အစားအစာတွေမကုန်ရင်ရေခဲသေတ္တာထဲလွယ်လွယ်ထည့်လေ့ရှိကြပါတယ်
ရေခဲသေတ္တာတွေက အစားအစာတွေကိုတာရှည်ခံအောင်သိမ်းဆည်းပေးနိုင်တယ်ဆိုပေမယ့် တချို့အစားအစာ တွေကတော့ရေခဲသေတ္တာထဲထည့်လိုက်တော့မှ အရသာပျက်သွားတာမျိုး၊ တခြားအစားအစာတွေရဲ့ အနံ့အရသာကိုပါပျက်သွားစေတာမျိုးရှိတတ်ပါတယ်
ရေခဲသေတ္တာထဲမသိမ်းဆည်းသင့်တဲ့ အစားအစာတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်
ပေါင်မုန့်
စားမကုန်တဲ့ ပေါင်မုန့်တွေကိုရေခဲသေတ္တာမှာ ထည့်သိမ်းပြီး နောက်မှစားမယ်ဆိုတဲ့ စိတ်ကူးကို မေ့လိုက်ပါတော့
အအေးခန်းထဲမှာ ထည့်ထားရင် ပေါင်မုန့်သားက ပိုပြီးမာသွားပြီး မှိုတက်တာကလည်း ပိုမြန်ပါတယ်
ဒါကြောင့် ပေါင်မုန့်တွေကို ခြောက်သွေ့ပြီးအေးမြတဲ့နေရာတွေမှာ ထားတာ အသင့်တော်ဆုံးပါပဲ
ဖရဲသီး
ပူအိုက်နေတဲ့ နေ့လည်ခင်းကြီးမှာ ဖရဲသီးကို အအေးခန်းထဲမှာထည့်၊ အရမ်းအေးသွားရင် ပြန်ထုတ်ပြီး အေးစိမ့်နေတဲ့ ဖရဲသီးစိတ်ကို ကိုက်စားရတာက စည်းစိမ်တစ်ပါးပါပဲ
ဒါပေမဲ့ ဖရဲသီးစိတ်တွေကို ဒီအတိုင်းပဲ ရေခဲသေတ္တာထဲမှာ ထည့်လိုက်ရင် အသားတွေက ခြောက်သွေ့သွားပြီး အရည်သိပ်မရွမ်းတော့ပါဘူး
ဒါ့အပြင် ပလတ်စတစ်စ ပါးပါးလေးနဲ့ ပတ်ပြီးရေခဲသေတ္တာထဲ ထည့်ထားတာက ဖရဲသီးသားရဲ့ အရည်ရွှန်းပြီးနူးညံ့တဲ့အရသာကိုဆုံးရှုံးရပါလိမ့်မယ်
ငှက်ပျောသီး
ငှက်ပျောသီးအစိမ်းကို ရေခဲသေတ္တာထဲကို ထည့်လိုက်ခြင်းက သင့်ကို smart မဖြစ်စေပါဘူး
ဒီလိုလုပ်လိုက်ရင် ငှက်ပျောသီးက မှည့်မလာတော့မဲ့အပြင် အထဲကအာနိသင်တွေကပျက်သွားပါမယ်
ဒါကြောင့် ငှက်ပျောသီးအမှည့်ကိုပဲrefrigerator ထဲထည့်သင့်ပါတယ်
ထောပတ်သီး
ထောပတ်သီးအစိမ်းကို စားရတာက အရမ်းကို စိတ်ကုန်ဖို့ကောင်းပါတယ်
အမြဲတမ်းလတ်ဆတ်စေတဲ့ ရေခဲသေတ္တာထဲမှာ ရှိတဲ့ ထောပတ်သီးအစိမ်းကတော့ မှည့်ဖို့လမ်းမမြင်ပါဘူး
အသီးမှည့်တာ မြန်ဖို့အတွက်တော့ ငှက်ပျောသီးနဲ့အတူ တွဲထားပေးပါ (ရေခဲသေတ္တာအပြင်ဘက်မှာနော်)
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးတွေကို လတ်ဆတ်နေဖို့ဆိုပြီး ကျွန်တော်တို့တွေကရေခဲသေတ္တာထဲမှာ ထည့်တတ်ကြပါတယ်
ဒါပေမဲ့ ဒီလိုပ်လုပ်လိုက်ခြင်းဖြင့် အအေးဓာတ်က ခရမ်းချဉ်သီးရဲ့ အရသာနဲ့ အတွင်းသားတွေကို ပျက်စီးစေတယ်ဆိုတာ သိထားသင့်ပါတယ်
စားလိုက်ရင်ရေလိုအရသာခံစားရပြီး သိပ်ပြီးအသီးမမှည့်သေးသလို ဖြစ်နေတာပါ
ကြာကြာထားလေ အရသာပျောက်လေဆိုတော့ မြန်မြန်သာ ပြန်ထုတ်လိုက်ပါနော့်
ကိတ်
ကိတ်မုန့်တွေကတော့ ရှင်းပါတယ်။ အေးခဲနေတဲ့ ကိတ်မုန့်တွေက ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ကိတ်တွေလောက် အရသာမရှိပါဘူး
ရေခဲသေတ္တာထဲ ထည့်ထားချင်ရင်တော့ ဘူးလေးနဲ့ ထည့်တာက အသင့်တော်ဆုံးပါပဲ
ပျားရည်
ပျားရည်ရဲ့ချိုမြိန်တဲ့ အရည်အသွေးက ရေခဲသေတ္တာထဲမှာ ထားတာကြာသွားရင် အေးစက်မာကြောတဲ့ သကြားခဲလို ဖြစ်သွားမှာပါ
ကော်ဖီ
ကော်ဖီကို refrigerator ထဲထည့်လိုက်ရင် အဲဒီကော်ဖီက ရေခဲသေတ္တာထဲမှာ ရှိသမျှပစ္စည်းတွေရဲ့အနံကို စုပ်ယူသွားမှာဖြစ်တဲ့အတွက် အဖုံးသေချာပိတ်ဖို့တော့ လိုပါမယ်
ကြက်သွန်နီ၊ ဖြူ
ဒီနှစ်ခုကတော့ အားလုံးသိတဲ့အတိုင်း ခြောက်သွေ့တဲ့နေရာမှာထားတာ အကောင်းဆုံးပါပဲ
ကြက်သွန်နီ၊ဖြူတို့ကို ရေခဲသေတ္တာထဲမှာ ထည့်ထားရင် သူတို့ရဲ့ အနံ့က အခြားပစ္စည်းတွေပေါ်မှာ စွဲကျန်နေပါလိမ့်မယ်
Credit
Zawgyi ဖြင့်ဖတ်ပါ
ဒီလိုပစ္စည်းမျိုးတွေကို ရေခဲသေတ္တာထဲ လွယ်လွယ်မထည့်မိပါစေနဲ့……

ၾကက္သြန္နီ၊ ျဖဴ