Local News

ပုံမှန် အစာကျွေးလေ့ရှိတဲ့ အမျိုးသမီးအတွက် နေ့တိုင်း လမ်းပေါ်မှာတွေ့တဲ့ပစ္စည်းများအား လက်ဆောင်အဖြစ် ယူလာပေးတတ်တဲ့ ခွေးလေး

Orawan Kaewlaiat အမည်ရှိအမျိုးသမီးတစ်ဦးဟာရွှေလိုအဖိုးတန်သောနှလုံးသားရှိတဲ့ ထိုင်းအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့အိမ်ပတ်ဝန်းကျင်မှာ စွန့်ပစ်ထားတဲ့ခွေးလေခွေးလွင့်တွေအများကြီးရှိပြီး သူမဟာ ၎င်းတို့ကိုကူညီဖို့ သူမတတ်နိုင်စွမ်းတဲ့အစွမ်းအစဖြင့် အကုန်လုပ်ပေးနေလျက်ရှိပါတယ်။

သူမမျှော်လင့်ထားတဲ့အရာကတော့ ၎င်းခွေးလေးတွေက ၎င်းတို့အတွက် သူမလုပ်ပေးသည့်အရာအတွက် သူမအပေါ် အကြွေးတင်ခြင်းကဲ့သို့ မခံစားတတ်ဖို့ပါဘဲ။ Orawan ဟာ ၎င်းတို့အား တတ်နိုင်သမျှ အစားအစာများယူဆောင်ပေးကာ ၎င်းတို့ ကျန်းမာသန်စွမ်းကြောင်း သေချာစေရန် အမြဲစောင့်ကြည့်ပေးနေလေ့ရှိပါတယ်။

၎င်းခွေးလေးတွေက သူမကိုမြင်တိုင်း အမြီးလှုပ်ယမ်းပြပေမယ့် ထူးထူးခြားခြားခွေးလေးတစ်ကောင်ကတော့ သူမကိုကျေးဇူးတင်ဖို့ အထူးသီးသန့် နည်းလမ်းလေးရှိနေပါတယ်။

Orawan က ဒီခွေးလေးကို Tua Plu လို့ အမည်ပေးခဲ့ပါတယ်။ Tua Plu နှင့် ၎င်းတို့ရဲ့မိခင်ဟာ လမ်းများပေါ်သို့ပြန်မသွားမီ ၎င်းတို့အားစားစရာတစ်ခုခုပေးမယ့် Orawan ရဲ့နေအိမ်ကို အလည်အပတ်လာတတ်ကြပါတယ်။ ဒါပေမဲ့ Tua Plu နဲ့ တခြားခွေးတွေကြားက ကွာခြားချက်ကတော့ Tua Plu ဟာ လက်ဗလာနဲ့ လမ်းတွေပေါ်ကနေ Orawan ထံသို့ ဘယ်တော့မှ ပြန်မလာပါဘူး။

Tua Plu ဟာ ဝမ်းစာအတွက်ကျွေးမွေးပြုစုပေးနေတဲ့ Orawan အတွက် ကျေးဇူးတင်ကြောင်း အမှတ်အသားတစ်ခုခုဖြင့် အမြဲယူဆောင်လာပေးတတ်ပါတယ်။

Tua Plu ဟာ Orawan အတွက် တော်တော်များများ သတင်းစာတစ်ရွက် သို့မဟုတ် သစ်ရွက်တစ်ခု သို့မဟုတ် သူ့ပါးစပ်နှင့် အံဝင်ခွင်ကျဖြစ်စေမဲ့ ဘယ်ပစ္စည်းမျိုးမဆိုကို ယူဆောင်လာပေးလေ့ရှိပါတယ်။

ထို့ပြင် Tua Plu လေးကလမ်းခွေးတစ်ကောင်ဖြစ်ပေမဲ့လည်းလည်ပင်းမှာကော်လာလေးပါ၀တ်ဆင်ထားပြီး Orawanကလမ်းဘေးခွေးတွေကို ညှဉ်းပန်းနှိပ်စက်ခြင်းကို နှစ်သက်တဲ့သူများရဲ့ရန်မှ အကာအကွယ်ပေးသည့်ပုံစံအဖြစ် Tua Plu အား ကော်လာဝတ်ဆင်ထားပေးပါသေးတယ်။

Tua Plu ရဲ့ကြည်နူးစရာကောင်းတဲ့အမူအရာဟာ လူအများကို ပျော်ရွှင်စေခဲ့ပြီး အချို့ကလည်း Tua Plu လေးကို မွေးစားရန်စိတ်ဝင်စားကြောင်းလည်း ပြသခဲ့ကြပါတယ်။ Tua Plu လေး လမ်းပေါ်မှာ မနေရတော့အောင် သူ့ကိုချစ်တဲ့ထာဝရအိမ်လေး ရှာတွေ့နိုင်ပါစေလို့ဘဲ ဆုတောင်းမိပါတယ်ဗျာ။

Mia (KB Chimmy One)

Reference : goodtimes