Local News

မွေးနေ့မှာ ပထမတန်းစားအတန်းစီးကာ လေယာဉ်ပေါ်မှာ အထူးမွေးနေ့ကျင်းပခွင့်ရခဲ့တဲ့ ကံကောင်းလွန်းတဲ့ ခွေးလေးတစ်ကောင်

မကြာသေးမီကမှ ကံကောင်းလွန်းတဲ့ အကြီးတန်းခွေးလေး Lewis ဟုခေါ်တဲ့ greyhound အမျိုးအစားခွေးထီးတစ်ကောင်ဟာ Singapore Airline (SIA) လေကြောင်းလိုင်းရဲ့ အထူး business class မှာလိုက်ပါစီးနင်းရင်း ဆစ်ဒနီမှအီတလီသို့ပျံသန်းထွက်ခွာရာ ၎င်းဟာ အဆင့်အတန်းမြင့်မားတဲ့ဘဝနေထိုင်မှုကြီးကို တွေ့ကြုံခံစားခဲ့ရပါတယ်။

၎င်းအကြီးတန်းခွေးလေးရဲ့ကံကောင်းခြင်းဖြစ်ရပ်ကို Greyhound ခွေးများကို ကယ်ဆယ်ကာ မွေးစားပေးတဲ့ ဩစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားရှိမွေးစားအိမ်တစ်ခုဖြစ်သည့် Greyt Grays Rescue အမည်ရှိ စေတနာ့ဝန်ထမ်းလုပ်ဆောင်သည့်ပရဟိတအဖွဲ့တစ်ခုမှ လူမှုကွန်ရက်ပေါ်တွင် မျှဝေခဲ့ခြင်းဖြစ်ပါတယ်။

၎င်းတို့ရဲ့ Facebook မှာ တင်ထားတဲ့အဆိုအရ Lewis လေးဟာ အီတလီနိုင်ငံကိုပြောင်းရွှေ့နေတဲ့ သူ့ရဲ့ပိုင်ရှင်အသစ်နဲ့ ဘဝသစ်ကိုစတင်နေပြီလို့ သိရပါတယ်။

အကြီးတန်းခွေးလေးဟာ မတူညီတဲ့နိုင်ငံတစ်ခုမှာသူ့ရဲ့ခရီးသစ်ကိုစတင်ရန် အဆင်သင့်ဖြစ်နေပါပြီဖြစ်ပါတယ်။အစပိုင်းမှာ ပိုင်ရှင်ဖြစ်သူက Lewisနှင့်အတူ SIA ရဲ့ပထမတန်းစားလက်မှတ်ကိုတတ်နိုင်စေရန် ငွေအလုံအလောက် စုဆောင်းခဲ့ပါတယ်။

သို့သော်၊ LewisဟာSIA ၏ခရီးသွားလာရေးမူဝါဒအရ ၎င်း၏ပိုင်ရှင်နှင့် ခေတ္တခွဲကာ လေယာဉ်၏ကုန်တင်ထပ် သို့မဟုတ် သိုလှောင်ရုံမှာ လိုက်ပါစီးနင်းရမည်ဖြစ်ပါတယ်။

သို့ပေမဲ့ ကံကောင်းစွာဖြင့်၊ ထိုနေ့က ၎င်း လေယာဉ်၏ပျံသန်းမှုမှာ အလွတ်နီးပါးဖြစ်နေခဲ့တာကြောင့် SIA ဟာ အကြီးတန်းခွေးလေးအား business class ၌ သူ့ရဲ့လူသားနှင့်အတူ လေယာဉ်ခန်းအတွင်း လိုက်ပါစီးနင်းခွင့်ပြုခဲ့ကြောင်းကို Greyt Grey Rescue ကအတည်ပြုပေးခဲ့ပါတယ်။

SIA ပြောရေးဆိုခွင့်ရှိသူက Lewis ကို Business Class မှာ သူ၏ပိုင်ရှင်နှင့်အတူနေခွင့်ပြုခြင်းက ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါကာလအတွင်းခရီးသွားနေစဉ်လူ့တို့ရဲ့စိတ်ဖိစီးမှုကိုလျော့နည်းစေသည်ဟုပြောကြားခဲ့ပြီး ဖောက်သည်များ၏ခရီးကို “တတ်နိုင်သမျှ ဘေးကင်းပြီး လွယ်ကူစွာ” ထိန်းထားနိုင်ရန် SIA မှ အဆင့်များစွာကို လုပ်ဆောင်နေကြောင်းလည်းပြောကြားခဲ့ပါတယ်။

Business class တွင် ပျံသန်းခြင်းဟာ Lewis အတွက် အားရစရာတစ်ခုဖြစ်ပြီး ထိုနေ့မှာကျရောက်တဲ့၎င်းရဲ့မွေးနေ့ကိုလည်း လေယာဉ်ပျံပေါ်မှာ ကျင်းပခဲ့သလို SIA ဝန်ထမ်းများက “Happy Birthday” ဆိုတဲ့ဆိုင်းဘုတ်နှင့် ကိတ်မုန့် ၂ လုံးဖြင့် ပြုလုပ်ထားတဲ့ မွေးနေ့အမှတ်တရ လက်ဆောင်ဖြင့်လည်း ကျင်းပပေးခဲ့ကြပါတယ်။

ထို့ပြင် Greyt Grays Rescue က Lewis ဟာ လေယာဉ်ခရီးစဉ်တစ်ခုလုံးမှာ “ ၎င်းရဲ့နေအိမ်” လို အရမ်းကိုသက်တောင့်သက်သာရှိနေတယ်လို့လည်း ဆိုပါတယ်။ Lewis ဟာ အကျင့်စာရိတ္တကောင်းမွန်တဲ့ခွေးတစ်ကောင်ဖြစ်ပြီး ဆစ်ဒနီမှအီတလီသို့ ၎င်း၏ပျံသန်းမှုမှာ အလွန်ချောမွေ့ခဲ့သလို ကြောက်လန့်တာမျိုး ၊ မတောတဆဖြစ်တာမျိုးတွေလည်း လုံးဝမရှိခဲ့ပါဘူး။

ထို့ပြင် SIAဝန်ထမ်းများကလည်းအကြီးတန်းခွေး၏ကောင်းမွန်သောအပြုအမူကြောင့်သဘောကျမိကြောင်း ၊Lewis လေးက ၎င်းတို့လေယာဉ်ပေါ်တွင် တွေ့ကြုံခဲ့ရဖူးတဲ့အကောင်းဆုံး ခွေးခရီးသည်ဖြစ်ကြောင်းဆိုခဲ့ကြပါတယ်။

Reference : goodtimes