News

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ကို ထောင်ဒဏ် ချမှတ်လိုက်ပြီ”

Breaking News-

ရန်ကုန်၊ ဒီဇင်ဘာ ၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ စစ်ကောင်စီတရားရုံးက ချမှတ်လိုက်ကြောင်း AFP သတင်းနှင့် ဘီဘီစီသတင်းများအရ သိရှိရသည်။

AFP က စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကား၍ သတင်းဖော်ပြခြင်းဖြစ်ပြီး ဘီဘီစီသတင်းအရမူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က
ထောင်ဒဏ် ၄ နှစ်၊ သမ္မတဦးဝင်းမြင့်က ထောင်ဒဏ် ၄ နှစ်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရကြောင်း သတင်းဖော်ပြထားကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို သဘာ၀ ဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Zawgyi

Breaking News-

ရန္ကုန္၊ ဒီဇင္ဘာ ၆

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတဦးဝင္းျမင့္တို႔ကို ေထာင္ဒဏ္ ၄ ႏွစ္စီ စစ္ေကာင္စီတရား႐ုံးက ခ်မွတ္လိုက္ေၾကာင္း AFP သတင္းႏွင့္ ဘီဘီစီသတင္းမ်ားအရ သိရွိရသည္။

AFP က စစ္ေကာင္စီေျပာခြင့္ရပုဂၢိဳလ္ကို ကိုးကား၍ သတင္းေဖာ္ျပျခင္းျဖစ္ၿပီး ဘီဘီစီသတင္းအရမူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က
ေထာင္ဒဏ္ ၄ ႏွစ္၊ သမၼတဦးဝင္းျမင့္က ေထာင္ဒဏ္ ၄ ႏွစ္ႏွင့္ ေနျပည္ေတာ္ ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္က ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံရေၾကာင္း သတင္းေဖာ္ျပထားၾကသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္တို႔ကို သဘာ၀ ေဘး အႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒအရ ေထာင္ဒဏ္ ၂ ႏွစ္၊ ပုဒ္မ ၅၀၅ ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ စုစုေပါင္း ၄ ႏွစ္ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။