” NUG အစိုးရ အႏိုင္ရဖို႔ ေသခ်ာသြားၿပီလို႔ ထုတ္ေျပာလိုက္တဲ့ ကုလနဲ႔ ႏိုင္ငံတကာ သတင္းဌာနမ်ား ”
” NUG အစိုးရဟာ ႏိုင္ငံတကာ အသိအမွတ္ျပဳမႈ႕မွာ အႏိုင္ရဖို႔ ေသခ်ာေစခဲ့ပါတယ္ ။
ျမန္မာစစ္ေကာင္စီဟာ သံတမန္အသစ္ ေအာင္သူရိန္ကို သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔
လဲေပးဖို႔ ေတာင္းဆိုခဲ့တာကို ကုလသမဂၢအဖြဲ႕ႀကီးက ေ႐ႊ႕ဆိုင္းလိုက္တာပါ ။
ဒီလိုေ႐ႊ႕ဆိုင္းတာဟာ ျမန္မာျပည္သူေတြရဲ႕ အသံကို နားေထာင္လိုက္တာပါပဲ ။ ” လို႔ RFA
သတင္းဌာနက ကုလကိုယ္စားျပဳ သံအမတ္တစ္ဦးနဲ႔ အင္တာဗ်ဴးၿပီးခ်ိန္မွာ ေျပာၾကားလိုက္တာပါ ။
” အခုလိုေ႐ႊ႕ဆိုင္းတာဟာ ကုလသမဂၢရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ႏိုင္ငံတကာ ဥပေဒေတြနဲ႔
မညီၫြတ္ပါဘူး ။ ႏိုင္ငံတကာဥပေဒမွာ အခ်ဳပ္အခ်ာအာဏာကို ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ျပည္တြင္းေရးနဲ႔
ျပည္ပေရးရာေတြမွာ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြခ်ႏိုင္တဲ့ လြတ္လပ္မႈ႕အျဖစ္ သတ္မွတ္ထားပါတယ္ ။
အခ်ဳပ္အခ်ာ ႏိုင္ငံေတြရဲ႕ တန္းတူညီမွ်ေရးကို ကုလပဋိညာဥ္စာတမ္းမွာ ေဖာ္ျပထားပါတယ္ ။
အဖြဲ႕ဝင္အားလုံးရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ သာတူညီမွ်ေရးအေပၚမွာ အေၿခံတယ္လို႔
ကုလသမဂၢက ျပ႒ာန္းထားပါတယ္ ။ ဒီဆုံးျဖတ္ခ်က္ဟာ အဲ့ဒီစာခ်ဳပ္နဲ႔ မကိုက္ညီပါဘူး ”
လို႔ စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက RFA ကို ေျပာၾကားလိုက္ပါတယ္ ။
ဝါရွင္တန္ ျမန္မာသံ႐ုံးမွာ ဗိုလ္မႈးႀကီး ေအာင္သူရိန္ကို စစ္သံမႈးအျဖစ္ ခန္႔အပ္ဖို႔လည္း
ဦးေက်ာ္မိုးထြန္းကို ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေတာင္းဆိုလိုက္ပါတယ္ ။
အာဆီယံအဖြဲ႕ကို ျမန္မာစစ္ေကာင္စီကေန ႏုတ္ထြက္စာ ၃ ေစာင္ တင္လိုက္ပါတယ္ ။
ျမန္မာအစိုးရအဆက္ဆက္ကို ခုခံကာကြယ္လာတဲ့ တ႐ုပ္နဲ႔ ႐ုရွားဟာ စစ္်ကာင္စီဘက္မွာ
မရွိေတာ့ဘူးလို႔ ႏိုင္ငံေရးကြၽမ္းက်င္သူေတြက သုံးသပ္ထားပါတယ္ ။
ျမန္မာစစ္ေကာင္စီကေတာ့ ေမွ်ာ္လင့္ေတာင္းဆိုထားတဲ့ သံအမတ္အသစ္ ဗိုလ္မႈးႀကီး ေအာင္သူရိန္ကို
႐ုရွားနဲ႔တ႐ုတ္က လုပ္ပိုင္ခြင့္သုံးၿပီး ခန္႔အပ္လိမ့္မယ္လို႔ ယုံၾကည္ထားေပမယ့္ ၊
ေ႐ႊ႕ဆိုင္းလိုက္တဲ့အေပၚမွာ ေဒါသတႀကီး တုံ႔ျပန္လာပါတယ္ ။
” ဒါဟာ ျပင္းထန္တဲ့ ထိုးႏွက္ခ်က္ပါ ။ သိပ္ကို နာက်င္ပါတယ္ ။ အထူးသျဖင့္ သံတမန္ေရးရာမွာ ႏိုင္ငံတကာဟာ
ကြၽန္ေတာ္တို႔ စစ္အစိုးရဘက္ကေန အသံမထြက္ၾကေတာ့ဘူး ။ သိပ္ကို ဝမ္းနည္းစရာေကာင္းပါတယ္
လို႔ ျမန္မာစစ္ေကာင္စီက ႏိုင္ငံတကာကို ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္ ။
ဒါကေတာ့ RFA သတင္းေထာက္ Joshua Lipes ေရးသားထားတဲ့ သတင္းနဲ႔ သုံးသပ္မႈ႕ပါ ။
သုံးသပ္ရရင္ ……၊
ကုလသမဂၢက ျမန္မာစစ္ေကာင္စီ တင္ျပေတာင္းဆိုထားတဲ့ ႏိုင္ငံတကာ တရားဝင္မႈ႕နဲ႔ ကိုယ္စားလွယ္အသစ္
အသိအမွတ္ျပဳမႈ႕ကို ေ႐ႊ႕ဆိုင္းလိုက္တာပါ ။ အေထာက္အထားစီစစ္ေရး အဖြဲ႕ေခါင္းေဆာင္
ဆြီဒင္သံအမတ္ကေတာ့ ကုလစည္းကမ္းအရ သတင္းေထာက္ေတြကို စကားအကုန္ မေျပာခဲ့ပါဘူး ။
သို႔ေပမယ့္ ႏိုင္ငံတကာ ကုလကိုယ္စားလွယ္ေတြနဲ႔ ႏိုင္ငံတကာ သတင္းဌာနေတြကေတာ့
ကုလရဲ႕ ေ႐ႊ႕ဆိုင္းမႈ႕ဟာ ” NUG အႏိုင္ရတာပါပဲ ” တဲ့ ။
ထပ္ေျပာပါဦးမယ္ ။ နားမရွင္းသူေတြ ရွိေနတတ္လို႔ပါ ။ကုလသမဂၢရဲ႕ ေ႐ႊ႕ဆိုင္းမႈ႕ဟာ ” NUG အႏိုင္ရတာပါ ” တဲ့ ။
ရွင္းပါတယ္ ။ ျမန္မာျပည္သူေတြရဲ႕ အသံကို ကုလ ၊ ႏိုင္ငံတကာ ၊ လူ႔အခြင့္အေရးအဖြဲ႕ေတြနဲ႔
စုံစမ္းစစ္ေဆးေရးအဖြဲ႕ေတြက သိပါတယ္ ။ အေထာက္အထားေတြနဲ႔ ကုလ ၊ ႏိုင္ငံတကာတရား႐ုံး ၊
အာဂ်င္တီးနား တရား႐ုံးေတြအထိ ခ်က္က် လက္က် တင္ျပထားပါတယ္ ။ ျငင္းစရာမရွိပါဘူး ။
ဒီအေျခအေနမွာ အေထာက္အထားစီစစ္ေရးေကာ္မတီက ေတြ႕ရွိထားသမွ်ေတြကို
႐ုရွားနဲ႔ တ႐ုတ္လည္း မကာကြယ္ႏိုင္ေတာ့ပါဘူး ။
ဆိုေတာ့ ….၊
ခ်က္ခ်င္းလက္ငင္း NUG ကို အသိအမွတ္ျပဳလိုက္မယ္ဆိုရင္ ျပည္တြင္းက ျပည္သူေတြက ဓားစာခံျဖစ္သြားႏိုင္ပါတယ္ ။
အေမစုနဲ႔ ဖမ္းဆီးခံထားရသူေတြ အႏၲရာယ္ရွိပါတယ္ ။ ဒီေတာ့ ကုလက ေ႐ႊ႕ဆိုင္းလိုက္ပါတယ္ ။
ေ႐ႊ႕ဆိုင္းထားခ်ိန္မွာ ကုလနဲ႔ ႏိုင္ငံတကာ မဟာမိတ္ေတြက ဘယ္လိုစီစဥ္မလဲဆိုတာ ေစာင့္ၾကည့္ရပါလိမ့္မယ္ ။
ေ႐ႊ႕ဆိုင္းတဲ့အေပၚမွာ စစ္ေကာင္စီဘက္က ေဒါသတႀကီး တုံ႔ျပန္ေနပုံကိုၾကည့္မယ္ဆိုရင္ ၊
ေ႐ႊ႕ဆိုင္းမႈ႕ဟာ သူတို႔ရႈံးၿပီဆိုတာ စစ္ေကာင္စီသိသြားပါၿပီ ။ ဒီအခ်ိန္မွာ သံအမတ္ႀကီး
ဦးေက်ာ္မိုးထြန္းကို တစ္ဆင့္ေလွ်ာ့ၿပီး ေအာင္သူရိန္ကို စစ္သံမႈးအျဖစ္ လက္ခံေပးဖို႔ ဒူးဖက္ ဆက္သြယ္လာပါတယ္ ။
ဒီေတာ့ …..၊ျမန္မာ့အေရး ဘယ္လိုလဲ …..?
ဆိုရင္ ၊ ပြဲကေတာ့ ဇာတ္သိမ္းခန္းနီးလာေလေလ လြမ္းခန္း ၊ ၾကမ္းခန္း ၊ မ်က္ရည္စမ္းစမ္းနဲ႔
စစ္ဗိုလ္ခ်ဳပ္အိုႀကီး ( JUNTA ) ေတြ ေျပးၾကရပါလိမ့္မယ္ လို႔ သုံးသပ္ခ်င္ပါတယ္ ။
ဘႀကီးေအာင္ LA
3 December, 2021
Unicode
” NUG အစိုးရ အနိုင်ရဖို့ သေချာသွားပြီလို့ ထုတ်ပြောလိုက်တဲ့ ကုလနဲ့ နိုင်ငံတကာ သတင်းဌာနများ ”
” NUG အစိုးရဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု့မှာ အနိုင်ရဖို့ သေချာစေခဲ့ပါတယ် ။
မြန်မာစစ်ကောင်စီဟာ သံတမန်အသစ် အောင်သူရိန်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့
လဲပေးဖို့ တောင်းဆိုခဲ့တာကို ကုလသမဂ္ဂအဖွဲ့ကြီးက ရွှေ့ဆိုင်းလိုက်တာပါ ။
ဒီလိုရွှေ့ဆိုင်းတာဟာ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်လိုက်တာပါပဲ ။ ” လို့ RFA
သတင်းဌာနက ကုလကိုယ်စားပြု သံအမတ်တစ်ဦးနဲ့ အင်တာဗျူးပြီးချိန်မှာ ပြောကြားလိုက်တာပါ ။
” အခုလိုရွှေ့ဆိုင်းတာဟာ ကုလသမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့
မညီညွတ်ပါဘူး ။ နိုင်ငံတကာဥပဒေမှာ အချုပ်အချာအာဏာကို နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးနဲ့
ပြည်ပရေးရာတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချနိုင်တဲ့ လွတ်လပ်မှု့အဖြစ် သတ်မှတ်ထားပါတယ် ။
အချုပ်အချာ နိုင်ငံတွေရဲ့ တန်းတူညီမျှရေးကို ကုလပဋိညာဉ်စာတမ်းမှာ ဖော်ပြထားပါတယ် ။
အဖွဲ့ဝင်အားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ သာတူညီမျှရေးအပေါ်မှာ အခြေံတယ်လို့
ကုလသမဂ္ဂက ပြဋ္ဌာန်းထားပါတယ် ။ ဒီဆုံးဖြတ်ချက်ဟာ အဲ့ဒီစာချုပ်နဲ့ မကိုက်ညီပါဘူး ”
လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောကြားလိုက်ပါတယ် ။
ဝါရှင်တန် မြန်မာသံရုံးမှာ ဗိုလ်မှုးကြီး အောင်သူရိန်ကို စစ်သံမှုးအဖြစ် ခန့်အပ်ဖို့လည်း
ဦးကျော်မိုးထွန်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းဆိုလိုက်ပါတယ် ။
အာဆီယံအဖွဲ့ကို မြန်မာစစ်ကောင်စီကနေ နုတ်ထွက်စာ ၃ စောင် တင်လိုက်ပါတယ် ။
မြန်မာအစိုးရအဆက်ဆက်ကို ခုခံကာကွယ်လာတဲ့ တရုပ်နဲ့ ရုရှားဟာ စစ်ျကာင်စီဘက်မှာ
မရှိတော့ဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ် ။
မြန်မာစစ်ကောင်စီကတော့ မျှော်လင့်တောင်းဆိုထားတဲ့ သံအမတ်အသစ် ဗိုလ်မှုးကြီး အောင်သူရိန်ကို
ရုရှားနဲ့တရုတ်က လုပ်ပိုင်ခွင့်သုံးပြီး ခန့်အပ်လိမ့်မယ်လို့ ယုံကြည်ထားပေမယ့် ၊
ရွှေ့ဆိုင်းလိုက်တဲ့အပေါ်မှာ ဒေါသတကြီး တုံ့ပြန်လာပါတယ် ။
” ဒါဟာ ပြင်းထန်တဲ့ ထိုးနှက်ချက်ပါ ။ သိပ်ကို နာကျင်ပါတယ် ။ အထူးသဖြင့် သံတမန်ရေးရာမှာ နိုင်ငံတကာဟာ
ကျွန်တော်တို့ စစ်အစိုးရဘက်ကနေ အသံမထွက်ကြတော့ဘူး ။ သိပ်ကို ဝမ်းနည်းစရာကောင်းပါတယ်
လို့ မြန်မာစစ်ကောင်စီက နိုင်ငံတကာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ် ။
ဒါကတော့ RFA သတင်းထောက် Joshua Lipes ရေးသားထားတဲ့ သတင်းနဲ့ သုံးသပ်မှု့ပါ ။
သုံးသပ်ရရင် ……၊
ကုလသမဂ္ဂက မြန်မာစစ်ကောင်စီ တင်ပြတောင်းဆိုထားတဲ့ နိုင်ငံတကာ တရားဝင်မှု့နဲ့ ကိုယ်စားလှယ်အသစ်
အသိအမှတ်ပြုမှု့ကို ရွှေ့ဆိုင်းလိုက်တာပါ ။ အထောက်အထားစီစစ်ရေး အဖွဲ့ခေါင်းဆောင်
ဆွီဒင်သံအမတ်ကတော့ ကုလစည်းကမ်းအရ သတင်းထောက်တွေကို စကားအကုန် မပြောခဲ့ပါဘူး ။
သို့ပေမယ့် နိုင်ငံတကာ ကုလကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ သတင်းဌာနတွေကတော့
ကုလရဲ့ ရွှေ့ဆိုင်းမှု့ဟာ ” NUG အနိုင်ရတာပါပဲ ” တဲ့ ။
ထပ်ပြောပါဦးမယ် ။ နားမရှင်းသူတွေ ရှိနေတတ်လို့ပါ ။ကုလသမဂ္ဂရဲ့ ရွှေ့ဆိုင်းမှု့ဟာ ” NUG အနိုင်ရတာပါ ” တဲ့ ။
ရှင်းပါတယ် ။ မြန်မာပြည်သူတွေရဲ့ အသံကို ကုလ ၊ နိုင်ငံတကာ ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့
စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက သိပါတယ် ။ အထောက်အထားတွေနဲ့ ကုလ ၊ နိုင်ငံတကာတရားရုံး ၊
အာဂျင်တီးနား တရားရုံးတွေအထိ ချက်ကျ လက်ကျ တင်ပြထားပါတယ် ။ ငြင်းစရာမရှိပါဘူး ။
ဒီအခြေအနေမှာ အထောက်အထားစီစစ်ရေးကော်မတီက တွေ့ရှိထားသမျှတွေကို
ရုရှားနဲ့ တရုတ်လည်း မကာကွယ်နိုင်တော့ပါဘူး ။
ဆိုတော့ ….၊
ချက်ချင်းလက်ငင်း NUG ကို အသိအမှတ်ပြုလိုက်မယ်ဆိုရင် ပြည်တွင်းက ပြည်သူတွေက ဓားစာခံဖြစ်သွားနိုင်ပါတယ် ။
အမေစုနဲ့ ဖမ်းဆီးခံထားရသူတွေ အန္တရာယ်ရှိပါတယ် ။ ဒီတော့ ကုလက ရွှေ့ဆိုင်းလိုက်ပါတယ် ။
ရွှေ့ဆိုင်းထားချိန်မှာ ကုလနဲ့ နိုင်ငံတကာ မဟာမိတ်တွေက ဘယ်လိုစီစဉ်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ် ။
ရွှေ့ဆိုင်းတဲ့အပေါ်မှာ စစ်ကောင်စီဘက်က ဒေါသတကြီး တုံ့ပြန်နေပုံကိုကြည့်မယ်ဆိုရင် ၊
ရွှေ့ဆိုင်းမှု့ဟာ သူတို့ရှုံးပြီဆိုတာ စစ်ကောင်စီသိသွားပါပြီ ။ ဒီအချိန်မှာ သံအမတ်ကြီး
ဦးကျော်မိုးထွန်းကို တစ်ဆင့်လျှော့ပြီး အောင်သူရိန်ကို စစ်သံမှုးအဖြစ် လက်ခံပေးဖို့ ဒူးဖက် ဆက်သွယ်လာပါတယ် ။
ဒီတော့ …..၊မြန်မာ့အရေး ဘယ်လိုလဲ …..?
ဆိုရင် ၊ ပွဲကတော့ ဇာတ်သိမ်းခန်းနီးလာလေလေ လွမ်းခန်း ၊ ကြမ်းခန်း ၊ မျက်ရည်စမ်းစမ်းနဲ့
စစ်ဗိုလ်ချုပ်အိုကြီး ( JUNTA ) တွေ ပြေးကြရပါလိမ့်မယ် လို့ သုံးသပ်ချင်ပါတယ် ။
ဘကြီးအောင် LA
3 December, 2021