ယခုလက် ၇ ရက်နေမှ စပြီး ဖုန်းခေါ်ဆိုခနှင့် ဒေတာ သုံးစွဲခတွေ အားလုံး စျေးတက်တော့မယ်လို့ ဖုန်းအော်ပရေတာတွေ အားလုံးက ကြေငြာထားပါတယ်
သုံးစွဲသူ ပြည်သူများကိုလည်း အော်ပရေတာ အသီးသီးမှ message များ ပို့ပြီး အကြောင်းကြားထားကြပါတယ်
ဒီလို စျေးနှုန်းတွေ တက်မယ်ဆိုတာဟာ စစ်ကောင်စီရဲ့ အမိန့်အရ ပြုလုပ်နေကြတာဖြစ်ပါတယ်
ဒီလို စျေးနှုန်းတွေ တက်မယ်ဆိုတဲ့ အော်ပရေတာတွေနဲ့ ပတ်သတ်ပြီး Area – 21 အဖွဲ့က ခုလို ကြေငြာချက် ထုတ်ပြန်ထားပါတယ်
ကြေငြာချက် အနှစ်ချုပ်ကတော့ MPT/Telenor/Ooredoo တို့ရေ အင်တာနက် စျေးနှုန်းမြှင့်မည်ကို ရပ်တန့်ပါ မဟုတ်ရင်MYTELနဲ့ အတူ ဝုန်းမည်😁လို့ ကြေငြာလိုက်တာပါပဲ
ဒီဇင္ဘာ ၇ ရက္ေန႔ ေနာက္ပိုင္းမွစ၍ ဖုန္းေဒတာ ေဈးမ်ားတက္လာေတာ့မည္
တယ္လီကြန္း ကုမၸဏီမ်ားက လက္ရွိေရာင္းခ်ေနသည့္ အင္တာနက္အသုံးျပဳႏိုင္သည့္ ဖုန္းေဒတာ ေဈးႏႈန္းမ်ားကို
စစ္ေကာင္စီက ေဈးျမႇင့္တင္ခိုင္းထားသည့္အတြက္ လာမည့္ အဂၤါေန႔ေနာက္ပိုင္းမွ
စ၍ ေဈးတက္လာႏိုင္ေၾကာင္း တယ္လီကြန္းကုမၸဏီတစ္ခုမွ ဝန္ထမ္းတစ္ဦးက ေျပာသည္။
လက္ရွိ ဝယ္ယူ ရရွိေနသည့္ ေဈးႏႈန္းတူႏိုင္ေသာ္လည္း ရရွိမည့္ ေဒတာပမဏေလ်ာ့နည္းသြားႏိုင္သည္ဟု
နာမည္မေဖာ္လိုသူ သတင္းရင္းျမစ္က ဆိုသည္။
“မတက္ခင္ အခုေစ်းနဲ႔ႀကိဳဝယ္ထားဖို႔ေျပာေပးေစလိုပါတယ္။ ျပည္သူေတြသက္သာေအာင္ပါ” ဟု သတင္းေပးလာသူက ဆိုသည္။
ယခင္က ၁၀၀၀ က်ပ္ျဖင့္ 1GB အသုံးျပဳ၍ ရပါက ေျပာင္းလဲလိုက္ၿပီးေနာက္ ၁၀၀၀ က်ပ္တြင္ 500MB
ကဲ့သို႔ ထက္ဝက္ခန႔္ေလွ်ာ့ခ်သြားရန္ စစ္ေကာင္စီက ျပင္ဆင္ေနျခင္း ျဖစ္သည္။
“အရင္က (တယ္လီကြန္း ကုမၸဏီေတြအေနနဲ႔) Data Package တစ္ခုလုပ္မယ္ဆို ေစ်းက 1MB ကို
၁ က်ပ္ေအာက္ ဆင္းလို႔မရဘူးဗ်။ အခုေစ်းက 1MB ကို ၁.၈ က်ပ္ေအာက္ ဆင္းလို႔မရဘူး”
ဟု သတင္းရင္းျမစ္က ရွင္းျပသည္။
စစ္ေကာင္စီ ဆက္သြယ္ေရးဝန္ႀကီးဌာန၏ စည္းမ်ဥ္းအသစ္မ်ားေၾကာင့္ ဖုန္းေဒတာႏွင့္ အသံ ပ႐ိုမိုးရွင္း
ႏႈန္းထားမ်ား အေျပာင္းအလဲ ရွိႏိုင္ေၾကာင္း ၿပီးခဲ့သည့္ ဗုဒၶဟူးေန႔က တယ္လီေနာက ေၾကညာထားသည္။
Crd..Mratt Kyaw Thu
Unicode
ဒီဇင်ဘာ ၇ ရက်နေ့ နောက်ပိုင်းမှစ၍ ဖုန်းဒေတာ ဈေးများတက်လာတော့မည်
တယ်လီကွန်း ကုမ္ပဏီများက လက်ရှိရောင်းချနေသည့် အင်တာနက်အသုံးပြုနိုင်သည့် ဖုန်းဒေတာ ဈေးနှုန်းများကို
စစ်ကောင်စီက ဈေးမြှင့်တင်ခိုင်းထားသည့်အတွက် လာမည့် အင်္ဂါနေ့နောက်ပိုင်းမှ
စ၍ ဈေးတက်လာနိုင်ကြောင်း တယ်လီကွန်းကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိ ဝယ်ယူ ရရှိနေသည့် ဈေးနှုန်းတူနိုင်သော်လည်း ရရှိမည့် ဒေတာပမဏလျော့နည်းသွားနိုင်သည်ဟု
နာမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆိုသည်။
“မတက်ခင် အခုစျေးနဲ့ကြိုဝယ်ထားဖို့ပြောပေးစေလိုပါတယ်။ ပြည်သူတွေသက်သာအောင်ပါ” ဟု သတင်းပေးလာသူက ဆိုသည်။
ယခင်က ၁၀၀၀ ကျပ်ဖြင့် 1GB အသုံးပြု၍ ရပါက ပြောင်းလဲလိုက်ပြီးနောက် ၁၀၀၀ ကျပ်တွင် 500MB
ကဲ့သို့ ထက်ဝက်ခန့်လျှော့ချသွားရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်သည်။
“အရင်က (တယ်လီကွန်း ကုမ္ပဏီတွေအနေနဲ့) Data Package တစ်ခုလုပ်မယ်ဆို စျေးက 1MB ကို
၁ ကျပ်အောက် ဆင်းလို့မရဘူးဗျ။ အခုစျေးက 1MB ကို ၁.၈ ကျပ်အောက် ဆင်းလို့မရဘူး”
ဟု သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကောင်စီ ဆက်သွယ်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းအသစ်များကြောင့် ဖုန်းဒေတာနှင့် အသံ ပရိုမိုးရှင်း
နှုန်းထားများ အပြောင်းအလဲ ရှိနိုင်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တယ်လီနောက ကြေညာထားသည်။
Crd..Mratt Kyaw Thu
ဒီဇင်ဘာ-၅|၂၀၂၁ခုနှစ်
#ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး