Local News

မျိုးတုန်းပျောက်ကွယ်လုနီးပါး iguanas အကောင် ၆၀၀ ကျော်ကို နေ့တိုင်း ကိုယ်တိုင်ကိုယ်ကျ လက်ဗလာဖြင့် အစာကျွေးလေ့ရှိတဲ့ အမျိုးသားများ

မက္ကဆီကိုနိုင်ငံ၊ Manzanillo မြို့မှာ iguanas ကောင်တွေကို တော်ဝင်မင်းသားအဖြစ် သဘောထားတဲ့နေရာတစ်ခုရှိပါတယ်။၎င်းနေရာကို ‘Iguanario Archundia’ ဟုခေါ်ကြပါတယ်။ Manzanillo မြို့ဟာ ၎င်း၏ကမ်းခြေများနှင့် ရေကစားကွင်းများကြောင့် နာမည်ကျော်ကြားတဲ့မက္ကဆီကိုရှိ ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာတဝှမ်းက လူတွေလာရောက်ကြည့်ရှုဖို့ခရီးသွားတွေကိုဆွဲဆောင်နေတဲ့နောက်ထပ်နေရာတစ်ခု ရှိပါသေးတယ်။၎င်းကတော့ ‘Iguanario Archundia’ ဟုတဲ့နေရာဖြစ်ပြီး ၎င်းမှာ iguanas ကောင်နှင့် အခြားသော တောရိုင်းတိရိစ္ဆာန်ပေါင်း 600 ကျော် နေထိုင်ကြပါတယ်။

Ramon Medina Archundia အမည်ရှိအမျိုးသားဟာ မက္ကဆီကိုရှိ iguanasကောင်များရဲ့ဦးရေကိုထိန်းသိမ်းစောင့်ရှောက်ရန် ရည်မှန်းထားခဲ့ပြီး ၎င်းတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရာ ဘေးမဲ့နေရာဌာနတစ်ခုဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

Romon ဟာ iguanas နှစ်ကောင်အတွက် ၎င်းတို့နေထိုင်ရာနေရာအဖြစ် Huamuchil သစ်ပင်နှစ်ပင်သာရှိတဲ့ စိမ့်သောနေရာရှိသေးငယ်တဲ့အကာအရံအဖြစ် စတင်ခဲ့ပါတယ်။ ထို့နောက်Ramon နှင့် သူ၏ဖခင် Juan တို့ဟာ iguanas အသစ်များကို ဆက်လက်ကယ်တင်ခဲ့ပြီး ၎င်းနေရာဌာနသို့ ခေါ်ဆောင်လာခဲ့ကြပါတယ်။

Iguanas အကောင်အရေအတွက်များလာသည်နှင့်အမျှ၊ နောက်ဆုံးမှာ လူ့စကားလုံးများ ပြန့်နှံ့လာခဲ့တာကြောင့် အလှူရှင်များစွာအား အခြားသောတိရိစ္ဆာန်များအတွက်ကိုလည်း ‘လှူဒါန်း’ ပေးလာခဲ့ကြပါတယ်။

၎င်းနေရာဌာနဟာ ရက်ကွန်းများ၊ တုတ်ထိုးကောင်များနှင့် လိပ်များကဲ့သို့သော အခြားသောတောရိုင်းတိရိစ္ဆာန်များရဲ့နေထိုင်ကျက်စားရာလည်းဖြစ်ပါတယ်။ Ramon နဲ့ သူ့အဖေတို့ဟာ နေ့တိုင်း လက်ဗလာနဲ့ iguanas ကောင်တွေကို ကိုယ်တိုင်ကိုယ်ကျ အစာကျွေးကြပါတယ်။

၎င်းတို့ထိုကဲ့သိုလက်ဗလာနဲ့အစာကျွေးပုံအရ၎င်းအကောင်တွေဟာ၎င်းတို့သားအဖနှစ်ယောက်စလုံးကို ရင်းနှီးသွားတာကြောင့်ဒါမှမဟုတ် ကောင်းကောင်းလေ့ကျင့်ခံထားရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၎င်း Iguanas ကောင်တွေဟာ တစ်နေ့ကို ပေါင် 400 ခန့်အစာစားပါတယ်။ ထို့ကြောင့်Ramonဟာ Manzanillo မြို့ရှိဒေသတွင်းစျေးကွက်များမှအစားအစာများကို ထောက်ပံ့ပေးနိုင်သည့်အပြင် တိရိစ္ဆာန်ချစ်သူများနှင့် အသီးအနှံများ၊ဟင်းသီးဟင်းရွက်များပါလှူဒါန်းပေးမယ့် စေတနာ့ဝန်ထမ်းများထံမှ အလှူငွေများကိုလည်း အမြဲရယူခဲ့ရပါတယ်။

၎င်းဘေးမဲ့တောဟာ တောထဲ၌ ပြန်လွှတ်ပေးပါက များသောအားဖြင့် အမဲလိုက်ခံရနိုင်သည့်iguanasကောင်များအတွက်အလုံခြုံဆုံး နေရာတစ်ခုလည်းဖြစ်ပါတယ်။

Ramon ဟာ သူ့နေရာနှင့်သူ အခွန်ဆောင်ထားတဲ့၀င်ငွေ မရရှိတဲ့အတွက်ကြောင့် အစိုးရ၏ပံ့ပိုးကူညီမှုကို မရရှိသလို အစိုးရထံမှ ၎င်းဘေးမဲ့တောကိုလည်း ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံထားရပါတယ်။

သို့ပေမဲ့ လက်ရှိမှာ မျိုးတုံးပျောက်ကွယ်လုနီးပါးမျိုးစိတ်အဖြစ် iguanas ကောင်များ၏အခြေအနေကြောင့်၊ တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအေဂျင်စီများနှင့် ဒေသဆိုင်ရာအာဏာပိုင်များက ၎င်းရဲ့ဘေးမဲ့တောကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် တစ်ဖက်တစ်လမ်းကနေကူညီပေးလျက်ရှိပါတယ်။

Reference : gtgoodtimes