ဗဟုသုတ

သင့်ခွေးလေး ဆို့နင်နေရင် ဒီနည်းလမ်းတွေကို အသုံးပြုပါ

အိမ်မွေးတိရိစ္ဆာန်လေးတွေ ဆိုတာ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ တစ်ခုခု အရေးပေါ်အခြေအနေ ကြုံလာရင်လည်းသူတို့ကိုကူညီပေးဖို့ကလည်းမိသားစုတွေပဲ ရှိပါတယ်။ ရုတ်တရက် ဓာတ်မတည့်တာပဲဖြစ်ဖြစ်၊ အရိုးစူးတာပဲဖြစ်ဖြစ်က အသက်ရှုလမ်းကြောင်းကို ပိတ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဒီလို အရေးပေါ်အခြေအနေတွေ ကြုံလာရင် ဘယ်လိုတွေ ပြုလုပ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

သင့်အိမ်မွေးတိရိစ္ဆာန်လေး ဆို့နင်နေလား ဆိုတာကို ဘယ်လိုကြည့်မလဲ။

သင့်ခွေး ဒါမှမဟုတ် ကြောင်က တစ်ခုခု ဆို့နင်နေပြီဆိုရင် အောက်မှာပြထားတဲ့ လက္ခဏာအချို့ကို ပြသနေမှာပဲ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေက တစ်ခုနဲ့တစ်ခု မတူညီတာကြောင့် အကုန်လုံးကို သေချာလေး မှတ်ထားသင့်ပါတယ်။

– ထိတ်လန့်ကြောက်ရွံ့နေမယ်

– တစ်ခုခု (ဒါမှမဟုတ်) ကြမ်းပြင်ကို ကုတ်ခြစ်နေမယ်

– သွားရည်ကျနေမယ်

– ပါးစပ်ကြီး အတင်းပိတ်နေမယ်

– ချောင်းဆိုးမယ်

– အသက်ရှူရ ခက်နေမယ်

– လျှာတွေ ပြာနေမယ်

ဒီလိုတွေဖြစ်နေပြီ ဆိုရင်တော့ အချိန်ဆွဲမနေပဲ တိရစ္ဆာန်ဆေးကုခန်းကို အမြန်ဆုံး သွားပြသင့်ပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရလို့ပါ။ တကယ်လို့ သွားဖို့အဆင်မပြေဘူး ဆိုရင်လည်း ကိုယ်တိုင် ကုသပေးလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

အဆင့် (၁) – သင့်အိမ်မွေးတိရိစ္ဆာန်လေးရဲ့ အသက်ရှုလမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့ အရာကို အရင်ဖယ်ရှားပါ။

အရင်ဆုံး သင့်အိမ်မွေးတိရိစ္ဆာန်လေးကို သေချာလေး ချုပ်ထားပါ။ သူတို့ကလည်း လည်ပင်းထဲမှာ နာကျင်နေတာကြောင့် ရုန်းနိုင်ပါတယ်။ ဒါကြောင့် အရင်ဆုံး သူတို့မရုန်းနိုင်အောင် သေချာလေး ချုပ်ထားသင့်ပါတယ်။

လျှာကို တစ်ဖက်ကို ဆွဲထုတ်ပြီး ပါးစပ်ကို တတ်နိုင်သမျှ ကျယ်အောင်ဖွင့်ပါ။ ပါးစပ်ကို ဖွင့်ပြီးသွားရင် လျှာကို လွှတ်ပေးလိုက်ပါ။ တစ်ခါတရံ ဒီလိုလုပ်ရုံနဲ့ အသက်ရှူလမ်းကြောင်းကို အဟန့်အတား ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားနိုင်ပါတယ်။ သူ့ရဲ့လျှာကို သင့်လက်ချောင်းတွေနဲ့ ပွတ်သပ်ကြည့်ပါ။ လည်ချောင်းထဲမှာ တစ်ခုခုကိုတွေ့ရင် ညင်ညင်သာသာနဲ့ ဖြေးဖြေးချင်း ဆွဲထုတ်ပေးလိုက်ပါ။

အဆင့် (၂) – ဆွဲထုတ်လို့ မလွယ်ပါက Heimlich နည်းကို သုံးပါ။

တစ်ဆို့နေတဲ့ အရာကို ရှာတွေ့ဖို့ မလွယ်ရင် ဒါမှမဟုတ် ဆွဲထုတ်ဖို့ ခက်နေရင် Heimlich နည်းကို သုံးသင့်ပါတယ်။ ခန္ဓာဗေဒအရ လူသားတွေနှင့် ကွဲပြားနေပေမယ့်လည်း နည်းပညာရဲ့ နိယာမကတော့ အတူတူပဲ ဖြစ်ပါတယ်။

အရွယ်အစားပေါ် မူတည်ပြီးတော့ မတူညီတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်ခွေးက သေးနေမယ် ဒါမှမဟုတ် ကြောင်လေးတစ်ကောင်ဖြစ်နေမယ် ဆိုရင်တော့ ခြေတွေလက်တွေကို မကိုင်ပဲ သူ့ကျောနဲ့ သင့်ရင်ဘတ်ကို ကပ်ထားပါ။ သူတို့ရဲ့ နံရိုးတွေကြားမှာ ပျော့နေတဲ့ နံရိုးအလွတ်နေရာလေး ရှိပါတယ်။

လက်သီးဆုပ်ကိုပြီး လက်မရဲ့လက်ဆစ်ကို လွတ်နေတဲ့ နေရာလေးထဲ ထည့်လိုက်ပါ။ ပြီးရင် ဗိုက်ထဲကို သုံးကြိမ်လောက် ဖိတွန်းပါ။ ဒီနည်းနဲ့ ပိတ်ဆို့နေတဲ့အရာတွေ ထွက်သွားနိုင်ပါတယ်။

တကယ်လို့ သင့်အိမ်မွေးတိရစ္ဆာန်က အရမ်းကြီးပြီး သယ်ဖို့ခက်နေတယ် ဆိုရင်တော့ မတူညီတဲ့ နည်းလမ်းကို သုံးသင့်ပါတယ်။ ဒါပေမယ့် နိယာမကတော့ အတူတူပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ကျောနားကို ဒူးနဲ့ထောက်ထားပြီးတော့ လက်သီးဆုပ်ပြီး လက်မရဲ့လက်ဆစ်ကို လွတ်နေတဲ့ နေရာထိ ဖိတွန်းပြီးထည့်လိုက်ပါ။

အဆင့် (၃) – အပေါ်က နည်းလမ်းတွေက အဆင်မပြေပါက CPR လုပ်ပါ။

သင့်အိမ်မွေးတိရစ္ဆာန်ဟာ မူးမေ့ပြီး လဲသွားတယ် ဒါမှမဟုတ် အသက်ရှုရပ်သွားတယ် ဆိုရင်တော့ အကောင်းဆုံး ရွေးချယ်မှုကတော့ CPR လုပ်ပေးခြင်းပဲဖြစ်ပါတယ်။ Heimlich လိုပဲ CPR ကို ပြုလုပ်ဖို့ နည်းလမ်းက တိရစ္ဆာန်ရဲ့အရွယ်အစားပေါ် မူတည်ပါတယ်။

အရင်ဆုံး သင့်ခွေးလေးကို ညီညာတဲ့ မျက်နှာပြင်ပေါ်မှာ အရင်ထားပြီးတော့ လည်ပင်းကို ဖြောင့်အောင်လုပ်ပြီး ပါးစပ်ကို ပိတ်ပါ။ အသက်ပြင်းပြင်းရှူပြီး ပါးစပ်နှင့် နှာခေါင်းထဲကို လေကိုမှုတ်ထည့်ပါ။ ဘေးနှစ်ဖက်ကနေ လေတွေ မထွက်သွားစေဖို့ သင့်လက်နှစ်ဖက်နဲ့ ပိတ်ထားပါ။ ဒီနည်းကိုပဲ သုံးကြိမ် ပြန်လုပ်ပါ။

သင့်လက်မနှင့် လက်ညှိုးကို သုံးပြီး ရင်ဘတ်ဖိခြင်းကို 100 မှ 120 အထိ ပြုလုပ်ပါ။ အကြိမ် 30 ပြည့်တိုင်း နှာခေါင်းထဲကို လေမှုတ်ပါ။ တကယ်လို့ သင့်ခွေးက အရမ်းကြီးနေတယ် ဆိုရင်တော့ သင့်လက်ဖဝါးကို သုံးပြီးတော့ သူ့ရဲ့ ရင်ဘတ်ပေါ်ကို ဖိဖိတွန်းပေးပါ။

လက်နှစ်ဖက်ကို ဖြောင့်ဖြောင့်ထားပြီးတော့ အားလေးနဲ့ ဖိတွန်းသင့်ပါတယ်။ ရင်ဘတ်က ကျယ်လာတယ်ဆိုရင် သင်လုပ်တဲ့နည်းက မှန်နေပါတယ်။ နှလုံးခုန်သံကို ပြန်မကြားမရချင်း လုပ်နေပါ။ သွေးခုန်နှုန်းကို တိုင်းဖို့ ပေါင်ကြားနဲ့ ကိုယ်လုံးကို စမ်းပါ။ အကြိမ် 30 လုပ်ပြီးတိုင်း နှလုံးခုန်နှုန်းကို တစ်ခေါက်ပြန်စမ်းပါ။

သင့်အိမ်မွေးတိရိစ္ဆာန်လေးတွေ ဆို့နင်မှု မဖြစ်အောင် ဘယ်လိုလုပ်မလဲ။

အရေးပေါ်အခြေအနေမှာ ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာ သိထားတာ ကောင်းပေမယ့် ဒီလို အခြေအနေမျိုးတွေအတွက် အကောင်းဆုံး ဆေးနည်းကတော့ အမြဲတမ်း ကြိုတင်ကာကွယ်ခြင်းပါပဲ။ ဒါကြောင့် အသေးစိတ်ကအစ သေချာလေး လိုက်ကြည့်နေဖို့ လိုပါတယ်။

– သူတို့ပါးစပ်နဲ့ သင့်တော်မယ့် အစာမျိုးပဲ ကျွေးပါ။

– သူတို့ဆော့တဲ့ အရုပ်တွေနဲ့ အရိုးတွေက တစ်ဆို့နေတတ်တာကြောင့် အရုပ်တွေကို အလွယ်မထားပဲနဲ့ အရိုးတွေကိုလည်း သေချာလေး ကျွေးသင့်ပါတယ်။

– အမှိုက်ပုံး အဖုံးကို အမြဲလုံခြုံအောင် ထားပါ။

– သူတို့ပါးစပ်ထဲကို လွယ်လွယ်နဲ့ ဝင်နိုင်မယ့် အရာမျိုးတွေကို သူတို့လက်လှမ်းမမှီနိုင်တဲ့ နေရာမျိုးတွေမှာပဲ ထားပါ။ အထုပ်တွေ ဘာတွေကိုလည်း သေချာလုံအောင် ထားပါ။

– လမ်းလျှောက်ထွက်တဲ့ အခါမှာလည်း သူတို့ကို သေချာလေး စောင့်ကြည့်ပါ။ လမ်း ဒါမှမဟုတ် ပန်းခြံတွေမှာ သေးငယ်တဲ့ အရာဝတ္ထုတွေကို ရှာဖွေဖို့ လွယ်ကူပါတယ်။

Zombie (lovemedia)

for zawgyi

သင့္ေခြးေလး ဆို႔နင္ေနရင္ ဒီနည္းလမ္းေတြကို အသုံးျပဳပါ

အိမ္ေမြးတိရိစာၦန္ေလးေတြ ဆိုတာ မိသားစုရဲ႕ အစိတ္အပိုင္းတစ္ခုပါပဲ။ တစ္ခုခု အေရးေပၚအေျခအေန ႀကဳံလာရင္လည္း သူတို႔ကို ကူညီေပးဖို႔ကလည္းမိသားစုေတြပဲ ရွိပါတယ္။ ႐ုတ္တရက္ ဓာတ္မတည့္တာပဲျဖစ္ျဖစ္၊ အ႐ိုးစူးတာပဲျဖစ္ျဖစ္က အသက္ရႈလမ္းေၾကာင္းကို ပိတ္သြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီလို အေရးေပၚအေျခအေနေတြ ႀကဳံလာရင္ ဘယ္လိုေတြ ျပဳလုပ္ရမလဲဆိုတာကို love media ကေန ေျပာျပေပးပါမယ္ေနာ္။

သင့္အိမ္ေမြးတိရိစာၦန္ေလး ဆို႔နင္ေနလား ဆိုတာကို ဘယ္လိုၾကည့္မလဲ။

သင့္ေခြး ဒါမွမဟုတ္ ေၾကာင္က တစ္ခုခု ဆို႔နင္ေနၿပီဆိုရင္ ေအာက္မွာျပထားတဲ့ လကၡဏာအခ်ိဳ႕ကို ျပသေနမွာပဲ ျဖစ္ပါတယ္။ ေရာဂါလကၡဏာေတြက တစ္ခုနဲ႔တစ္ခု မတူညီတာေၾကာင့္ အကုန္လုံးကို ေသခ်ာေလး မွတ္ထားသင့္ပါတယ္။

– ထိတ္လန႔္ေၾကာက္႐ြံ႕ေနမယ္

– တစ္ခုခု (ဒါမွမဟုတ္) ၾကမ္းျပင္ကို ကုတ္ျခစ္ေနမယ္

– သြားရည္က်ေနမယ္

– ပါးစပ္ႀကီး အတင္းပိတ္ေနမယ္

– ေခ်ာင္းဆိုးမယ္

– အသက္ရႉရ ခက္ေနမယ္

– လွ်ာေတြ ျပာေနမယ္

ဒီလိုေတြျဖစ္ေနၿပီ ဆိုရင္ေတာ့ အခ်ိန္ဆြဲမေနပဲ တိရစာၦန္ေဆးကုခန္းကို အျမန္ဆုံး သြားျပသင့္ပါတယ္။ အသက္အႏၲရာယ္ စိုးရိမ္ရလို႔ပါ။ တကယ္လို႔ သြားဖို႔အဆင္မေျပဘူး ဆိုရင္လည္း ကိုယ္တိုင္ ကုသေပးလို႔ရတဲ့ နည္းလမ္းေတြ ရွိပါတယ္။

အဆင့္ (၁) – သင့္အိမ္ေမြးတိရိစာၦန္ေလးရဲ႕ အသက္ရႈလမ္းေၾကာင္းမွာ ပိတ္ဆို႔ေနတဲ့ အရာကို အရင္ဖယ္ရွားပါ။

အရင္ဆုံး သင့္အိမ္ေမြးတိရိစာၦန္ေလးကို ေသခ်ာေလး ခ်ဳပ္ထားပါ။ သူတို႔ကလည္း လည္ပင္းထဲမွာ နာက်င္ေနတာေၾကာင့္ ႐ုန္းႏိုင္ပါတယ္။ ဒါေၾကာင့္ အရင္ဆုံး သူတို႔မ႐ုန္းႏိုင္ေအာင္ ေသခ်ာေလး ခ်ဳပ္ထားသင့္ပါတယ္။

လွ်ာကို တစ္ဖက္ကို ဆြဲထုတ္ၿပီး ပါးစပ္ကို တတ္ႏိုင္သမွ် က်ယ္ေအာင္ဖြင့္ပါ။ ပါးစပ္ကို ဖြင့္ၿပီးသြားရင္ လွ်ာကို လႊတ္ေပးလိုက္ပါ။ တစ္ခါတရံ ဒီလိုလုပ္႐ုံနဲ႔ အသက္ရႉလမ္းေၾကာင္းကို အဟန႔္အတား ျဖစ္ေစတဲ့ အရာေတြကို ဖယ္ရွားႏိုင္ပါတယ္။ သူ႔ရဲ႕လွ်ာကို သင့္လက္ေခ်ာင္းေတြနဲ႔ ပြတ္သပ္ၾကည့္ပါ။ လည္ေခ်ာင္းထဲမွာ တစ္ခုခုကိုေတြ႕ရင္ ညင္ညင္သာသာနဲ႔ ေျဖးေျဖးခ်င္း ဆြဲထုတ္ေပးလိုက္ပါ။

အဆင့္ (၂) – ဆြဲထုတ္လို႔ မလြယ္ပါက Heimlich နည္းကို သုံးပါ။

တစ္ဆို႔ေနတဲ့ အရာကို ရွာေတြ႕ဖို႔ မလြယ္ရင္ ဒါမွမဟုတ္ ဆြဲထုတ္ဖို႔ ခက္ေနရင္ Heimlich နည္းကို သုံးသင့္ပါတယ္။ ခႏၶာေဗဒအရ လူသားေတြႏွင့္ ကြဲျပားေနေပမယ့္လည္း နည္းပညာရဲ႕ နိယာမကေတာ့ အတူတူပဲ ျဖစ္ပါတယ္။

အ႐ြယ္အစားေပၚ မူတည္ၿပီးေတာ့ မတူညီတဲ့နည္းလမ္းေတြနဲ႔ လုပ္ေဆာင္ရမွာပဲ ျဖစ္ပါတယ္။ တကယ္လို႔ သင့္ေခြးက ေသးေနမယ္ ဒါမွမဟုတ္ ေၾကာင္ေလးတစ္ေကာင္ျဖစ္ေနမယ္ ဆိုရင္ေတာ့ ေျခေတြလက္ေတြကို မကိုင္ပဲ သူ႔ေက်ာနဲ႔ သင့္ရင္ဘတ္ကို ကပ္ထားပါ။ သူတို႔ရဲ႕ နံ႐ိုးေတြၾကားမွာ ေပ်ာ့ေနတဲ့ နံ႐ိုးအလြတ္ေနရာေလး ရွိပါတယ္။

လက္သီးဆုပ္ကိုၿပီး လက္မရဲ႕လက္ဆစ္ကို လြတ္ေနတဲ့ ေနရာေလးထဲ ထည့္လိုက္ပါ။ ၿပီးရင္ ဗိုက္ထဲကို သုံးႀကိမ္ေလာက္ ဖိတြန္းပါ။ ဒီနည္းနဲ႔ ပိတ္ဆို႔ေနတဲ့အရာေတြ ထြက္သြားႏိုင္ပါတယ္။

တကယ္လို႔ သင့္အိမ္ေမြးတိရစာၦန္က အရမ္းႀကီးၿပီး သယ္ဖို႔ခက္ေနတယ္ ဆိုရင္ေတာ့ မတူညီတဲ့ နည္းလမ္းကို သုံးသင့္ပါတယ္။ ဒါေပမယ့္ နိယာမကေတာ့ အတူတူပဲ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ေနာက္ေက်ာနားကို ဒူးနဲ႔ေထာက္ထားၿပီးေတာ့ လက္သီးဆုပ္ၿပီး လက္မရဲ႕လက္ဆစ္ကို လြတ္ေနတဲ့ ေနရာထိ ဖိတြန္းၿပီးထည့္လိုက္ပါ။

အဆင့္ (၃) – အေပၚက နည္းလမ္းေတြက အဆင္မေျပပါက CPR လုပ္ပါ။

သင့္အိမ္ေမြးတိရစာၦန္ဟာ မူးေမ့ၿပီး လဲသြားတယ္ ဒါမွမဟုတ္ အသက္ရႈရပ္သြားတယ္ ဆိုရင္ေတာ့ အေကာင္းဆုံး ေ႐ြးခ်ယ္မႈကေတာ့ CPR လုပ္ေပးျခင္းပဲျဖစ္ပါတယ္။ Heimlich လိုပဲ CPR ကို ျပဳလုပ္ဖို႔ နည္းလမ္းက တိရစာၦန္ရဲ႕အ႐ြယ္အစားေပၚ မူတည္ပါတယ္။

အရင္ဆုံး သင့္ေခြးေလးကို ညီညာတဲ့ မ်က္ႏွာျပင္ေပၚမွာ အရင္ထားၿပီးေတာ့ လည္ပင္းကို ေျဖာင့္ေအာင္လုပ္ၿပီး ပါးစပ္ကို ပိတ္ပါ။ အသက္ျပင္းျပင္းရႉၿပီး ပါးစပ္ႏွင့္ ႏွာေခါင္းထဲကို ေလကိုမႈတ္ထည့္ပါ။ ေဘးႏွစ္ဖက္ကေန ေလေတြ မထြက္သြားေစဖို႔ သင့္လက္ႏွစ္ဖက္နဲ႔ ပိတ္ထားပါ။ ဒီနည္းကိုပဲ သုံးႀကိမ္ ျပန္လုပ္ပါ။

သင့္လက္မႏွင့္ လက္ညႇိဳးကို သုံးၿပီး ရင္ဘတ္ဖိျခင္းကို 100 မွ 120 အထိ ျပဳလုပ္ပါ။ အႀကိမ္ 30 ျပည့္တိုင္း ႏွာေခါင္းထဲကို ေလမႈတ္ပါ။ တကယ္လို႔ သင့္ေခြးက အရမ္းႀကီးေနတယ္ ဆိုရင္ေတာ့ သင့္လက္ဖဝါးကို သုံးၿပီးေတာ့ သူ႔ရဲ႕ ရင္ဘတ္ေပၚကို ဖိဖိတြန္းေပးပါ။

လက္ႏွစ္ဖက္ကို ေျဖာင့္ေျဖာင့္ထားၿပီးေတာ့ အားေလးနဲ႔ ဖိတြန္းသင့္ပါတယ္။ ရင္ဘတ္က က်ယ္လာတယ္ဆိုရင္ သင္လုပ္တဲ့နည္းက မွန္ေနပါတယ္။ ႏွလုံးခုန္သံကို ျပန္မၾကားမရခ်င္း လုပ္ေနပါ။ ေသြးခုန္ႏႈန္းကို တိုင္းဖို႔ ေပါင္ၾကားနဲ႔ ကိုယ္လုံးကို စမ္းပါ။ အႀကိမ္ 30 လုပ္ၿပီးတိုင္း ႏွလုံးခုန္ႏႈန္းကို တစ္ေခါက္ျပန္စမ္းပါ။

သင့္အိမ္ေမြးတိရိစာၦန္ေလးေတြ ဆို႔နင္မႈ မျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ။

အေရးေပၚအေျခအေနမွာ ဘယ္လိုလုပ္ေဆာင္ရမလဲ ဆိုတာ သိထားတာ ေကာင္းေပမယ့္ ဒီလို အေျခအေနမ်ိဳးေတြအတြက္ အေကာင္းဆုံး ေဆးနည္းကေတာ့ အၿမဲတမ္း ႀကိဳတင္ကာကြယ္ျခင္းပါပဲ။ ဒါေၾကာင့္ အေသးစိတ္ကအစ ေသခ်ာေလး လိုက္ၾကည့္ေနဖို႔ လိုပါတယ္။

– သူတို႔ပါးစပ္နဲ႔ သင့္ေတာ္မယ့္ အစာမ်ိဳးပဲ ေကြၽးပါ။

– သူတို႔ေဆာ့တဲ့ အ႐ုပ္ေတြနဲ႔ အ႐ိုးေတြက တစ္ဆို႔ေနတတ္တာေၾကာင့္ အ႐ုပ္ေတြကို အလြယ္မထားပဲနဲ႔ အ႐ိုးေတြကိုလည္း ေသခ်ာေလး ေကြၽးသင့္ပါတယ္။

– အမႈိက္ပုံး အဖုံးကို အၿမဲလုံၿခဳံေအာင္ ထားပါ။

– သူတို႔ပါးစပ္ထဲကို လြယ္လြယ္နဲ႔ဝင္ႏိုင္မယ့္ အရာမ်ိဳးေတြကို သူတို႔လက္လွမ္းမမွီႏိုင္တဲ့ ေနရာမ်ိဳးေတြမွာပဲထားပါ။ အထုပ္ေတြဘာေတြကိုလည္း ေသခ်ာလုံေအာင္ ထားပါ။

– လမ္းေလွ်ာက္ထြက္တဲ့အခါမွာလည္း သူတို႔ကို ေသခ်ာေလး ေစာင့္ၾကည့္ပါ။ လမ္း ဒါမွမဟုတ္ ပန္းၿခံေတြမွာ ေသးငယ္တဲ့အရာဝတၳဳေတြကို ရွာေဖြဖို႔ လြယ္ကူပါတယ္။

Zombie (lovemedia)