆယ့္ငါးမိနစ္ခန႔္ ထမင္းရည္နဲ႔ ေဆး ေပးတာဟာ တိုးတက္မႈ ၂၀ ရာခိုင္ႏႈန္း ထိ ရွိလာတယ္လို႔ ဆိုပါတယ္။

၄။ က်န္းမာေရးအတြက္

ထမင္းရည္ကို ေသာက္ေပးတဲ့အေလ့အက်င့္ဟာ အရင္တုန္းကရွိေပမယ့္ အခုေတာ့ မလုပ္ၾကေတာ့ပါဘူး။အမွန္ေတာ့ထမင္းရည္ဟာ အာဟာရျပည့္ဝၿပီး က်န္းမာေရးအတြက္ အက်ိဳးျပဳပါတယ္။ သူဟာ မရွိမျဖစ္ အမိုႏိုအက္စစ္ ရွစ္မ်ိဳးပါဝင္တာ ျဖစ္တဲ့အတြက္ ခႏၶာကိုယ္မွာ တစ္သွ်ဴးနဲ႔ ႂကြက္သား ျပန္လည္တည္ ေဆာက္ရာမွာ အေထာက္အပံ့ေပးပါတယ္။ ေနာက္ၿပီး ကာဗိုဟိုက္ဒရိတ္လည္း အမ်ားအျပား ပါတာေၾကာင့္ လိုအပ္တဲ့ စြမ္းအင္ျဖစ္ေပၚဖို႔ ကူညီေပးႏိုင္ပါတယ္။

ဝမ္းေလွ်ာတာကိုလည္း သက္သာေစတဲ့အတြက္ အစာအိမ္နဲ႔ အူလမ္းေၾကာင္း ေရာင္ရမ္းလို႔ ကုသတဲ့ေနရာမွာအသုံးဝင္တယ္ လို႔ဆိုပါတယ္။အယ္လ္ဇိုင္းမားေရာဂါ ကိုလည္း ကာကြယ္ေပးႏိုင္ ပါတယ္။ ကိုယ္အပူခ်ိန္က်ေစတဲ့အျပင္ ကင္ဆာေၾကာင့္ ျဖစ္တဲ့ ေသြးဖိအားတိုးတာေတြမွလည္း ကာကြယ္ေပးႏိုင္တယ္လို႔ ေလ့လာေတြ႕ ရွိခ်က္ေတြအရ သိရပါတယ္။ ဒါေၾကာင့္ အလွအပအတြက္သာမက က်န္းမာေရး အတြက္ပါ အသုံးတည့္လွတဲ့ ထမင္းရည္ ကို လက္ေတြ႕အသုံးခ်ႏိုင္ဖို႔ အႀကံေပး လိုက္ရပါတယ္။

ျပဳလုပ္နည္း

ထမင္းခ်က္တဲ့အခါ ေရအနည္းငယ္ ပိုထည့္ၿပီး က်က္တဲ့အခါ ပိုေနတဲ့အရည္ ၾကည္ေလးကို အဖုံးပါတဲ့ ကရားေလးထဲ မွာထည့္ပါ။ ေရခဲေသတၱာထဲမွာ အေအး ခံၿပီးရင္ေတာ့သုံးလို႔ရပါၿပီ။

Credit