ဗဟုသုတ
Unicode
လူငယ်များ အချိန် (၃) မိနစ် လောက် ပေးပြီး ဖတ်ကြည့်သင့်ပါတယ်…..
လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားမူဆိုတာ ပိုင်ဆိုင်မှုကြောင့် မဟုတ်ပါဘူး သူတို့ရဲ့ တွေးခေါ် မျှော်မြင်မှုကြောင့်ဖြစ်တယ် ။ မင်းရဲ့ဖုန်းထဲကို { ဘေ } မထည့်နိုင်တာနဲ့ဘဲ မင်းရဲ့အနာဂတ်တစ်ခုလုံးညှိုးနွမ်းမသွားပါဘူး ။
အွန်လိုင်းပေါ်မှာ ငြင်း ခုန်တိုက်ခိုက်နေတာဟာ မင်းဘဝအတွက် အစစ်အမှန်တွေမဟုတ်ဘူး ငွေကုန်ခံပြီး သုံးတာခြင်း အတူတူ ရရှိသွားတဲ့ အသိ တရားခြင်းက မတူကြပါဘူး ။
အမျှော်အမြင်ရှိသူတွေက အခွင့်အလမ်းတွေကို အာရုံစိုက်ကြပြီး အမြင်ကျဉ်းသူတွေကတော့ အခက်အခဲ ပြဿနာတွေကိုဘဲ စူးစိုက်နေလို့ဖြစ်တယ် ။
အမြင်မရှိတာ တစ်ခုထဲကြောင့် မတိုးတက်တာ မဟုတ်ပါဘူး ။ အတွေးအခေါ်တွေကိုက နိမ့်ကျနေလို့ပါ ။ ရည်မှန်းချက်ဆိုတာ အနိင်အရှုံးနဲ့ သပ်မှတ်လို မရဘူး ။ အောင်မြင်ခြင်း ဆိုတာလည်း တစ်ခါတစ်လေ အရှုံး အမြတ်နဲ့ တိုင်းတာလို မဖြစ်ဘူး ။
ဘဝ ဆိုတာ မိုးကျရွှေလိုဘဲ အမှောင် ကမ္ဘာထဲမှာ ပြင်ဆင်ချိန် မရဘဲ အဆုံးသပ်သွားတဲ့ မျှော်လင့်ခြင်းတွေ ရှိတယ် ။ မိုးခါးရည်ဆိုတာ လူတိုင်း မသောက်ဘူး ။ ကာလ တစ်ခုထိ သည်ဆောင်သွားရမယ့် အရာ မင်းမှာရှိတယ် အဲ့ဒါ ရိုးသားမူပဲ ။ ပြုပြင်ခြင်းဆိုတာ ဝမ်းတွင်းပါ ။ စာရိတ္တတော့မဟုတ်ဘူးပေါ့ ။
လွဲချော်မူ ဆိုတာ ကြိုးစားနေသူတွေ အတွက် အကောင်းဆုံး မိတ်ဆွေပါ ။ မှန်ကန်တဲ့ လမ်းခရီးကို လျှောက်တဲ့ အခါ လှောင်ရယ်သံတွေလည်း ကြားနေရမယ် ။ အဲ့ဒါ ပတ်ဝန်းကျင်လို့ ခေါ်တယ် ။
စစ်မှန်တဲ့ ပျော်ရွှင်မူကို လိုချင်ရင် မင်းကိုယ်တိုင်က စင်ကြယ်နေရမယ် ။ သီအိုရီတွေ အရဆိုရင် ယုံကြည်မူနဲ့ ငွေကြေးကို
ဘယ်တော့မှ အလဲ အထပ်မလုပ်ပါနဲ့ ။ တဒင်္ဂ ဆိုတဲ့ အချိန်လေးအတွင်းမှာ တခုထဲသော ဘဝဟာ ဈေးကြီးလွန်းတယ် ။
တန်ဘိုးဆိုတာ မင်းရဲ့အနေ အထိုင် အပြု အမူတွေကဘဲ ကြေးဖြတ်လိမ့်မယ် ။ ဒါဟာ သီအိုရီ မဟုတ်ဘူး…… ။ တချို့အရာတွေကရှေးရိုးကျတာ ကောင်းပါတယ် ……. ။ လောကကြီးကို မကြာ ခဏ ပြုံးပြဖို့ မမေ့လိုက်ပါနဲ့ ။
ပတ်ဝန်းကြင်ဆိုတာလောင်းရိပ်လိုဘဲ မင်း ကောင်းကောင်း ဆိုးဆိုး ။ အမြဲတမ်း လွှမ်းမိုးနေမယ့် လူတစ်စုဘဲ ။
ဘဝတစ်ခု အတွက် ဦးနှောက်နဲ့ ဖြတ်သန်းပြီး နှလုံးသားနဲ့ ရပ်တည်ပါ ။ လူတော် တစ်ယောက်ဖြစ်ဖို့ထက် လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ ။
သိန်းငှက်တွေကို ဘယ်သူကမှ လက်ခုပ်တီးပြီး အားမပေးဘူး ။ ဒါပေမယ့် သူတို့ဟာ အမြင့်ဆုံးထိအောင် ပျံသန်းနေကြတယ် ။
မင်းရဲ့သမိုင်းတစ်လျှောက်မှာ ဂန္တဝင်တွင်ဖို့မလိုဘူး ။ ရိုးရှင်းနေဖို့ဘဲ လိုတယ် ။ ဒါဟာ မင်းဘဝရဲ့ စာမျက်နာတွေကို ပြန်ကြည့်လို ရမယ့် ပြတင်းပေါက်ဖြစ်တယ် ။ ပြစ်တင်ဝေဖန်မှုကြားမှာ မင်းဘဝဟာ ဖယောင်းငယ်တစ်စက် မဖြစ်စေနဲ့ ။
လုံလောက်တဲ့ အောင်မြင်မှုအတွက် အသက်ရှုဖို့မမေ့ပါနဲ့ ။ လွတ်မြောက်နိင်ခြင်းရဲ့အစမှာ ကြံ့ခိုင်ဖို့ အရေးကြီးတယ် ။ မျှော်လင့်ချက်ဆိုတာ ပုံပြင်မဟုတ်ဘူး ။ စိတ်ကူးယဉ်ဆန်တဲ့ ဒဏ္ဍာရီ မဟုတ်သလို ပါးစပ်ရာဇဝင်လိုလည်း နားထောင်ကောင်းရုံ သက်သက်မဟုတ်ဘူး ။ အမြဲတမ်း ကိုယ်ရည်သွေးပေးနေရမယ့် တိုက်ပွဲတစ်ခုဘဲ ။
နာကျင်ခါးသီးမှုတွေကို စိတ်ပျက်အားငယ်နေရင် ငါပြောရဲတယ် ။ မင်းဘဝဟာဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး ။ အရေးမကြီးတာတွေ ဦးစားပေးမိရင် ဘဝမှာ တကယ်လိုအပ်နေတာတွေ ဆုံးရှုံးရလိမ့်မယ် ။
ငါပြောတာ နားထောင်…. အလှဆိုတာ ဘဝ လောက်အရေးမကြီးဘူး ။ ပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်တယ့် တစ်နေ့ အချစ်ဆိုတဲ့အရာဟာ မင်းရဲ့ခြေရင်းမှာ သူ့အလိုလို (ကျွန်)လာခံလိမ့်မယ် ။