‘သူတို႔က လဲက်သြားတဲ့ သူေတြကို ေသနတ္ဒင္နဲ႔ လိုက္ထုတယ္’
ဧရာဝတီ၊ ဒီဇင္ဘာ ၅ ရက္ ၊ ၂၀၂၁
ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းတြင္ ဒီကေန႔ (ဒီဇင္ဘာ ၅ ရက္)
မနက္ပိုင္းက ျပဳလုပ္သည့္ ရန္ကုန္ လူထုသပိတ္စစ္ေၾကာင္းကို စစ္ေကာင္စီတပ္ဖြဲ႕ အရွိန္ႏွင့္
ေမာင္းႏွင္လာသည့္ကားျဖင့္ တိုက္ကာ၊ ေသနတ္ျဖင့္လည္း ပစ္ခတ္ ၿဖိဳခြင္းမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း
မ်က္ျမင္ေတြ႕သည့္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ေဒသခံမ်ားက ေျပာၾကသည္။
စစ္ေကာင္စီ၏ ၿဖိဳခြင္းမႈေၾကာင့္ အနည္းဆုံး ၄ ဦး ေသ ဆုံးႏိုင္ၿပီး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားလည္း
ရွိကာ၊ အမ်ိဳးသမီး ၂ ဦးႏွင့္ အမ်ိဳးသား ၅ ဦး အဖမ္းခံလိုက္ရေၾကာင္း ျမင္ေတြ႕သူအခ်ိဳ႕က ဆိုသည္။
ရန္ကုန္ လူထုသပိတ္ကို စစ္ေကာင္စီဘက္က မည္ကဲ့သို႔ ၿဖိဳခြင္းခဲ့သည္ႏွင့္ ပတ္သက္၍
ပိုမိုသိရွိႏိုင္ရန္ သပိတ္စစ္ေၾကာင္း တြင္ ပါဝင္ခဲ့ၿပီး စစ္ေကာင္စီ၏ ဖမ္းဆီးမႈမွ လြတ္ေျမာက္လာသူတဦးကို
ဧရာဝတီက ဆက္သြယ္ ေမးျမန္းထားသည္မ်ားကို ေဖာ္ျပလိုက္ပါသည္။
ေမး။ ။ ဒီမနက္က ရန္ကုန္လူထုသပိတ္ ၿဖိဳခြဲခံရတယ္လို႔ သိရပါတယ္။
ဘယ္လိုျဖစ္တာလဲ ေျပာျပပါခင္ဗ်။
ေျဖ။ ။ အစက ရန္ကုန္လူထုသပိတ္ေပါ့။ ၾကည့္ျမင္တိုင္ ပန္းပင္ႀကီးလမ္းကေန စတာေပါ့။
ကမ္းနားလမ္းနဲ႔ ပန္းပင္ႀကီး လမ္းဆုံ။ ပန္းပင္ႀကီးဘက္ကေန ျပတာေပါ့။ ေျခလွမ္း အလွမ္း ၂၀
ေလာက္ပဲ ေလွ်ာက္ရေသးတယ္။ ေလွ်ာက္ၿပီးေတာ့ Double Cup တစီးေပါ့။ စစ္သား ၇ ေယာက္
၊ ၈ ေယာက္ေပါ့။ အေနာက္ကေန ဝင္တိုက္တာ။ ဝင္တိုက္ေတာ့ လူေတြက ၁၅ ေပ၊ ေပ ၂၀ ေလာက္
လြင့္သြားတာေပါ့။ တခ်ိဳ႕ လူေတြကလည္း လမ္းေပၚမွာ ျပန႔္ က်ဲ၊ မထႏိုင္၊ တခ်ိဳ႕ကလည္း ဦးေခါင္းနဲ႔
လမ္းေပၚ က်တာ။ အဲဒီလိုေပါ့။ ေသဆုံးတဲ့လူေတြလည္း ရွိႏိုင္ပါတယ္။
ေမး။ ။ ဘယ္အခ်ိန္ေလာက္ ျဖစ္တာလဲ။
ေျဖ။ ။ သပိတ္က ၈ နာရီ ၄၅ စတယ္။ ျဖစ္တာေတာ့ ၈ နာရီ ၅၀ ေလာက္ ျဖစ္တာေပါ့။ သပိတ္စၿပီး
ေျခလွမ္း ၁၅ လွမ္း ၂၀ ေလာက္ပဲ ေလွ်ာက္ရေသးတယ္။ အဲဒီမွာ ျဖစ္တာေပါ့။
ေမး။ ။ စစ္ေကာင္စီကား ဝင္တိုက္တာကို ဘယ္လို သိလိုက္သလဲ။ တိုက္ၿပီးေတာ့ လူေတြက ဘယ္လိုလြင့္သြားတာလဲ။
ေျဖ။ ။ ဘယ္လိုျဖစ္သလဲဆိုေတာ့ အေနာက္ကေန ကမ္း နားလမ္းဘက္က Double Cup က ဝင္လာေတာ့
YBS တစီးက ကြယ္ေနေတာ့ လူေတြက မသိလိုက္ဘူးေပါ့။ YBS ေနာက္ကေန Double Cup က ေက်ာ္တက္ၿပီး
တိုက္ပစ္လိုက္တာ။ လူေတြက မသိလိုက္ၾကဘူးဗ်။ တိုက္ၿပီးမွ လူေတြ အားလုံးက သိလိုက္တာ။ သိဖို႔ကို
လူေတြက ၁၀ စကၠန႔္ ၁၅ စကၠန႔္ ေတာင္ အခ်ိန္ မရလိုက္ဘူး။
ေမး။ ။ ဆိုေတာ့ အဲဒီမွာ ေသြးထြက္သံယို အရမ္းမ်ားလား။
ေျဖ။ ။ ေသြးထြက္သံယိုက အရမ္းမ်ားတယ္ဗ်။ တခ်ိဳ႕ဆိုရင္ ေအာက္ပိုင္းေတြ ေသကုန္သလားေတာင္ မသိဘူး။
ေမး။ ။ အစ္ကိုလည္း အဲဒီမွာ ဒဏ္ရာရခဲ့တယ္ ဆိုေတာ့ ဘာဒဏ္ရာရထားေသးလဲ။
ေျဖ။ ။ က်ေနာ့္ လက္ေတြရယ္။ ဒူးေတြရယ္။ ခါးေတြရယ္မွာ ထိခိုက္ဒဏ္ရာ ရထားပါတယ္။
ေမး။ ။ အဲဒီ ဒဏ္ရာေတြ ဘယ္လိုရတာလဲဗ်။
ေျဖ။ ။ က်ေနာ့္ကို ဝင္တိုက္ေတာ့ Double Cup ရဲ႕ ေရွ႕ေဘာနက္ အဖုံးေပၚကို ျပဳတ္က်တာ။
ျပဳတ္က်ၿပီး လြင့္ထြက္သြားတဲ့ အခ်ိန္မွာ က်ေနာ့္ကို စစ္သားတေယာက္က ေသနတ္ဒင္နဲ႔ လာထုတယ္ဗ်။
ေခါင္းကို ထုတာ။ က်ေနာ္က အဲဒီအခ်ိန္မွာ သူ႔ ကို တြန္းၿပီး သူ႔ရင္ဘတ္ကို ေျခစုန္ကန္ လိုက္တယ္။
ကန္လိုက္တဲ့အခ်ိန္မွာ သူလည္းေမွာက္ ကိုယ္လည္းေမွာက္ပဲ။ သူ႔ ေသနတ္နဲ႔ သူမ်ားေတြကို ပစ္မွာစိုးလို႔
က်ေနာ္က သူ႔ေသနတ္ကို ကန္လိုက္တာ။ ကန္လိုက္တဲ့အခ်ိန္မွာ ေသနတ္က ကားေအာက္ထဲ မဝင္ဘဲ
သူက အဲဒီ ေသနတ္နဲ႔ က်ေနာ့္ကို ပစ္တာ။ သူပစ္တဲ့ အခ်ိန္မွာ က်ေနာ္က ေခ်ာ္လဲၿပီး က်ည္မထိတာ။
က်ေနာ္ ကံေကာင္းသြားတာေပါ့။
က်ေနာ့္ကို ေနာက္ကေန က်ည္ဆန္နဲ႔ လိုက္ပစ္တဲ့အခ်ိန္မွာ က်ေနာ္လည္း ေျပးလာၿပီး လမ္းမေပၚေရာက္ေတာ့
ကားတစီး ငွားၿပီး ထြက္လာလိုက္တာ။ က်ေနာ္ ျမင္လိုက္တယ္။ သတင္းေထာက္တေယာက္ဆိုရင္
ေတာ္ေတာ္ထိသြားလို႔ သူတို႔ ကား ေပၚတင္သြားတာ ျမင္လိုက္တယ္။
ေမး။ ။ သတင္းေထာက္ တေယာက္ထိတယ္ ဆိုေတာ့ သူက ဘယ္လိုျဖစ္တာလဲ။
ေျဖ။ ။ က်ေနာ့္စိတ္ထင္ ကားနဲ႔ တိုက္လိုက္လို႔ပဲ ထိသြားတာ ထင္တယ္။ အေျခအေနကေတာ့
ၾကည့္ရတာ ေကာင္းမယ္ မထင္ဘူး။ သူဘယ္လို အတိုက္ခံရသလဲေတာ့ က်ေနာ္မျမင္လိုက္ဘူး။
ေသခ်ာတာကေတာ့ ကားနဲ႔ ဝင္တိုက္တဲ့အခ်ိန္မွာ သပိတ္မွာပါတဲ့ လူ ၁၀၀ မွာ ၈၀ ရာခိုင္ႏႈန္းေလာက္က
ကားတိုက္ခံရလို႔ ျပန႔္က်ဲ ကုန္တာ။ ရန္ကုန္မွာ အႀကီးဆုံး ေျပာက္က်ားသပိတ္ ၿဖိဳခြင္းခံရမႈလို႔ ေျပာလို႔ရမယ္ ထင္တယ္။
ေမး။ ။ အဲဒီလို အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲတာေတြ ႀကဳံလာရေတာ့ စိတ္ထဲမွာ ဘယ္လိုေနလဲ။
ေျဖ။ ။ အဓိကေတာ့ဗ်ာ။ ဒီေကာင္ေတြက စစ္သား ၇ ေယာက္၊ ၈ ေယာက္ေလာက္နဲ႔ လူေတြကို မထႏိုင္ေအာင္ လုပ္မယ္။
ၿပီးရင္ တျခားလူေတြကို ဆက္လိုက္မယ္။ သူတို႔က လဲက်သြားတဲ့ လူေတြကို ေသနတ္ဒင္နဲ႔ လိုက္ထုတယ္ဗ်။
ျမင္ရသေလာက္ေတာ့ အၾကမ္းဖက္တာက ေတာ္ေတာ္ ဆိုးဆိုးပါပဲ။
ပုံစာ – ၾကည့္ျမင္တိုင္သပိတ္ကို စစ္ေကာင္စီတပ္ ကားျဖင့္တိုက္၊
ပစ္ခတ္ၿဖိဳခြဲမႈေၾကာင့္ ဒဏ္ရာရသူတခ်ိဳ႕ကို ေတြ႕ရစဥ္ (ဓာတ္ပုံ- cj)
#WhatsHappeningInMyanmar
#RejectMilitaryCoup
Unicode
‘သူတို့က လဲကျသွားတဲ့ သူတွေကို သေနတ်ဒင်နဲ့ လိုက်ထုတယ်’
ဧရာဝတီ၊ ဒီဇင်ဘာ ၅ ရက် ၊ ၂၀၂၁
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဒီကနေ့ (ဒီဇင်ဘာ ၅ ရက်)
မနက်ပိုင်းက ပြုလုပ်သည့် ရန်ကုန် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ အရှိန်နှင့်
မောင်းနှင်လာသည့်ကားဖြင့် တိုက်ကာ၊ သေနတ်ဖြင့်လည်း ပစ်ခတ် ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း
မျက်မြင်တွေ့သည့် ကြည့်မြင်တိုင်မြို့နယ် ဒေသခံများက ပြောကြသည်။
စစ်ကောင်စီ၏ ဖြိုခွင်းမှုကြောင့် အနည်းဆုံး ၄ ဦး သေ ဆုံးနိုင်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများလည်း
ရှိကာ၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၅ ဦး အဖမ်းခံလိုက်ရကြောင်း မြင်တွေ့သူအချို့က ဆိုသည်။
ရန်ကုန် လူထုသပိတ်ကို စစ်ကောင်စီဘက်က မည်ကဲ့သို့ ဖြိုခွင်းခဲ့သည်နှင့် ပတ်သက်၍
ပိုမိုသိရှိနိုင်ရန် သပိတ်စစ်ကြောင်း တွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီ၏ ဖမ်းဆီးမှုမှ လွတ်မြောက်လာသူတဦးကို
ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဒီမနက်က ရန်ကုန်လူထုသပိတ် ဖြိုခွဲခံရတယ်လို့ သိရပါတယ်။
ဘယ်လိုဖြစ်တာလဲ ပြောပြပါခင်ဗျ။
ဖြေ။ ။ အစက ရန်ကုန်လူထုသပိတ်ပေါ့။ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းကနေ စတာပေါ့။
ကမ်းနားလမ်းနဲ့ ပန်းပင်ကြီး လမ်းဆုံ။ ပန်းပင်ကြီးဘက်ကနေ ပြတာပေါ့။ ခြေလှမ်း အလှမ်း ၂၀
လောက်ပဲ လျှောက်ရသေးတယ်။ လျှောက်ပြီးတော့ Double Cup တစီးပေါ့။ စစ်သား ၇ ယောက်
၊ ၈ ယောက်ပေါ့။ အနောက်ကနေ ဝင်တိုက်တာ။ ဝင်တိုက်တော့ လူတွေက ၁၅ ပေ၊ ပေ ၂၀ လောက်
လွင့်သွားတာပေါ့။ တချို့ လူတွေကလည်း လမ်းပေါ်မှာ ပြန့် ကျဲ၊ မထနိုင်၊ တချို့ကလည်း ဦးခေါင်းနဲ့
လမ်းပေါ် ကျတာ။ အဲဒီလိုပေါ့။ သေဆုံးတဲ့လူတွေလည်း ရှိနိုင်ပါတယ်။
မေး။ ။ ဘယ်အချိန်လောက် ဖြစ်တာလဲ။
ဖြေ။ ။ သပိတ်က ၈ နာရီ ၄၅ စတယ်။ ဖြစ်တာတော့ ၈ နာရီ ၅၀ လောက် ဖြစ်တာပေါ့။ သပိတ်စပြီး
ခြေလှမ်း ၁၅ လှမ်း ၂၀ လောက်ပဲ လျှောက်ရသေးတယ်။ အဲဒီမှာ ဖြစ်တာပေါ့။
မေး။ ။ စစ်ကောင်စီကား ဝင်တိုက်တာကို ဘယ်လို သိလိုက်သလဲ။ တိုက်ပြီးတော့ လူတွေက ဘယ်လိုလွင့်သွားတာလဲ။
ဖြေ။ ။ ဘယ်လိုဖြစ်သလဲဆိုတော့ အနောက်ကနေ ကမ်း နားလမ်းဘက်က Double Cup က ဝင်လာတော့
YBS တစီးက ကွယ်နေတော့ လူတွေက မသိလိုက်ဘူးပေါ့။ YBS နောက်ကနေ Double Cup က ကျော်တက်ပြီး
တိုက်ပစ်လိုက်တာ။ လူတွေက မသိလိုက်ကြဘူးဗျ။ တိုက်ပြီးမှ လူတွေ အားလုံးက သိလိုက်တာ။ သိဖို့ကို
လူတွေက ၁၀ စက္ကန့် ၁၅ စက္ကန့် တောင် အချိန် မရလိုက်ဘူး။
မေး။ ။ ဆိုတော့ အဲဒီမှာ သွေးထွက်သံယို အရမ်းများလား။
ဖြေ။ ။ သွေးထွက်သံယိုက အရမ်းများတယ်ဗျ။ တချို့ဆိုရင် အောက်ပိုင်းတွေ သေကုန်သလားတောင် မသိဘူး။
မေး။ ။ အစ်ကိုလည်း အဲဒီမှာ ဒဏ်ရာရခဲ့တယ် ဆိုတော့ ဘာဒဏ်ရာရထားသေးလဲ။
ဖြေ။ ။ ကျနော့် လက်တွေရယ်။ ဒူးတွေရယ်။ ခါးတွေရယ်မှာ ထိခိုက်ဒဏ်ရာ ရထားပါတယ်။
မေး။ ။ အဲဒီ ဒဏ်ရာတွေ ဘယ်လိုရတာလဲဗျ။
ဖြေ။ ။ ကျနော့်ကို ဝင်တိုက်တော့ Double Cup ရဲ့ ရှေ့ဘောနက် အဖုံးပေါ်ကို ပြုတ်ကျတာ။
ပြုတ်ကျပြီး လွင့်ထွက်သွားတဲ့ အချိန်မှာ ကျနော့်ကို စစ်သားတယောက်က သေနတ်ဒင်နဲ့ လာထုတယ်ဗျ။
ခေါင်းကို ထုတာ။ ကျနော်က အဲဒီအချိန်မှာ သူ့ ကို တွန်းပြီး သူ့ရင်ဘတ်ကို ခြေစုန်ကန် လိုက်တယ်။
ကန်လိုက်တဲ့အချိန်မှာ သူလည်းမှောက် ကိုယ်လည်းမှောက်ပဲ။ သူ့ သေနတ်နဲ့ သူများတွေကို ပစ်မှာစိုးလို့
ကျနော်က သူ့သေနတ်ကို ကန်လိုက်တာ။ ကန်လိုက်တဲ့အချိန်မှာ သေနတ်က ကားအောက်ထဲ မဝင်ဘဲ
သူက အဲဒီ သေနတ်နဲ့ ကျနော့်ကို ပစ်တာ။ သူပစ်တဲ့ အချိန်မှာ ကျနော်က ချော်လဲပြီး ကျည်မထိတာ။
ကျနော် ကံကောင်းသွားတာပေါ့။
ကျနော့်ကို နောက်ကနေ ကျည်ဆန်နဲ့ လိုက်ပစ်တဲ့အချိန်မှာ ကျနော်လည်း ပြေးလာပြီး လမ်းမပေါ်ရောက်တော့
ကားတစီး ငှားပြီး ထွက်လာလိုက်တာ။ ကျနော် မြင်လိုက်တယ်။ သတင်းထောက်တယောက်ဆိုရင်
တော်တော်ထိသွားလို့ သူတို့ ကား ပေါ်တင်သွားတာ မြင်လိုက်တယ်။
မေး။ ။ သတင်းထောက် တယောက်ထိတယ် ဆိုတော့ သူက ဘယ်လိုဖြစ်တာလဲ။
ဖြေ။ ။ ကျနော့်စိတ်ထင် ကားနဲ့ တိုက်လိုက်လို့ပဲ ထိသွားတာ ထင်တယ်။ အခြေအနေကတော့
ကြည့်ရတာ ကောင်းမယ် မထင်ဘူး။ သူဘယ်လို အတိုက်ခံရသလဲတော့ ကျနော်မမြင်လိုက်ဘူး။
သေချာတာကတော့ ကားနဲ့ ဝင်တိုက်တဲ့အချိန်မှာ သပိတ်မှာပါတဲ့ လူ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက်က
ကားတိုက်ခံရလို့ ပြန့်ကျဲ ကုန်တာ။ ရန်ကုန်မှာ အကြီးဆုံး ပြောက်ကျားသပိတ် ဖြိုခွင်းခံရမှုလို့ ပြောလို့ရမယ် ထင်တယ်။
မေး။ ။ အဲဒီလို အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာတွေ ကြုံလာရတော့ စိတ်ထဲမှာ ဘယ်လိုနေလဲ။
ဖြေ။ ။ အဓိကတော့ဗျာ။ ဒီကောင်တွေက စစ်သား ၇ ယောက်၊ ၈ ယောက်လောက်နဲ့ လူတွေကို မထနိုင်အောင် လုပ်မယ်။
ပြီးရင် တခြားလူတွေကို ဆက်လိုက်မယ်။ သူတို့က လဲကျသွားတဲ့ လူတွေကို သေနတ်ဒင်နဲ့ လိုက်ထုတယ်ဗျ။
မြင်ရသလောက်တော့ အကြမ်းဖက်တာက တော်တော် ဆိုးဆိုးပါပဲ။
ပုံစာ – ကြည့်မြင်တိုင်သပိတ်ကို စစ်ကောင်စီတပ် ကားဖြင့်တိုက်၊
ပစ်ခတ်ဖြိုခွဲမှုကြောင့် ဒဏ်ရာရသူတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- cj)
#WhatsHappeningInMyanmar
#RejectMilitaryCoup