News

“တိုက်ပွဲအတွင်း နောက်ချန်ရစ်ကာ အခြားရဲဘော်တွေအတွက် ကာပစ်ပေးရင်း ကျဆုံးခဲ့ရတဲ့ PDF သူရဲကောင်း(CDM ကျောင်းဆရာ)”

ရန်ကုန်၊ ဒီဇင်ဘာ ၄

အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်ရင်း ဒီဇင်ဘာလ ၃ ရက် တိုက်ပွဲတစ်ခုတွင် နောက်ချန်နေရစ်ကာ အခြားရဲဘော်များကို ကာပစ်ပေးနေရင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် CDM ကျောင်းဆရာ ကိုမြဝင်းကို (ခ) နွားကျောင်းသား ကျဆုံးသွားသည့်အတွက် ဝမ်းနည်းကြောင်းနှင့် တော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ ဦးဆွေးဆံမြေ့ ဆက်လက်ထမ်းရွက်မည်ဟု ဒီပဲယင်း PDF က သတင်းထုတ်ပြန်သည်။

“CDM လှုပ်ရှားမှုတွင်ပါဝင်ရုံသာမက လက်နက်ကိုင်လှုပ်ရှားမှုဖြင့်လည်း စစ်အာဏာရှင်ကို တော်လှန်ခဲ့သည့်အတွက် ကိုမြဝင်းကို (ခ) နွားကျောင်းသားသည် တော်လှန်ရေးအပေါ်တွင် တာဝန်ကျေသည်ထက် ပို၍ တာဝန်ကျေခဲ့ပြီဖြစ်ကြောင်း” ဒီဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကနောင်တပ်ရင်း)က ဆိုသည်။

အင်ဘုတ်နဲ့ ဘုတ်ရွာ ဆပ်ပြာကျင်း ရွာ ပတ်ဝန်းကျင်တွေ တောထဲရှိတဲများကို စကစ တပ်သားတွေ ယနေ့မီးရှို့နေသော ပုံများ

အကြမ်းဖက်စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ ၂၇ ရက်မှ စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်းသို့ လေကြောင်းပစ်ကူများအပါအဝင် သာလွန်အင်အား (၄၀၀) ခန့်ဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲလျက်ရှိကြောင်း ဒီပဲယင်း PDF ထုတ်ပြန်ချက်အရ သိရှိရသည်။

Khit Thit Media

ဓါတ်ပုံ – CDM ကျောင်းဆရာ မြဝင်းကို