အေရးေပၚအေျခအေနေၾကညာၿပီးေနာက္ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈမ်ား က်ဆင္းလာခဲ့ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ေျပာ
ဝင္ေငြခြန္အပါအဝင္ အခြန္မ်ားလည္း အျပည့္အဝမရရွိဟုဆို
ေနျပည္ေတာ္၊ ဒီဇင္ဘာ ၄
အေရးေပၚအေျခအေနေၾကညာၿပီးေနာက္ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ ျဖစ္ေပၚလာခဲ့မႈေတြေၾကာင့္
ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈေတြလည္း စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈနယ္ပယ္ေတြမွာ က်ဆင္းမႈရွိလာခဲ့တယ္လို႔
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
မေန႔က ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံေတာ္အဆင့္ အစည္းအေဝးတခုမွာ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ၿပီး
ကိုဗစ္-၁၉ ျဖစ္ပြားေနမႈေၾကာင့္ ကူးစက္မႈႏႈန္းေတြ က်ဆင္းေစေရးအတြက္ ဦးစားေပးေဆာင္႐ြက္ခဲ့ရလို႔
အခ်ိဳ႕လုပ္ငန္းေတြမွာ လစ္ဟင္းမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း ၎က ဝန္ခံေျပာၾကားခဲ့ပါတယ္။
လက္ရွိမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဝင္ေငြခြန္အပါအဝင္ အခြန္မ်ား အျပည့္အဝရရွိမႈ မရွိေၾကာင္းနဲ႔
နယ္စပ္ေဒသမ်ားမွ ျပည္ပပို႔ကုန္သြင္းကုန္မ်ားတြင္ အခြန္ေငြေကာက္ခံမႈမ်ား စနစ္တက်မရွိျခင္းေၾကာင့္
ႏိုင္ငံအတြက္ နစ္နာမႈမ်ား မ်ားစြာျဖစ္ေပၚေနတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာပါတယ္။
အခြန္ေငြေကာက္ခံမႈနဲ႔ ပတ္သက္ၿပီး မသမာျပဳလုပ္မႈမ်ားကို ေဖာ္ထုတ္ထိန္းသိမ္းကာ ၾကပ္မတ္ေဆာင္႐ြက္သြားၾကဖို႔
လိုေၾကာင္းနဲ႔ အခြန္အျပည့္အဝရရွိေရးကို မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ေဆာင္႐ြက္ဖို႔လိုတယ္လို႔ မွာၾကားထားပါတယ္။
သတင္း – BETV Business
Unicode
အရေးပေါ်အခြေအနေကြေညာပြီးနောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာခဲ့ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
ဝင်ငွေခွန်အပါအဝင် အခွန်များလည်း အပြည့်အဝမရရှိဟုဆို
နေပြည်တော်၊ ဒီဇင်ဘာ ၄
အရေးပေါ်အခြေအနေကြေညာပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့မှုတွေကြောင့်
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေမှာ ကျဆင်းမှုရှိလာခဲ့တယ်လို့
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အဆင့် အစည်းအဝေးတခုမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး
ကိုဗစ်-၁၉ ဖြစ်ပွားနေမှုကြောင့် ကူးစက်မှုနှုန်းတွေ ကျဆင်းစေရေးအတွက် ဦးစားပေးဆောင်ရွက်ခဲ့ရလို့
အချို့လုပ်ငန်းတွေမှာ လစ်ဟင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဝန်ခံပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် ဝင်ငွေခွန်အပါအဝင် အခွန်များ အပြည့်အဝရရှိမှု မရှိကြောင်းနဲ့
နယ်စပ်ဒေသများမှ ပြည်ပပို့ကုန်သွင်းကုန်များတွင် အခွန်ငွေကောက်ခံမှုများ စနစ်တကျမရှိခြင်းကြောင့်
နိုင်ငံအတွက် နစ်နာမှုများ များစွာဖြစ်ပေါ်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
အခွန်ငွေကောက်ခံမှုနဲ့ ပတ်သက်ပြီး မသမာပြုလုပ်မှုများကို ဖော်ထုတ်ထိန်းသိမ်းကာ ကြပ်မတ်ဆောင်ရွက်သွားကြဖို့
လိုကြောင်းနဲ့ အခွန်အပြည့်အဝရရှိရေးကို မျက်ခြည်မပြတ် စောင့်ကြည့်ဆောင်ရွက်ဖို့လိုတယ်လို့ မှာကြားထားပါတယ်။
သတင်း – BETV Business