Local News

သဘာဝဘေးအန္တရာယ် ကျရောက်လာတဲ့အခါ အိမ်ယာမဲ့များအတွက်လည်း အကူညီဖြစ်စေတဲ့ 3D အိမ်ဒီဇိုင်းကို တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်

The Daily Mail မှာတင်ပြလာတဲ့ အိမ်တစ်လုံးဟာ လွန်ခဲ့တဲ့နှစ် ရာပေါင်းများစွာက ရှေးဟောင်းယဉ်ကျေးမှုများမှ သဲကန္တာရအလယ်ရှိ အဆောက်အအုံတစ်ခုလို ထင်ရပေမယ့် တကယ်တော့ ဒါဟာ 3D ပုံနှိပ်ထားတဲ့ ရွှံ့အိမ်ပါ ။

3D ရိုက်နှိပ်ထားတဲ့ ရွှံ့အိမ်ကို “ခေတ်မီတဲ့ ဆောက်လုပ်ရေးနည်းပညာ” ဖြင့် အရေးပေါ် သို့မဟုတ် သဘာဝဘေးအန္တရာယ် ကျရောက်လာတဲ့အခါ အိုးမဲ့အိမ်မဲ့များနဲ့ အိမ်ယာမဲ့များကို ကူညီပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ခြင်းနဲ့ အီတလီဗိသုကာပညာရှင် Mario Cucinella မှ ဒီဇိုင်းဆွဲထားတာပါတယ် ။ TECLA လို့ အမည်ပေးထားတဲ့ အဆိုပါ ရွှံ့အိမ်က နည်းပညာနဲ့ ဒေသဆိုင်ရာ ရွှံ့စေးများဖြင့် ပေါင်းစပ်ထားတာပါ ။

Cucinella က ရှေးဟောင်းပစ္စည်းများကို လက်ရှိနည်းပညာနဲ့ အစားထိုးခြင်းဖြင့် ထူးခြားတဲ့အခန်းရဲ့အစလို့ Cucinella က ထင်ထားတာကြောင့်ပါ ။ အိမ်များရဲ့ အလှတရားများက 2030 ခုနှစ်မှာ ဥရောပရဲ့ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေး ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ဆန်းသစ်တဲ့ နည်းပညာများနဲ့ ဆောက်လုပ်ရေးပစ္စည်းများရဲ့ ရလဒ်ဖြစ်ပါတယ် ။

အကျယ်အဝန်း 60 စတုရန်းမီတာရှိတဲ့ စံပြအိမ်လို အလွှာများဖြင့် တည်ဆောက်ထားတဲ့ ရွှံ့မှိုကို ဗဟို အပေါက်နဲ့ စက်ဝိုင်းပုံစံဖြင့် ပြုလုပ်ထားပြီးပုံနှိပ်ရန် နာရီ 200 ကြာခဲ့သော်လည်း Cucinella က တည်ဆောက်မှုကုန်ကျစရိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပါ ။

အိမ်အတွင်းမှာ ဧည့်ခန်းတစ်ခု ပါဝင်ပြီး ရေချိုးခန်းနဲ့ အိပ်ခန်း ပရိဘောဂများကို စားပွဲနဲ့ ကုလားထိုင်များအပါအဝင် 3D ရိုက်နှိပ်ထားပါတယ် ။ ဒီဇိုင်းရဲ့ အလှတရားများအပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက အသုံးပြုနိုင်သေးကြောင်း Cucinella မှ ပြောကြားခဲ့ပါတယ် ။

3D ပရင်တာက ဆူနာမီ၊ ငလျင်လှုပ်ခြင်း သို့မဟုတ် ရေကြီးခြင်းကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးအတွက် အမိုးခုံးပုံနှိပ်စက်ပုံစံကိုလည်း ပြုပြင်ပြောင်းလဲပေးပါတယ် ။

Reference : khaosod

Zawgyi

The Daily Mail မွာ တင္ျပလာတဲ့ အိမ္တစ္လုံးဟာ လြန္ခဲ့တဲ့ႏွစ္ ရာေပါင္းမ်ားစြာက ေရွးေဟာင္းယဥ္ေက်းမႈမ်ားမွ သဲကႏၲာရအလယ္ရွိ အေဆာက္အအုံတစ္ခုလို ထင္ရေပမယ့္ တကယ္ေတာ့ ဒါဟာ 3D ပုံႏွိပ္ထားတဲ့ ႐ႊံ႕အိမ္ပါ ။

3D ႐ိုက္ႏွိပ္ထားတဲ့ ႐ႊံ႕အိမ္ကို “ေခတ္မီတဲ့ ေဆာက္လုပ္ေရးနည္းပညာ” ျဖင့္ အေရးေပၚ သို႔မဟုတ္ သဘာဝေဘးအႏၲရာယ္ က်ေရာက္လာတဲ့အခါ အိုးမဲ့အိမ္မဲ့မ်ားနဲ႔ အိမ္ယာမဲ့မ်ားကို ကူညီေပးလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ျခင္းနဲ႔ အီတလီဗိသုကာပညာရွင္ Mario Cucinella မွ ဒီဇိုင္းဆြဲထားတာပါတယ္ ။ TECLA လို႔ အမည္ေပးထားတဲ့ အဆိုပါ ႐ႊံ႕အိမ္က နည္းပညာနဲ႔ ေဒသဆိုင္ရာ ႐ႊံ႕ေစးမ်ားျဖင့္ ေပါင္းစပ္ထားတာပါ ။

Cucinella က ေရွးေဟာင္းပစၥည္းမ်ားကို လက္ရွိနည္းပညာနဲ႔ အစားထိုးျခင္းျဖင့္ ထူးျခားတဲ့အခန္းရဲ႕အစလို႔ Cucinella က ထင္ထားတာေၾကာင့္ပါ ။ အိမ္မ်ားရဲ႕ အလွတရားမ်ားက 2030 ခုႏွစ္မွာ ဥေရာပရဲ႕ ကာဗြန္ထုတ္လႊတ္မႈ ကင္းစင္ေရး ပန္းတိုင္ကို အေရာက္လွမ္းႏိုင္ရန္ ဆန္းသစ္တဲ့ နည္းပညာမ်ားနဲ႔ ေဆာက္လုပ္ေရးပစၥည္းမ်ားရဲ႕ ရလဒ္ျဖစ္ပါတယ္ ။

အက်ယ္အဝန္း 60 စတုရန္းမီတာရွိတဲ့ စံျပအိမ္လို အလႊာမ်ားျဖင့္ တည္ေဆာက္ထားတဲ့ ႐ႊံ႕မႈိကို ဗဟို အေပါက္နဲ႔ စက္ဝိုင္းပုံစံျဖင့္ ျပဳလုပ္ထားၿပီး ပုံႏွိပ္ရန္ နာရီ 200 ၾကာခဲ့ေသာ္လည္း Cucinella က တည္ေဆာက္မႈကုန္က်စရိတ္ကို ထုတ္ေဖာ္ေျပာၾကားျခင္းမရွိပါ ။

အိမ္အတြင္းမွာ ဧည့္ခန္းတစ္ခု ပါဝင္ၿပီး ေရခ်ိဳးခန္းနဲ႔ အိပ္ခန္း ပရိေဘာဂမ်ားကို စားပြဲနဲ႔ ကုလားထိုင္မ်ားအပါအဝင္ 3D ႐ိုက္ႏွိပ္ထားပါတယ္ ။ ဒီဇိုင္းရဲ႕ အလွတရားမ်ားအျပင္ သဘာဝ ေဘးအႏၲရာယ္ က်ေရာက္ပါက အသုံးျပဳႏိုင္ေသးေၾကာင္း Cucinella မွ ေျပာၾကားခဲ့ပါတယ္ ။

3D ပရင္တာက ဆူနာမီ၊ ငလ်င္လႈပ္ျခင္း သို႔မဟုတ္ ေရႀကီးျခင္းကဲ့သို႔ေသာ ပတ္ဝန္းက်င္အေျခအေနအမ်ိဳးမ်ိဳးအတြက္ အမိုးခုံးပုံႏွိပ္စက္ပုံစံကိုလည္း ျပဳျပင္ေျပာင္းလဲေပးပါတယ္ ။

JRose (KB Chimmy One)