News

“မင်းတို့မြို့တွေ ရွာတွေ အပျက်ခံကြတော့မှာလား” ဆိုပြီး စကစ က ဝါဒဖြန့်စာရွက်တွေ လိုက်ဝေနေ”

“မင်းတို့မြို့တွေ ရွာတွေ အပျက်ခံကြတော့မှာလား၊တပ်မတော်နဲ့ပူပေါင်းပြီး PDFကိုတိုက်ဖျက်ကြစို့”ဆိုတဲ့ စစ်ကောင်စီမှ ဝါဒဖြန့် စာရွက်ကို လိုက်လံဖြန့်ဝေနေ

ဒီဇင်ဘာ၂၊RNA News

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီမှ နိုဝင်ဘာလကုန်ပိုင်းအတွင်းမှာ အခြေမြစ်မရှိသည့် စာရွက်တွေကို ရဟတ်ယာဉ်ပေါ်ကနေ ဖြန်ကြဲနေသလို မြေပြင် စစ်ဆေးရေးဂိတ်တွေမှာလည်း ပေးဆောင်နေတယ်လို့ သိရှိရပါတယ်။

ဒီကနေ့ မုံရွာမြို့ တောင်ဘက်အထွက်မှာ အဲ့ဒီဝါဒဖြန့်စာရွက်ကို အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်က နေ့လည်၁နာရီဝန်းကျင်မှာ ဝေငှနေတယ်လို့ အမည်မဖော်လိုသည့် ဖြတ်သွားဖြတ်လာသူတစ်ဦးက RNAကိုပြောပါတယ်။

“အဲ့ဒီစာရွက်တွေဝေနေတာဗျာ၊မြင်မကောင်းဘူး၊အီးကုန်းစက္ကူသာသာလောက်ပဲရှိတာကို ဘာလုပ်မှာလဲ၊ကျနော်ကတော့ သူတို့ပေးတာကိုယူလိုက်တယ်၊လမ်းမှာလွှင့်ပစ်ခဲ့တယ်”ဆိုပါတယ်။

အဲ့ဒီစာရွက်မှာ ခေါင်းစဉ်၅မျိုးဖြင့် ရေးသားဖော်ပြထားတာဖြစ်ပြီး NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြို့ဇေယျာသော်အပါအဝင် လူငယ်အများစု ဖမ်းဆီးခံရသည့်ပုံကို ထည့်သွင်းထားပြီးနောက် တပ်မတော်မှလက်နက်တပ်ဆင်ပေးထားသောအဖွဲ့ ၁၀၀ကျော်၊ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ ၃၀၀၀ကျော်နှင့် လက်နက်မျိုးစုံ၃၀၀၀ကျော်တပ်ဆင်ပေးထားပြီးပြီဟု ဝါဒဖြန့်စာရွက်ထဲမှာ ရေးသားဖော်ပြထားပါသည်။

ဓာတ်ပုံ-CJ