Local News

သားသမီး၇ယောက်ရှိသော်လည်း ပြုစုစောင့်ရှောက်ပေးမဲ့သူ မရှိလို့ ဆေးရုံစင်္ကြံမှာ အိမ်အဖြစ်နေထိုင်နေရတဲ့ မိခင်အိုကြီးရဲ့ သနားစရာဘဝ

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ မစ္စ Huong ကအသက်ကြီးမှပျော်ပျော်ရွှင်ရွှင်နဲ့ သားသမီးမြေးတွေနဲ့ အချိန်ဖြုန်းမယ့်အစား ဆေးရုံစင်္ကြံမှာသူ့အိမ်အဖြစ် နေထိုင်နေရပါတယ် ။ ယခင်က မစ္စ Huong ဟာနေ့တိုင်း သီချင်းဆိုခြင်းဖြင့် ကလေး၇ ဦးကို အရွယ်ရောက်တဲ့အထိ ကျွေးမွေးခဲ့ရပါတယ် ။

အများကြီး အကုန်အကျခံပေမယ့်နောက်ဆုံးမှာတော့ ဒီမိခင်ဟာသူ့သားသမီးတွေရဲ့ ဥပေက္ခာပြုခြင်းကို ခံရပြီးဆေးရုံမှာအကူအညီတောင်းခဲ့ပါတယ် ။ ကံကောင်းထောက်မစွာ၊ ဆေးရုံရှိ ဆရာဝန်များ၊ သူနာပြုများနဲ့ လုံခြုံရေးအစောင့်နှစ်ဦးစလုံးက သူမရဲ့မျက်နှာကို သိပြီး အခက်အခဲမရှိအောင် စိတ်နှလုံးအကြွင်းမဲ့ ကူညီခဲ့ကြပါတယ် ။

သူမက ထီထိုးရောင်းတဲ့ အလုပ်ကိုလည်း ရရှိခဲ့ပြီး အထူးသဖြင့် သူမက ကျောက်ကပ်ဆေးကုသမှုအတွက် ငွေစုရန် တစ်ရက်လျှင် ဒေါ်လာ သောင်းနှင့်ချီ၍ ရရှိခဲ့ပါတယ် ။ 10 နှစ်တောင်ကြာပြီးဖြစ်ပေမဲ့ ကလေးတွေက အမေ့ကို ဂရုမစိုက်ကြသေးပါဘူး ။

မစ္စHuongက”တစ်ခါတစ်လေကျွန်မကလေးကိုလွမ်းဆွတ်မိတဲ့အခါတစ်ညလောက်အိမ်ကို ပြန်အိပ်ချင်ပေမယ့်သူတို့ကကျွန်မကို ပြန်ခွင့်မပြုဘူး”လို့ ဝမ်းနည်းစွာ ပြောဆိုခဲ့ပါတယ် ။ သူမရရဲ့ ကလေးတွေနဲ့ ပျော်ရွှင်စရာမနေရတဲ့အတွက် မစ္စ Huong က အရုပ်လေးကို သူငယ်ချင်းအဖြစ် ဝယ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကလေးတစ်ယောက်လို သဘောထားကာ ဘယ်နေရာဘဲ သွားသွား အရုပ်ကိုပါ ခေါ်သွားခဲ့ပါတယ် ။

သူမက “တကယ်လို့ လူတွေက သူတို့ကို ဂရုမစိုက်နိုင်ရင် ငါ့မှာ အရုပ်တွေရှိတယ်” လို့ဆိုပြီး များစွာသော အရာများကို ဖြတ်သန်းပြီးနောက် သူမက မျက်စိမှိတ်ပြီး သေဆုံးသွားတဲ့နေ့မှာ သူမကို ကူညီပေးခဲ့ကြတဲ့ သူများက သူမကို မီးရှို့သဂြိုလ်ပေးခဲ့ပါတယ် ။ မိခင်က ကလေး ၇ ယောက်ကို ပြုစုနိုင်သော်လည်း ကလေး ၇ ယောက်က သူ့အမေတစ်ယောက်လေးကိုတောင်မှ မပြုစုနိုင်ပါဘူး ။

မိဘများကို ကျွေးမွေးခြင်းက သားသမီးများရဲ့တာဝန်ဖြစ်ပါတယ် ။ အထူးသဖြင့် မစ္စ Huong နဲ့အလားတူအခြေအနေမျိုးကြုံတွေ့နေရတဲ့ မိဘများအားလုံး၊လူတိုင်းရဲ့အကူအညီကြောင့် ရှေ့ခရီးကို ခိုင်ခိုင်မာမာရှေ့ဆက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

Reference : bestie

Zawgyi







JRose (KB Chimmy One)