ဗဟုသုတ

အဝတ်လျှော်ရာမှာ အရမ်းအသုံးတည့်တဲ့ ရှာလကာရည်

အဝတ်လျှော်ရာမှာ အရမ်းအသုံးတည့်တဲ့ ရှာလကာရည်

အနံ့ဆိုးတွေ အစွန်းအထင်းတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

ရှာလကာရည်ကို အဝတ်လျှော်တဲ့ အခါ အသုံးပြုပေးရင် ရလာမယ့် အကျိုးကျေးဇူးတွေ အကြောင်းကို brightside မှာ အခုလိုဖော်ပြထားပါတယ်။

– တောက်ပလာစေ

အဝတ်အစားအဖြူတွေ ကြာလာတော့ ညစ်ထေးလာတယ်ဆိုရင် ရှာလကာရည် သုံးပြီး လျှော်ကြည့်ပါ။

ရှာလကာရည်သုံးစိမ်တာပဲ ဖြစ်ဖြစ်၊အဝတ် လျှော်စက်ထဲကို ရှာလကာရည် ထည့်လျှော် ဖြစ်ဖြစ် လုပ်ကြည့်ပါ။

ညစ်ထေးနေတာတွေကို ဖယ်ရှားပြီး တောက်ပ လာစေမှာပါ။

-အနံ့ဆိုးတွေကို ဖယ်ရှားပေး

အဝတ်အစားတွေကို ဝတ်ပါများရင် ချွေးနံ့တွေ စွဲကပ်နေတတ်ပါတယ်။

အဲဒီလို အခါမျိုးတွေမှာလည်း ရှာလကာရည်ကို သုံးပေးလို့ရပါတယ်။

ရှာလကာရည်နဲ့ ရေ ကို အချိုးကျ အညီအမျှ ရောပြီး နံနေတဲ့ အဝတ်အစားကို မိနစ် ၃၀ ကြာ စိမ်ပေးပါ။

baking soda ဒါမှမဟုတ် သံပုရာရည်လေးပါ ရေထဲကို ထည့်ပေးရင် ပိုစွမ်းပါတယ်။

– အရောင်လွင့်တာ သက်သာစေ

အဝတ်အစားတွေက ဝတ်ပါများရင် အရောင်တွေလွင့်တတ်ပါတယ်။

ချည်ထည်တို့လို အဝတ်အစားမျိုးတွေ ရေလျှော်တိုင်း အရောင်လွင့်တာ မဖြစ်ရအောင် ရှာလကာရည်ကို အသုံးပြုပြီး လျှော်ကြည့်ပါ။

ရှာလကာရည် လက်ဖက်ရည်ခွက် တစ်ခွက်ကို ထည့်ပြီး လျှော်ပါ။

-ချည်သားတွေကို နူးညံ့စေ

အဝတ်အစားတွေကို လျှော်တဲ့အခါ မာတောင့်တောင့်ကြီးမဖြစ်ပဲ နူးညံ့စေချင်ရင်တော့ အဖြူရောင်ရှာလကာရည် လက်ဖက်ရည်ခွက် တစ်ခွက်ကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ပေးပါ။

လျှော်တဲ့ နောက်ဆုံး အခေါက်လှည့်တဲ့ အခါမျိုးမှာ ထည့်ပေးပါ။သဘာဝချည်သား အဝတ်အထည်လေးတွေကို နူးညံ့ သွားစေပါတယ်။

-အဝတ်လျှော်စက်ကို သန့်ရှင်းပေး

အဝတ်လျှော်စက်ကို အသုံးပြုတာ ကြာလာရင် သူ့ကိုလည်း သန့်စင်ပေးဖို့ လိုအပ်ပါတယ်။

အဲဒီအတွက် တော့ ရှာလကာရည်က အကောင်းဆုံးပါ။ပုံမှန်ထည့်နေကျ ဆပ်ပြာမှုန့်နဲ့ အဝတ်အစားတို့မပါပဲ ရှာလကာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရေ ကို ရောပြီး အဝတ်လျှော်စက်ကို လှည့်ပေးလိုက်ပါ။

ဒါကတော့ အဝတ်လျှော် စက်ကို ရှာလကာရည်နဲ့ ဆေးကြောသန့်စင်လိုက်တာပါ။

Credit with respect

အဝတ္ေလွ်ာ္ရာမွာ အရမ္းအသုံးတည့္တဲ့ ရွာလကာရည္

အနံ႔ဆိုးေတြ အစြန္းအထင္းေတြကို ဖယ္ရွားရွင္းလင္းေပးႏိုင္တဲ့ အစြမ္းရွိပါတယ္။

ရွာလကာရည္ကို အဝတ္ေလွ်ာ္တဲ့ အခါ အသုံးျပဳေပးရင္ ရလာမယ့္ အက်ိဳးေက်းဇူးေတြ အေၾကာင္းကို brightside မွာ အခုလိုေဖာ္ျပထားပါတယ္။

– ေတာက္ပလာေစ

အဝတ္အစားအျဖဴေတြ ၾကာလာေတာ့ ညစ္ေထးလာတယ္ဆိုရင္ ရွာလကာရည္ သုံးၿပီး ေလွ်ာ္ၾကည့္ပါ။

ရွာလကာရည္သုံးစိမ္တာပဲ ျဖစ္ျဖစ္၊အဝတ္ ေလွ်ာ္စက္ထဲကို ရွာလကာရည္ ထည့္ေလွ်ာ္ ျဖစ္ျဖစ္ လုပ္ၾကည့္ပါ။

ညစ္ေထးေနတာေတြကို ဖယ္ရွားၿပီး ေတာက္ပ လာေစမွာပါ။

-အနံ႔ဆိုးေတြကို ဖယ္ရွားေပး

အဝတ္အစားေတြကို ဝတ္ပါမ်ားရင္ ေခြၽးနံ႔ေတြ စြဲကပ္ေနတတ္ပါတယ္။

အဲဒီလို အခါမ်ိဳးေတြမွာလည္း ရွာလကာရည္ကို သုံးေပးလို႔ရပါတယ္။

ရွာလကာရည္နဲ႔ ေရ ကို အခ်ိဳးက် အညီအမွ် ေရာၿပီး နံေနတဲ့ အဝတ္အစားကို မိနစ္ ၃၀ ၾကာ စိမ္ေပးပါ။

baking soda ဒါမွမဟုတ္ သံပုရာရည္ေလးပါ ေရထဲကို ထည့္ေပးရင္ ပိုစြမ္းပါတယ္။

– အေရာင္လြင့္တာ သက္သာေစ

အဝတ္အစားေတြက ဝတ္ပါမ်ားရင္ အေရာင္ေတြလြင့္တတ္ပါတယ္။

ခ်ည္ထည္တို႔လို အဝတ္အစားမ်ိဳးေတြ ေရေလွ်ာ္တိုင္း အေရာင္လြင့္တာ မျဖစ္ရေအာင္ ရွာလကာရည္ကို အသုံးျပဳၿပီး ေလွ်ာ္ၾကည့္ပါ။

ရွာလကာရည္ လက္ဖက္ရည္ခြက္ တစ္ခြက္ကို ထည့္ၿပီး ေလွ်ာ္ပါ။

-ခ်ည္သားေတြကို ႏူးညံ့ေစ

အဝတ္အစားေတြကို ေလွ်ာ္တဲ့ အခါ မာေတာင့္ေတာင့္ႀကီး မျဖစ္ပဲ ႏူးညံ့ေစခ်င္ရင္ေတာ့ အျဖဴေရာင္ရွာလကာရည္လက္ဖက္ရည္ခြက္တစ္ခြက္ကို အဝတ္ေလွ်ာ္စက္ထဲ ထည့္ေလွ်ာ္ေပးပါ။

ေလွ်ာ္တဲ့ ေနာက္ဆုံး အေခါက္လွည့္တဲ့ အခါမ်ိဳးမွာ ထည့္ေပးပါ။သဘာဝခ်ည္သား အဝတ္အထည္ေလးေတြကို ႏူးညံ့ သြားေစပါတယ္။

-အဝတ္ေလွ်ာ္စက္ကို သန႔္ရွင္းေပး

အဝတ္ေလွ်ာ္စက္ကို အသုံးျပဳတာ ၾကာလာရင္ သူ႔ကိုလည္း သန႔္စင္ေပးဖို႔ လိုအပ္ပါတယ္။

အဲဒီအတြက္ ေတာ့ ရွာလကာရည္က အေကာင္းဆုံးပါ။ ပုံမွန္ထည့္ေနက် ဆပ္ျပာမႈန႔္နဲ႔ အဝတ္အစားတို႔မပါပဲ ရွာလကာရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ေရကို ေရာၿပီး အဝတ္ေလွ်ာ္စက္ကို လွည့္ေပးလိုက္ပါ။

ဒါကေတာ့ အဝတ္ေလွ်ာ္ စက္ကို ရွာလကာရည္နဲ႔ ေဆးေၾကာသန႔္စင္လိုက္တာပါ