NUG ရဲ႕ ေထာက္ပံ့ေရးနဲ႔ ပတ္သတ္လို႔ PDF ေတြဆီက သတင္းေကာင္းေတြကို ျပန္လည္မွ်ေဝေပးလိုက္တဲ့ ပန္ဆယ္လို”
သတင္းေကာင္းေလးေတြ စၾကားရၿပီ။ PDF ေတြဆီက ေျပာလာတယ္။ NUG ဆီက အေထာက္အပံ့ေတြ စရေနပါၿပီတဲ့။
အရင္ဆုံး ရိကၡာအေထာက္အပံ့အေနနဲ႔နဲ႔ တပ္သားတစ္ေယာက္ကို တစ္ရက္ ၂၀၀၀ ႏႈန္း ထုတ္ေပးၿပီး
အားလုံးေမွ်ာ္လင့္ေနတဲ့ အရွည္အတို အေထာက္အပံ့ေတြလည္း ဆက္လာေတာ့မယ္လို႔ သိရပါတယ္။ သူတို႔လည္း အားတက္ေနၾကၿပီ။
အရင္ကလည္း တိုက္ပြဲျဖစ္ေနတဲ့ ေဒသေတြက အဖြဲ႕ေတြကို ေထာက္ပံ့တာေတြ ရွိပါတယ္။ လူအမ်ားႀကီး မသိၾကတာပဲ ရွိပါတယ္။
လက္နက္ကိုင္ေတာ္လွန္ေရးဟာ ကုန္က်စားရိတ္မ်ားလြန္းတဲ့အျပင္ ျပည္သူ႔အကူအညီနဲ႔ ရပ္တည္ေနတဲ့
NUG အစိုးရအေနနဲ႔ မေလာက္ငွႏိုင္တာမို႔ ျပစ္တင္ေဝဖန္မႈေတြ၊ အထင္လြဲမႈေတြနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။
အခုေတာ့ ျပည္သူေတြ ၾကားခ်င္တဲ့သတင္းေတြ စၾကားရပါၿပီ။ ေႏြဦးထီတို႔၊
Bond တို႔၊ အခြန္တို႔၊ Raffle Ticket တို႔ရဲ႕ အစြမ္းေတြလို႔လည္း
ယူဆမိပါတယ္။ ေထာက္ပံ့မႈေတြ ေပးႏိုင္ၿပီဆိုရင္ Local PDF ေတြ၊ NUG ရဲ႕ COC ေအာက္ မရွိေသးတဲ့
အဖြဲ႕ေတြကိုလည္း စုစည္းလာႏိုင္ေတာ့မယ္၊ ပိုအားေကာင္းလာႏိုင္ေတာ့မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
NUG ဟာ ျပည္သူ႔Madate ရ အစိုးရတစ္ရပ္ျဖစ္တယ္။ ဒီေတာ္လွန္ေရးရဲ႕ တပ္ဦးျဖစ္တယ္။ အားမလို အားမရျဖစ္မႈေတြ ရွိႏိုင္ေပမယ့္
အေျပာလြယ္သေလာက္ အလုပ္ခက္တဲ့ ဒီအေျခအေနမွာ အားကုန္ထုတ္ ႀကိဳးစားေနတယ္ဆိုတာ
ဆက္လက္ယုံၾကည္ထားဖို႔ လိုပါတယ္။ NUG ကို လႉရင္ PDF ကို မေရာက္ဘူးဆိုတဲ့ေသြးခြဲစကားေတြကို နားမေယာင္ၾကဖို႔ လိုပါတယ္။
NUG ကိုလည္း ကူပါ။ Local အဖြဲ႕ေတြကိုလည္း ယုံၾကည္ရသူေတြကတဆင့္ ကူပါ။
ဖက္ဆစ္စစ္တပ္ အျမန္အျမစ္ျဖတ္ႏိုင္ဖို႔ ဒီတစ္ေခါက္ အၿပီး႐ုန္းၾကရေအာင္ပါ။
ကိုယ္တို႔အားလုံး လက္နက္မကိုင္ႏိုင္ရင္ေတာင္ ကိုယ္တို႔အားလုံး ေထာက္ပို႔တပ္သားအျဖစ္ ပါဝင္ၾကရင္
ေလးေပေစာက္ပုမေျပာနဲ႔ ကဒါဖီေရာ၊ ဟစ္တလာေရာပါ ေသ႐ြာက ထလာရင္ေတာင္ မႏိုင္ေစရဘူး…. ယုံ။
Unicode
NUG ရဲ့ ထောက်ပံ့ရေးနဲ့ ပတ်သတ်လို့ PDF တွေဆီက သတင်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်တဲ့ ပန်ဆယ်လို”
သတင်းကောင်းလေးတွေ စကြားရပြီ။ PDF တွေဆီက ပြောလာတယ်။ NUG ဆီက အထောက်အပံ့တွေ စရနေပါပြီတဲ့။
အရင်ဆုံး ရိက္ခာအထောက်အပံ့အနေနဲ့နဲ့ တပ်သားတစ်ယောက်ကို တစ်ရက် ၂၀၀၀ နှုန်း ထုတ်ပေးပြီး
အားလုံးမျှော်လင့်နေတဲ့ အရှည်အတို အထောက်အပံ့တွေလည်း ဆက်လာတော့မယ်လို့ သိရပါတယ်။ သူတို့လည်း အားတက်နေကြပြီ။
အရင်ကလည်း တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက အဖွဲ့တွေကို ထောက်ပံ့တာတွေ ရှိပါတယ်။ လူအများကြီး မသိကြတာပဲ ရှိပါတယ်။
လက်နက်ကိုင်တော်လှန်ရေးဟာ ကုန်ကျစားရိတ်များလွန်းတဲ့အပြင် ပြည်သူ့အကူအညီနဲ့ ရပ်တည်နေတဲ့
NUG အစိုးရအနေနဲ့ မလောက်ငှနိုင်တာမို့ ပြစ်တင်ဝေဖန်မှုတွေ၊ အထင်လွဲမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
အခုတော့ ပြည်သူတွေ ကြားချင်တဲ့သတင်းတွေ စကြားရပါပြီ။ နွေဦးထီတို့၊
Bond တို့၊ အခွန်တို့၊ Raffle Ticket တို့ရဲ့ အစွမ်းတွေလို့လည်း
ယူဆမိပါတယ်။ ထောက်ပံ့မှုတွေ ပေးနိုင်ပြီဆိုရင် Local PDF တွေ၊ NUG ရဲ့ COC အောက် မရှိသေးတဲ့
အဖွဲ့တွေကိုလည်း စုစည်းလာနိုင်တော့မယ်၊ ပိုအားကောင်းလာနိုင်တော့မယ်လို့ မျှော်လင့်ပါတယ်။
NUG ဟာ ပြည်သူ့Madate ရ အစိုးရတစ်ရပ်ဖြစ်တယ်။ ဒီတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တယ်။ အားမလို အားမရဖြစ်မှုတွေ ရှိနိုင်ပေမယ့်
အပြောလွယ်သလောက် အလုပ်ခက်တဲ့ ဒီအခြေအနေမှာ အားကုန်ထုတ် ကြိုးစားနေတယ်ဆိုတာ
ဆက်လက်ယုံကြည်ထားဖို့ လိုပါတယ်။ NUG ကို လှူရင် PDF ကို မရောက်ဘူးဆိုတဲ့သွေးခွဲစကားတွေကို နားမယောင်ကြဖို့ လိုပါတယ်။
NUG ကိုလည်း ကူပါ။ Local အဖွဲ့တွေကိုလည်း ယုံကြည်ရသူတွေကတဆင့် ကူပါ။
ဖက်ဆစ်စစ်တပ် အမြန်အမြစ်ဖြတ်နိုင်ဖို့ ဒီတစ်ခေါက် အပြီးရုန်းကြရအောင်ပါ။
ကိုယ်တို့အားလုံး လက်နက်မကိုင်နိုင်ရင်တောင် ကိုယ်တို့အားလုံး ထောက်ပို့တပ်သားအဖြစ် ပါဝင်ကြရင်
လေးပေစောက်ပုမပြောနဲ့ ကဒါဖီရော၊ ဟစ်တလာရောပါ သေရွာက ထလာရင်တောင် မနိုင်စေရဘူး…. ယုံ။